Latest News

Sunday, January 8, 2017

ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ မှတ်မှတ်ရရ စကားများ

ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ မှတ်မှတ်ရရ စကားများ

နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ထုတ်ဝေခဲ့တဲ့ စာအုပ်တွေ၊ ဟောပြောခဲ့တဲ့ ဟောပြောပွဲတွေနဲ့ ပြောခဲ့တဲ့ စကားတွေထဲက မှတ်မှတ်ရရ ဖြစ်စရာတွေကို ထုတ်နုတ်တင်ဆက်ထားပါတယ်။

ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်တစ်ဦးဖြစ်ပြီး လူထုခေါင်းဆောင်လို့ အများသိတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ Freedom from Fear, Letters From Burma စတဲ့စာအုပ်တွေကို နေအိမ်ကျယ်ချုပ်ကျနေစဉ်အတွင်း ရေးသားထုတ်ဝေခဲ့ပါသေးတယ်။

သူမဖြတ်သန်းခဲ့တဲ့ ဘဝတစ်လျှောက် မှတ်မှတ်ရရ ပြောကြားခဲ့တဲ့ စကားတွေနဲ့ မှတ်သားစရာ စာအုပ်ထဲက စကားတွေရှိပါတယ်။ ဆွေးနွေးပွဲတွေ၊ ဟောပြောပွဲတွေနဲ့ သူမရဲ့ စာအုပ်တွေထဲက မှတ်သားဖွယ်ရာ ပြောစကားများကို ထုတ်နုတ်ဖော်ပြပေးထားပါတယ်။

၁။ စစ်မှန်တဲ့ လွတ်မြောက်ခြင်း(လွတ်လပ်ခြင်း) ဆိုတာ အကြောက်တရားကင်းဝေးတာပဲ ဖြစ်ပါတယ်။


၂။ လူ့အဖွဲ့အစည်းအတွင်းမှာ အမျိုးသားတွေက ကိုယ့်ရဲ့တန်ဖိုးကိုသိပြီး ယုံကြည်မှုရှိကြတယ်။ အမျိုးသမီးတွေကတော့ သည်းခံအောင့်အီးနိုင်စွမ်းရှိရုံသာမက တန်ဖိုးလည်းရှိကြတယ်။ (၃၁ ရက်၊ သြဂုတ် ၁၉၉၅၊ ပေကျင်းတွေကျင်းပသည့် NGO အမျိုးသမီးဆိုင်ရာဆွေးနွေးပွဲမတက်မီ ရေဒီယိုတွင် ပြောသည့်မိန့်ခွန်းမှ)


၃။ သင့်အနေနဲ့ ကိုယ့်ကိုကိုယ် ကူညီရာမဲ့နေပြီလို့ ထင်လိုက်ပြီဆိုရင် တစ်စုံတစ်ယောက်ကို ကူညီလိုက်ပါ။

၎။ မှန်တယ်ထင်တာကို လုပ်ဖို့အတွက် သင့်ဦးနှောက်ရဲ့ ခိုင်းစေချက်ကို အကြောက်တရားကြောင့် မပိတ်ပင်သင့်ဘူး။

၅။ အကြောက်တရားဆိုတာ အလေ့အကျင့်တစ်ခုလိုပါပဲ။ ကျွန်မဘယ်တုန်းကမှ မကြောက်ခဲ့ဘူး။

၆။ သူတို့က ဒါကို တကယ့်စွမ်းအားအစစ်အမှန်လို့ ထင်နေကြတာပါ။ တကယ်တော့ စွမ်းအားမဟုတ်ပါဘူး။ အကျင့်ပျက်ယိုယွင်းနေမှုတွေသာဖြစ်ပါတယ်။ ဒါပေမယ့် အကြောက်တရားတွေနဲ့ ရှင်သန်နေကြရတာပေါ့။

၇။ ကျွန်မရဲ့ ဦးစားပေး ရည်မှန်းချက်က ပြည်သူတွေအနေနဲ့ သူတို့ဆီမှာ ဘယ်လိုစွမ်းအားတွေရှိတယ်ဆိုတာ သိသွားပြီး ပြောင်းလဲဖို့ ကြိုးစားကြတာကိုပဲ။

၈။ ဘဝရဲ့အချိန်တွေကို မိသားစုနဲ့အတူ မကုန်ဆုံးနိုင်မိခဲ့တာ ကျွန်မ အသေအအချာပဲ နောင်တရမိတာပေါ့။ မိသားစုနဲ့ တကယ်ကိုနေချင်ခဲ့ပါတယ်။ ကျွန်မသားတွေ အရွယ်ရောက်လာတာကို မြင်ချင်ခဲ့တယ်။ ဒါပေမယ့် ဒါဟာ ပြည်သူတွေနဲ့ ကျွန်မဒီမှာဆက်နေဖို့ ကျွန်မကိုယ်တိုင်ရွေးချယ်ခဲ့တယ်ဆိုတာကတော့ သေချာပါတယ်။

၉။ အတိုက်အခံတွေကို အန္တရာယ်ရှိသူတွေအဖြစ် ရှုမြင်တာဟာ ဒီမိုကရေစီမှာ နားလည်မှုလွဲနေတဲ့ အရာဖြစ်ပါတယ်။ အတိုက်အခံတွေကို တိုက်ခိုက်တာဟာ ဒီမိုကရေစီရဲ့ အခြေခံအုတ်မြစ်ကို တိုက်ခိုက်ဖိနှိပ်တာနဲ့ အတူတူပါပဲ။

၁၀။ ဘာကြိုးစားမှုမှမရှိပဲ မျှော်လင့်ရုံသာ မျှော်လင့်နေတာမျိုးကို ကျွန်မအယုံအကြည်မရှိပါဘူး။ လိုချင်တဲ့အရာ အတွက် အလုပ်လုပ်ကြရပါမယ်။ တစ်စုံတစ်ရာ ကြိုးစားအားထုတ်မှု မရှိပဲ မျှော်လင့်နေခြင်းဟာ နည်းလမ်းမကျပါဘူး။ တိုင်းပြည်တဲ့အတွက် လိုအပ်တဲ့အခြေအနေတစ်ခုရောက်အောင် ကျွန်မတို့အားလုံး အလုပ်လုပ်ကြရမှာ မဟုတ်လား။

Sources; Duwun

No comments:

Post a Comment