Latest News

Sunday, January 22, 2017

ဒေါသထွက်နေတဲ့ ကလေးကို စိတ်ပြေအောင် ဘယ်လိုလုပ်မလဲ

ဒေါသထွက်နေတဲ့ ကလေးကို စိတ်ပြေအောင် ဘယ်လိုလုပ်မလဲ

တချို့ကလေးတွေက အရမ်းစိတ်ကြီးပြီး ချော့ရခက်ပါတယ်။

ဒေါသထွက်နေတဲ့ ကလေးကို ချော့ရတဲ့ အလုပ်က တကယ်မလွယ်ပါဘူး။ မိဘတွေက ချော့ရင်းချော့ရင်း ဒေါသထွက်လာပြီး ထရိုက်မိတတ်ကြပါတယ်။ လူသားတွေ ဒေါသဖြစ်တာက သာမန်ပါပဲ။ အဲဒီတော့ ဒေါသဖြစ်တဲ့ ကလေးကို စိတ်ဆိုးမယ့်အစား သူစိတ်ပြေစေဖို့ အောက်ပါနည်းလမ်းတွေ သုံးကြည့်သင့်ပါတယ်။

၁။ ဆုံးမစကား မပြောပါနဲ့

ဒေါသမထွက်သင့်ကြောင်း သူ့ကို ဆုံးမစကားပြောမဲ့အစား သူဒေါသထွက်တာကို နားလည်ကြောင်းပြောပါ။ သူ့ဘက်က ရပ်တည်ပေးပါ။ အဲဒါဆို ကလေးက သူ့နာကျင်မှုကို နားလည်ပေးတယ်လို့ ခံစားရပြီး ဒေါသအတန်အသင့် ပြေသွားပါလိမ့်မယ်။

၂။ ပွေ့ဖက်ပါ

ကလေးအများစုက ထိတွေ့ချော့မြူတာကို ကြိုက်ပါတယ်။ "သား စိတ်ဆိုးနေတာ အမေသိပါတယ်။ ဒါပေမဲ့ သားကို အမေ ခဏဖက်ထားလို့ရမလား" လို့ ပြောပါ။

၃။ အာရုံပြောင်းပါ

ကလေးက ဒေါသထွက်နေတဲ့အခါ ကစားနည်းတစ်မျိုးမျိုး ကစားဖို့ ဒါမှမဟုတ် စက်ဘီးစီးထွက်ဖို့ ပြောကြည့်ပါ။ ခန္ဓာကိုယ်လှုပ်ရှားလိုက်တဲ့အခါ စိတ်ခံစားမှုက လျော့ကျသွားစေတဲ့အတွက် သူ့ရဲ့ ဒေါသကို ကြမ်းတမ်းတဲ့အပြုအမူမျိုးနဲ့ မပေါက်ကွဲမိတော့ပါဘူး။

Source & Photos : Huffingtonpost:Duwun

No comments:

Post a Comment