Latest News

Saturday, January 14, 2017

စိတ္ကုိႏွိမ့္ခ်

စိတ္ကုိႏွိမ့္ခ်

 ထမ္းေဆာင္ရမယ့္ တာဝန္ေတြေတြအတြက္ က်မအေနနဲ့  ကုိယ့္ကုိယ္ကုိယ္ ပထမျပဳ ျပင္ရပါတယ္။ စိတ္ႏိွမ့္ခ်တယ္ဆုိတာ ကုိယ့္ကုိယ္ကုိယ္ျပဳ ျပင္နုိင္ဖုိ ့ပါ။ `ကုိယ္သိတ္ေတာ္ျပီလုိ ့ ထင္ေနသူေတြဟာ ဘယ္ေတာ့မွ ကုိယ့္ကုိယ္ကုိယ္ျပင္လုိ ့ မရနုိင္ပါဘူး။ တျဖည္းျဖည္း က်ဆင္းလာပါတယ္။ အနိစၥသေဘာဆုိတာ ဒါပဲ။

ကုိယ္ကေကာင္းေနတယ္ဆုိရင္ ေကာင္းတာေတြ တုိးတက္လာတယ္။ ပုိျပီးေတာ့ ဆုတ္ယုတ္ရင္လည္း ဆုတ္ယုတ္လာတယ္။ ဆုတ္ယုတ္တဲ့ အေၾကာင္းရင္းတစ္ခုကေတာ့ ကုိယ့္ကုိယ္ကုိယ္ သိတ္အထင္ၾကီးျခင္းပဲ။

ငါကေတာ့ သိတ္ကုိေတာ္ေနျပီ။ တတ္ေနျပီ။ အျမဲမွန္တဲ့သူ - သူမ်ားေတြမွားလုိ ့သာ ျပႆ      နာျဖစ္တာ - ငါ့ေၾကာင့္ မဟုတ္ဘူး။ ဒီလုိစိတ္ထားတဲ့သူေတြဟာ ဆုတ္ယုတ္ဖုိ ့ပဲရွိတယ္။ တုိးတက္ဖုိ ့ဆုိတာ မရွိပါဘူး။

တုိးတက္ခ်င္ရင္ ပထမဆုံး ႏွိမ့္ခ်တဲ့စိတ္ဆုိတာ ရွိရမယ္။ ဘယ္သူမွ ကမၻာမွာ အေတာ္ဆုံးဆုိတာ မရွိဘူး။ ဣသာ မစၧရိယ ဆုိရင္ေတာ့ ျဖစ္ရင္ျဖစ္မွာေပါ့။ ဒါေတာင္မွ က်မထင္တယ္။ ဘယ္ကိစၥရပ္မွာမွ အေတာ္ဆုံးရယ္လုိ ့ မရွိပါဘူး။ အေတာ္ဆုံးပုဂၢိဳလ္လုိ ့ရွိမွာမဟုတ္ပါဘူး။

တစ္ေယာက္က အကုန္ေတာ္တယ္ဆုိတာ မျဖစ္နုိင္ပါဘူး။ နုိင္ငံတစ္နုိင္ငံမွာလည္း ဒီအတုိင္းပဲ။ တစ္ဦးတစ္ေယာက္က ကိစၥတစ္ခုမွာ အေတာ္ဆုံးဆုိတာ မရွိနုိင္ပါဘူး။ ငါအေတာ္ဆုံး အတတ္ဆုံး ဆုိရင္ေတာ့ ဘယ္ေတာ့မွ တုိးတက္မွာမဟုတ္ဘူး။ ငါဘယ္ေတာ့မွ မမွားဘူးဆုိရင္လည္း အဲဒီဟာက တကယ့္အမွားၾကီးပဲ။

လူတုိင္းလူတုိင္းဟာ မွားတတ္တာပဲ။ ဒါေပမဲ ့တစ္ခ်ိန္လုံး ဆင္ျခင္ရမယ္။ က်မ ခဏခဏ ေျပာပါတယ္။ ျပႆ      နာျဖစ္ျပီဆုိ ပထမဆုံး စဥ္းစားပါ - ငါဘာမွားလဲ - ဘာအားနည္းခ်က္ရွိခဲ့သလဲ။ ျပႆ      နာျဖစ္တဲ့ အေၾကာင္းအရင္းေတြထဲမွာ ငါဘယ္ေလာက္အထိ ပါသလဲ။ ဒါဟာ နံပါတ္တစ္ စဥ္းစားရမွာ။ တျခားသူေတြေၾကာင့္ တျခားသူေတြေၾကာင့္လုိ ့ပထမၾကည့္စရာ မဟုတ္ဘူး။ အဲဒီလုိၾကည့္ျပီဆုိကတည္းက မွားတာပဲ။ အဲဒီေတာ့ `ကုိယ့္ရဲ  ့က႑ကုိ မွန္မွန္ကန္ကန္ စိတ္ခ်မႈနဲ  ့ သုံးသပ္နုိင္ျခင္းဟာ တုိးတက္ျခင္းပဲ။ ပထမၾကည့္ရမယ့္အလုပ္။ အဲဒီေတာ့မွ က်မတုိ ့ တေျဖးေျဖး တုိးတက္မွာ။

ေဒၚေအာင္ဆန္းစုၾကည္ ႏွင့္ အဖဲြ ့ခ်ဴ ပ္ကုိယ္စားလွယ္မ်ား ေတြ ့ဆုံပဲြ…
ေတာ္ဝင္ႏွင္းဆီ.

