Latest News

Tuesday, January 17, 2017

အာရှဖလား တတိယအဆင့်ခြေစစ်ပွဲ ဇန်နဝါရီ ၂၃ ရက်တွင် မဲခွဲမည်

အာရှဖလား တတိယအဆင့်ခြေစစ်ပွဲ ဇန်နဝါရီ ၂၃ ရက်တွင် မဲခွဲမည်

ရန်ကုန် ဇန်နဝါရီ ၁၆

မြန်မာ့လက်ရွေးစင်အသင်း ဝင်ရောက်ယှဉ်ပြိုင်မည့် ၂ဝ၁၉ အာရှဖလား တတိယအဆင့် ခြေစစ်ပွဲအုပ်စုမဲခွဲပွဲ ကို ဇန်နဝါရီ ၂၃ ရက်တွင် ယူအေအီးနိုင်ငံ၌ ကျင်းပမည် ဖြစ်သည်။ အာရှဖလားပြိုင်ပွဲတွင် ဒုတိယနေရာအထိ ရဖူးသည့် မြန်မာ့လက်ရွေးစင်အသင်းအတွက် တစ်ကျော့ ပြန်လည်ယှဉ်ပြိုင်ခွင့်ရရန် မျှော်လင့်ချက်ဖြစ်သည်။

အာရှဖလားတတိယအဆင့် ခြေစစ်ပွဲကို အသင်းစုစုပေါင်း ၂၄ သင်း ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး လေးသင်း ခြောက်အုပ်စုခွဲကာ ကျင်းပမည်ဖြစ်သည်။ ယင်းခြေစစ်ပွဲ တွင် မူလက ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရထားသည့် အသင်းများအနက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်၏ နိုင်ငံတကာပြိုင်ပွဲ ဝင်ခွင့်ပိတ်ပင်ခံထားရသည့် ကူဝိတ်အသင်းအစား ဂူအမ်၊ ပြိုင်ပွဲမှ နုတ်ထွက်ခဲ့သည့် နီပေါအစား မကာအိုအသင်းတို့ ယှဉ်ပြိုင်ခွင့်ရရှိခဲ့သည်။ ခြေစစ်ပွဲအတွက် ဖီဖာ၏ ကမ္ဘာ့အဆင့် သတ်မှတ်ချက်အရ Pot-1 ၌ ဂျော်ဒန်၊ အိုမန်၊ ဖိလစ်ပိုင်၊ ဘာရိန်း၊ ကာဂျစ္စတန်၊ မြောက်ကိုရီးယား၊ Pot-2 ၌ အိန္ဒိယ၊ ပါလက်စတိုင်း၊ တာဂျစ်ကစ္စတန်၊ ဗီယက် နမ်၊ ဟောင်ကောင်၊ တာ့ခ်မင်နစ္စတန်၊ Pot-3 ၌ မော်လ်ဒိုက်၊ လက်ဘနွန်၊ ယီမင်၊ အာဖဂန်နစ္စတန်၊ တရုတ်(တိုင်ပေ)၊ မြန်မာ၊ Pot-4 ၌ မလေးရှား၊ စင်ကာပူ၊ ကမ္ဘောဒီးယား၊ နီပေါ၊ ဘူတန်၊ မကာအိုအသင်းတို့ ပါဝင်လျက်ရှိသည်။ အာရှဖလား တတိယအဆင့်ခြေစစ်ပွဲ အုပ်စုမဲခွဲပွဲကို ဇန်နဝါရီ ၂၃ ရက်တွင် ယူအေအီးနိုင်ငံ၌ ကျင်းပမည်ဖြစ်ပြီး မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ် ဂတ်ဖရိုင်းဒရစ် တက်ရောက်မည်ဖြစ်သည်။ မြန်မာ့ လက်ရွေးစင်အသင်းသည် အာရှဖလားပြိုင်ပွဲ နောက်ဆုံး အဆင့်တွင် တစ်ကြိမ်သာယှဉ်ပြိုင်ခဲ့ဖူးပြီး ၁၉၆၈ ခုနှစ်၊ပြိုင်ပွဲတွင် ဒုတိယနေရာရရှိအောင်စွမ်းဆောင်နိုင်ခဲ့သည်။

ယင်းခြေစစ်ပွဲကို၂ဝ၁၇ ခုနှစ်၊ မတ်လမှ ၂ဝ၁၈ ခုနှစ်၊ မတ်လအထိ တစ်နှစ်ကြာကျင်းပမည်ဖြစ်ပြီး အိမ်ကွင်း အဝေးကွင်းစနစ်ဖြင့် ယှဉ်ပြိုင်ရမည်ဖြစ်ကာ မြန်မာအသင်းအနေဖြင့် အာရှဖလားပြိုင်ပွဲ တွင်ပြန်လည်ယှဉ်ပြိုင်ခွင့်ရရန် မျှော်လင့်ချက်ရှိနေသည့် မြန်မာ့လက်ရွေးစင်အသင်းသည် အာရှဖလားခြေစစ်ပွဲယှဉ်ပြုင်ရရန် မတ်လတတိယပတ် တွင် လေ့ကျင့်မှုစတင်ပြုလုပ်မည်ဖြစ်ပြီး ခြေစစ်ပွဲ ပထမပွဲမတိုင်မီ နိုင်ငံ တကာခြေစမ်းပွဲ တစ်ပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

Sources; သတင်း - ရှိုင်းထက်ဇော်

No comments:

Post a Comment