Latest News

Wednesday, January 4, 2017

မြန်မာနိုင်ငံကို တိုက်ခိုက်မည့် အိုင်အက်စ်အဖွဲ့ ၀င် တစ်ဦးကိုဖမ်းဆီးခဲ့ ဟု မလေးရှားအကြမ်းဖက်တိုက်ဖျက်ရေး အကြီးအကဲ ဆို

မြန်မာနိုင်ငံကို တိုက်ခိုက်မည့် အိုင်အက်စ်အဖွဲ့ ၀င် တစ်ဦးကိုဖမ်းဆီးခဲ့ ဟု မလေးရှားအကြမ်းဖက်တိုက်ဖျက်ရေး အကြီးအကဲ ဆို

ဇန်န၀ါရီ  ၄ ရက်

မလေးရှား အာဏာပိုင်များ အနေဖြင့် မြန်မာနိုင်ငံကို တိုက်ခိုက်မှုများပြုလုပ် ရန်ဦးတည်သွားလာသည့် အိုင်အက်စ်အဖွဲ့ ၀င် အဖြစ် သံသယရှိသူတစ်ဦးကိုဖမ်းဆီးခဲ့ကြောင်း မလေးရှား အကြမ်းဖက် တန်ပြန်တိုက်ဖျက်ရေးအဖွဲ့ အကြီးအကဲ Ayob Khan Mydin Pitchay ကအင်တာဗျူး တစ်ခုတွင်ပြောဆိုလိုက်သည်။

အဆိုပါ သံသယရှိခံရသည့်အကြမ်းဖက် သမား ကို ပြီးခဲ့သောလ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် အုပ်စုနှင့်ဆက်နွယ်မှုဖြင့် စွဲချက်တင်သွားမည်ဖြစ်ကြောင်း၊ ၄င်းမှာ ဒဏ်ငွေ သို့မဟုတ်ထောင်ဒဏ် ၇ နှစ်ကျခံဖွယ်ရှိနေကြောင်း မလေးရှား အကြမ်းဖက် တန်ပြန်တိုက်ဖျက်ရေးအဖွဲ့အကြီး အကဲက ပြောသည်။

မလေးရှားအကြမ်းဖက် တန်ပြန်တိုက်ဖျက်ရေးအဖွဲ့အကြီးအကဲက “ အခုဖမ်းဆီးခံရတဲ့သူ ဟာ မြန်မာနိုင်ငံ မှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ပြုလုပ်ဖို့ စီနေသူဖြစ်တယ်။ သူ ဟာ ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာတွေအတွက် မြန်မာအစိုးရကို တိုက်ခိုက်ဖို့ စီစဉ်ခဲ့တာဖြစ်တယ်။ “ ဟုပြောသည်။
 မြန်မာလုံခြုံရေးတပ်ဖွဲများသည် ပြီးခဲ့သော အောက်တိုဘာလက စပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းက တိုက်ခိုက်မှုများပြုလုပ်ခဲ့သောကြောင့်  အိမ်နီးချင်းဘင်္ဂလားရှေ့်  နိုင်ငံသို့ ရိုဟင်ဂျာ ၃၄၀၀၀ ထွက်ပြေးခဲ့ကြောင်း ကုလသမဂ္ဂ အဖွဲ့ ကသတင်းထုတ်ပြန်ထားသည်။
သိုသော်လည်း မြန်မာအစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူဦးဇော်ဌေးက  ရခိုင်ပြည်နယ်တွင်အောက်တိုဘာ က ဖြစ်ခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုများသည် အိုင်အက်စ်အဖွဲ့ ဒါမှမဟုတ် အိုင်အက်စ်အဖွဲ့ နှင့် ဆက်နွယ်သည့် သက်သေများမတွေရကြောင်း ပြောဆိုထားသည်။

REF REUTER ဇက်အမ်အို (တိုင်းဧရာ) ဘာသာပြန်သည်။

No comments:

Post a Comment