[Unicode]
စိတ်ကိုနှိမ့်ချ
----------------
 ထမ်းဆောင်ရမယ့် တာဝန်တွေတွေအတွက် ကျမအနေနဲ့  ကိုယ့်ကိုယ်ကိုယ် ပထမပြု ပြင်ရပါတယ်။ စိတ်နှိမ့်ချတယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ်ပြု ပြင်နိုင်ဖို့ပါ။ `ကိုယ်သိတ်တော်ပြီလို့ ထင်နေသူတွေဟာ ဘယ်တော့မှ ကိုယ့်ကိုယ်ကိုယ်ပြင်လို့ မရနိုင်ပါဘူး။ တဖြည်းဖြည်း ကျဆင်းလာပါတယ်။ အနိစ္စသဘောဆိုတာ ဒါပဲ။

ကိုယ်ကကောင်းနေတယ်ဆိုရင် ကောင်းတာတွေ တိုးတက်လာတယ်။ ပိုပြီးတော့ ဆုတ်ယုတ်ရင်လည်း ဆုတ်ယုတ်လာတယ်။ ဆုတ်ယုတ်တဲ့ အကြောင်းရင်းတစ်ခုကတော့ ကိုယ့်ကိုယ်ကိုယ် သိတ်အထင်ကြီးခြင်းပဲ။

ငါကတော့ သိတ်ကိုတော်နေပြီ။ တတ်နေပြီ။ အမြဲမှန်တဲ့သူ - သူများတွေမှားလို့သာ ပြဿ      နာဖြစ်တာ - ငါ့ကြောင့် မဟုတ်ဘူး။ ဒီလိုစိတ်ထားတဲ့သူတွေဟာ ဆုတ်ယုတ်ဖို့ပဲရှိတယ်။ တိုးတက်ဖို့ဆိုတာ မရှိပါဘူး။

တိုးတက်ချင်ရင် ပထမဆုံး နှိမ့်ချတဲ့စိတ်ဆိုတာ ရှိရမယ်။ ဘယ်သူမှ ကမ္ဘာမှာ အတော်ဆုံးဆိုတာ မရှိဘူး။ ဣသာ မစ္ဆရိယ ဆိုရင်တော့ ဖြစ်ရင်ဖြစ်မှာပေါ့။ ဒါတောင်မှ ကျမထင်တယ်။ ဘယ်ကိစ္စရပ်မှာမှ အတော်ဆုံးရယ်လို့ မရှိပါဘူး။ အတော်ဆုံးပုဂ္ဂိုလ်လို့ရှိမှာမဟုတ်ပါဘူး။

တစ်ယောက်က အကုန်တော်တယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ နိုင်ငံတစ်နိုင်ငံမှာလည်း ဒီအတိုင်းပဲ။ တစ်ဦးတစ်ယောက်က ကိစ္စတစ်ခုမှာ အတော်ဆုံးဆိုတာ မရှိနိုင်ပါဘူး။ ငါအတော်ဆုံး အတတ်ဆုံး ဆိုရင်တော့ ဘယ်တော့မှ တိုးတက်မှာမဟုတ်ဘူး။ ငါဘယ်တော့မှ မမှားဘူးဆိုရင်လည်း အဲဒီဟာက တကယ့်အမှားကြီးပဲ။

လူတိုင်းလူတိုင်းဟာ မှားတတ်တာပဲ။ ဒါပေမဲ့တစ်ချိန်လုံး ဆင်ခြင်ရမယ်။ ကျမ ခဏခဏ ပြောပါတယ်။ ပြဿ      နာဖြစ်ပြီဆို ပထမဆုံး စဉ်းစားပါ - ငါဘာမှားလဲ - ဘာအားနည်းချက်ရှိခဲ့သလဲ။ ပြဿ      နာဖြစ်တဲ့ အကြောင်းအရင်းတွေထဲမှာ ငါဘယ်လောက်အထိ ပါသလဲ။ ဒါဟာ နံပါတ်တစ် စဉ်းစားရမှာ။ တခြားသူတွေကြောင့် တခြားသူတွေကြောင့်လို့ပထမကြည့်စရာ မဟုတ်ဘူး။ အဲဒီလိုကြည့်ပြီဆိုကတည်းက မှားတာပဲ။ အဲဒီတော့ `ကိုယ့်ရဲ့ကဏ္ဍကို မှန်မှန်ကန်ကန် စိတ်ချမှုနဲ့ သုံးသပ်နိုင်ခြင်းဟာ တိုးတက်ခြင်းပဲ။ ပထမကြည့်ရမယ့်အလုပ်။ အဲဒီတော့မှ ကျမတို့ တဖြေးဖြေး တိုးတက်မှာ။

ဒေါ်အောင်ဆန်းစုကြည် နှင့် အဖွဲ့ချူ ပ်ကိုယ်စားလှယ်များ တွေ့ဆုံပွဲ…
တော်ဝင်နှင်းဆီ.

No comments:

Post a Comment