Latest News

Wednesday, January 4, 2017

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့တွင် ဗိုလ်ချုပ်မွေးနေ့အမီ ဗိုလ်ချုပ်ကြေးရုပ်ထု စိုက်ထူမည်

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့တွင် ဗိုလ်ချုပ်မွေးနေ့အမီ ဗိုလ်ချုပ်ကြေးရုပ်ထု စိုက်ထူမည်

ပိုတို - Ko Aung Kyaw Tun ကြေးရုပ်သွန်းလောင်းသူ

ဇန်န၀ါရီလ ၄ ရက် ၂၀၁၇ ခုနှစ် ကျုံပျော်မြို့

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့ မြို့အ၀င် ဧရာဦးပန်းခြံ ဗိုလ်ချုပ်ကြေးရုပ် ရင်ပြင်၌ ထားရှိမည်ဖြစ်သည်။ သို့ဖြစ်ပါ၍ ဗိုလ်ချုပ်ကြေးရုပ်ထုအား  ရန်ကုန်မြို့မှ ကျုံပျော်မြို့ သို့ ကြေးရုပ်ဖြစ်မြှောက်ရေး အစည်းအဝေး ဆုံးဖြတ်ချက် ရက်သတ်မှတ်ပြီး မှ သွားရောက် ယူဆောင်မည် ဖြစ်ပါသည်။

ဗိုလ်ချုပ်ကြေးရုပ်ထုဖွင့်ပွဲကို ဖော်ဖ၀ါရီလ ၁၃ ရက် ဗိုလ်ချုပ်မွေးနေ့တွင်ပြုလုပ်မည်ဖြစ်ပြီး ကြေးရုပ်ဖြစ်မြှောက်ရေး အဖွဲ့မှ ကြေးရုပ်နမူနာ ပုံစံအမျိုးမျိုးအား သွားရောက်ကြည့်ရှု ပြီး အပ်နှံ ၍ သွန်းလောင်းထားခြင်းဖြစ်ကာ  ကြေးထု တစ်မတ်နီးပါးရှိကာ ပိသာချိန် ၂၈၀ အမြင့် ၉ ပေရှိသည်။

ဖော်ဖ၀ါရီလ ၁၂ ရက်နေ့ ညတွင် ဗိုလ်အောင်သီချင်းဖြင့် နာမည်ကျော်ကြားခဲ့သော တေးသံရှင် မနော မှ သီဆိုဖျော်ဖြည်မှာ ဖြစ်ပြီး ပျော်ပွဲရွှင်ပွဲများ ကပွဲသဘင်များ နှင့်အတူ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ပါသည်။

ကျုံပျော်သူ/သား များရဲ့ အများ ၏ လှုဒါန်းမူများဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဖော်ဖ၀ါရီလ ၁၃ ရက် ဖွင့်ပွဲ့အခမ်းအနားနေ့တွင် ကြေးရုပ်အလှုရှင်များ အား ကြေးရုပ်ဖြစ်မြောက်ရေးအတွက် မတည်အလှုရှင် တစ်သိန်း မှ တစ်သိန်း အထက် အလှုရှင်များကိုသာ ဖော်ပြပေးသွားမည်ဖြစ်၍ အလှုရှင် များသဖြင့် နားလည်ခွင့်လွတ်ပေးပါရန် အနူးအညွှန့် တောင်းပန်အပ်ပါသည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရအောင်လုပ်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းနာမည်ကို နောင်လာနောင်သားတွေ မြင်ရလေအောင်၊ သိရလေအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီဗိုလ်ချုပ်ကြေးရုပ်ကို လုပ်ခဲ့တာပါ။ အခုလို ကြေးရုပ်ထုကြီးပြီးစီးသွားပြီး ဗိုလ်ချုပ်မွေးနေ့ အမှီ တိုင် ဖွင်နိုင်ရန်ဖို့ ကျုံပျော်မြို့ကို ပြန်လည် သယ်ဆောင်ရတဲ့အတွက် ဖြစ်မြောက်ရေးအဖွဲ့ များ ပုဂ္ဂိုလ်များ အားလုံး အရမ်း ၀မ်းသာပီတိဖြစ်မိပါတယ် ကြေးရုပ်ဖြစ်မြှောက်ရေး အဖွဲ့မှ တိုင်းဧရာ သို့ ပြောကြားပါသည်။

လှုဒါန်းရန် ဖုန်းနံပါတ် နှင့် ကြေးရုပ်ဖြစ်မြှောက်ရေး ကော်မတီ အဖွဲ့

ကျုံပျော်မြို့ CB ဘဏ် ငွေစရင်းအမှတ် 0035600100020486

ဦးမြင့်ဆွေ - ၀၉၂၆၂၄၃၁၂၁၆

ကိုအသေးလေး - ၀၉၂၅၀၅၈၈၈၅၅

ဦးသန်းစိုး( ရွေဆိုင် ) - ၀၉၅၁၃၂၂၆၉

ဦးဝင်းမောင် ( ဗာဂို ) - ၀၉၇၉၄၅၂၃၈၃၂

ကိုဇော်ဝင်းမြင့် ( Zee Kyaw ) - ၀၉၄၂၂၄၉၃၆၉၀

ကိုကျော်ဦး ( ခေမာဝတီ ) - ၀၉၄၂၂၅၂၂၁၁၈

ကိုထွန်းထွန်း ( ရဲဘော်ကြီးကွမ်းယာ ) - ၀၉၇၈၉၄၀၂၆၃၆

No comments:

Post a Comment