Latest News

Sunday, January 22, 2017

ပြည်သူလူထုကို အခြေခံသော ဆွေးနွေးမှုများ ဆောင်ရွက်ရန် ဦးဝင်းထိန်တိုက်တွန်း

ပြည်သူလူထုကို အခြေခံသော ဆွေးနွေးမှုများ ဆောင်ရွက်ရန် ဦးဝင်းထိန်တိုက်တွန်း



မိန့်ခွန်းပြောကြားနေသော ဦးဝင်းထိန် (ဓာတ်ပုံ - မျိုးမင်းဦး)

တိုင်းဒေသကြီးနှင့် ပြည် နယ်အသီးသီးရှိ အစိုးရအဖွဲ့နှင့် လွှတ်တော်တာဝန်ရှိသူများ တိုင်း၊ခရိုင်၊ မြို့နယ်အလုပ်အမှုဆောင် များကို တွေ့ဆုံ၍ပြည်သူလူထု အခြေခံသော ဆွေးနွေးမှုများ ဆောင်ရွက်ကြရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင်ဦးဝင်းထိန်က တိုက်တွန်းခဲ့သည်။


စစ်ကိုင်းတိုင်းဒေသကြီးရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တိုင်း၊ ခရိုင်၊ မြို့နယ် အလုပ်အမှုဆောင်များ၊ လူငယ်လုပ်ငန်းအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် မုံရွာမြို့ မြို့တော်ခန်းမ၌ ဇန်န၀ါရီ ၂၁ ရက်က တွေ့ဆုံစဉ် ဦးဝင်းထိန်က ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

‘‘အစိုးရအဖွဲ့က မြို့နယ်၊ ခရိုင်၊ တိုင်း EC အဖွဲ့တွေနဲ့ တွေ့ မှကိုဖြစ်မှာ။ အလားတူ လွှတ် တော် ကိုယ်စားလှယ်တွေက လည်း ကိုယ့်မဲဆန္ဒနယ်က အဖွဲ့ ချုပ်အလုပ်အမှုဆောင်အဖွဲ့တွေ နဲ့ တွေ့မှဖြစ်မှာ။ ပြောရမယ်ဆို ရင် လွှတ်တော်၊ အဖွဲ့ချုပ်၊ အစိုး ရ။ အဲဒီလို ကိုယ့်အချင်းချင်း ရိုင်း ပင်းရင်းနဲ့ လှုပ်ရှားမှ ကျွန်တော် တို့လိုချင်တဲ့ ဒီမိုကရေစီလမ်း ကြောင်းပေါ်ရောက်မယ်။ အဲဒီလို လှုပ်ရှားတဲ့အခါမှာလည်း ပြည်သူ လူထုကို အခြေခံရမယ်။ ပြည်သူ လူထုကို အခြေခံတဲ့ မူဝါဒက ကျွန်တော်တို့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်စပြီးချခဲ့တဲ့ ၁၉၈၈ ကစပြီး အခုဆက်လက်ပြီး တည်ရှိခဲ့တယ်’’ဟု ဦးဝင်းထိန်က ပြော သည်။

အချို့သော တိုင်းဒေသကြီး နှင့် ပြည်နယ်များတွင် အစိုးရအ ဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်များ နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်တိုင်း၊ ခရိုင်၊ မြို့နယ် အလုပ် အမှုဆောင်များအကြား အစေးမ ကပ်မှုများတွေ့ရှိခဲ့ကြောင်း ဦးဝင်းထိန်က ပြောသည်။

လက်ရှိအခြေအနေတွင် ဖွဲ့ စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လုပ်ငန်း နှောင့်နှေးနေခြင်းမှာ ငြိမ်းချမ်းရေးကိစ္စရပ်များ သိသိသာ သာ ဆောင်ရွက်နိုင်ခြင်းမရှိခြင်း ကြောင့်ဖြစ်ကြောင်း ဦးဝင်းထိန်က သုံးသပ်ပြောကြားသည်။

တွေ့ဆုံပွဲသို့ စစ်ကိုင်းတိုင်းရှိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၃၆ ဦး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ၇၁ ဦး၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ၁၆ ဦး၊ ခရိုင် ရှစ်ခု၊ မြို့နယ် ၃၄ မြို့နယ်မှ အလုပ်အမှုဆောင်အဖွဲ့နှင့် လူငယ်လုပ်ငန်းအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

Sources: 7Day News Journal

No comments:

Post a Comment