Latest News

Wednesday, January 11, 2017

မစ်ဒယ်ဝိတ်တန်း လက်ရှိကမ္ဘာ့ချန်ပီယံကို အနိုင်ယူမည်ဟု အောင်လအန်ဆန်ကြုံးဝါး

မစ်ဒယ်ဝိတ်တန်း လက်ရှိကမ္ဘာ့ချန်ပီယံကို အနိုင်ယူမည်ဟု အောင်လအန်ဆန်ကြုံးဝါး

MMA မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ ချန်ပီယံလုပွဲတွင် လက်ရှိချန်ပီယံ ရုရှားနိုင်ငံသား ဗစ်တာလီဘစ်ဒက်ရှ် ကို အနိုင်ယူမည်ဟု ကချင်တိုင်း ရင်းသား အောင်လအန်ဆန်က ကြုံးဝါးပြောကြားသည်။

 ‘‘ကျွန်တော်အကောင်းဆုံး ကြိုးစားမှာပါ။ကျွန်တော့်ရဲ့ ရည် မှန်းချက်ပန်းတိုင်က ချန်ပီယံဖြစ် ဖို့အတွက်ပါ။ ဒါကြောင့် လက်ရှိ ချန်ပီယံကို အလဲထိုးနဲ့ အနိုင်ရ အောင်ကြိုးစားပြီး ချန်ပီယံဖြစ် အောင် လုပ်မယ်။ ပရိသတ်တွေရဲ့ အားပေးမှုလည်း လိုတယ်’’ဟု အောင်လအန်ဆန်ကပြောသည်။

လာမည့် ဇန်န၀ါရီ ၁၄ ရက် တွင် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာ မြို့၌ ကျင်းပမည့် ကိုယ်ခံပညာ ပေါင်းစုံ အသုံးပြုယှဉ်ပြိုင်သည့် MMA (Mixed Martial Arts) ပြိုင် ပွဲတွင် အဓိကပွဲစဉ်အဖြစ် အောင် လအန်ဆန်နှင့်ဘစ်ဒက်ရှိတို့ ယှဉ် ပြိုင်မည်ဖြစ်ကြောင်း One Championship က သတင်းထုတ် ပြန်ထားကာ အခြားတွဲဆိုင်းများ ထွက်ပေါ်လာခြင်းမရှိသေးပေ။

MMA မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲအဖြစ် မူလက ဘစ်ဒက်ရှ်နှင့် ပိုလန်နိုင်ငံသား ပါချီနိုတို့ ယှဉ်ပြိုင်ရန်စီစဉ်ထားသော်လည်း ဒဏ်ရာပြဿနာရှိသည့် ပါချီနိုက နုတ်ထွက်သွားသဖြင့်အောင်လအန်ဆန်က ကမ္ဘာ့ချန်ပီယံလုပွဲ ယှဉ်ပြိုင်ခွင့်ရရှိခြင်းဖြစ်သည်။

MMA (One Champion- ship) ပြိုင်ပွဲကို ၂၀၁၇ အတွင်း အာရှဒေသတွင် တစ်လလျှင်တစ် ပွဲနှုန်းဖြင့်ကျင်းပရန် စီစဉ်ထားပြီး  မြန်မာနိုင်ငံ၌ ဇူလိုင် ၁၄ ရက်နှင့် နိုဝင်ဘာ ၁၃ ရက်တို့တွင်ကျင်းပ မည်ဖြစ်သည်။

အသက် (၃၁) နှစ်အရွယ်ရှိ အောင်လအန်ဆန်သည် အာရှ ဒေသတွင်းသို့ သုံးပွဲလာရောက် ယှဉ်ပြိုင်ပြီးချိန်၌ နှစ်ပွဲက အလဲ ထိုးဖြင့်အနိုင်ရရှိပြီး တစ်ပွဲက ဒိုင် အမှတ်ဖြင့် အနိုင်ရရှိခဲ့ကာ ရာနှုန်း ပြည့်နိုင်ပွဲရရှိထားသည်။

 အောင်လအန်ဆန်သည် MMA ပြိုင်ပွဲတစ်လျှောက် ၂၈ ပွဲ ယှဉ်ပြိုင်ရာတွင် ၁၉ ပွဲအနိုင်ရရှိ ထားပြီး ကိုးပွဲရှုံးနိမ့်ထားသည်။ ရုရှားနိုင်ငံသား ဘစ်ဒက်ရှ်သည် MMA ပြိုင်ပွဲတစ်လျှောက် ရှစ်ပွဲ ယှဉ်ပြိုင်ရာ ရာနှုန်းပြည့်နိုင်ပွဲရရှိ ထားသည်။

ဗစ်တာလီဘစ်ဒက်ရှ်သည် ၂၀၁၅ အောက်တိုဘာအတွင်းက နောက်ဆုံးယှဉ်ပြိုင်သည့် MMA ပြိုင်ပွဲ၌ ကာဇက်စတန်နိုင်ငံသား အီဂေါ်ကို  အနိုင်ရရှိထားခြင်းဖြစ် သည်။



Sources; 7Day News Journal

No comments:

Post a Comment