Latest News

Wednesday, January 18, 2017

ဗြိတိန်လွှတ်တော်တွင် မြန်မာ့အရေးဆွေးနွေး

ဗြိတိန်လွှတ်တော်တွင် မြန်မာ့အရေးဆွေးနွေး



မြန်မာနိုင်ငံသို့လာမည့်ဗြိတိန်ဝန်ကြီးကို ရခိုင်၊ ကချင်နှင့် ရှမ်းပြည်နယ်ရှိ လူ့အခွင့်အရေးအခြေအနေများ ဆွေးနွေးရန်တိုက်တွန်း

မြန်မာနိုင်ငံသို့ ဇန်န၀ါရီ ၂၀ ရက်တွင်လာရောက်မည့် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဘော ရစ်ဂျွန်ဆင်အနေဖြင့် ရခိုင်၊ ကချင်နှင့် ရှမ်းပြည်နယ်များရှိ လူ့ အခွင့်အရေးအခြေအနေများနှင့် ပတ်သက်၍ အသားပေးပြောကြား ရန် ဗြိတိန်အမတ်များက ဇန်န၀ါရီ ၁၈ ရက် လွှတ်တော်အစည်းအဝေး ၌ ၀ိုင်းဝန်းတိုက်တွန်းခဲ့ကြသည်။

ဗုဒ္ဓဟူးနေ့က ပြုလုပ်သော လွှတ်တော်အစည်းအဝေးတွင် မြန်မာကပြား ဗြိတိန်လွှတ်တော် အမတ် ပေါလ်စကာလေက မြန်မာနိုင်ငံမှ လူ့အခွင့်အရေး အခြေအနေများနှင့်ပတ်သက်၍  အရေးပေါ်မေးခွန်းတင်ပြခဲ့ပြီး နောက် ဗြိတိန်အမတ်များက ၀ိုင်းဝန်းတိုက်တွန်း ဆွေးနွေးကြ ခြင်းဖြစ်သည်။

‘‘မြန်မာနိုင်ငံမှာ ဒီကိစ္စ ရပ် တွေကို အသံမြှင့်ပြောဖို့ကျွန်တော် တို့ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဘော ရစ်ဂျွန်ဆင်ကို တောင်းဆိုထား တယ်။ လာမယ့်တစ်ပတ်မှာ လန် ဒန်ကိုလာကြမယ့် မြန်မာလွှတ် တော်အမတ်တွေနဲ့ တွေ့ဆုံရာမှာ လည်း ဒါတွေကိုအသားပေးပြော ကြားဖို့ ကျွန်တော်တို့ဝန်ကြီးတွေ ကို တိုက်တွန်းထားပါတယ်’’ဟု မစ္စတာ ပေါလ်စကာလေက 7Day Daily အားပြောကြားသည်။

ဇန်န၀ါရီ ၁၉ ရက်တွင် အစ္စ လာမ်မစ်ပူးပေါင်းဆောင်ရွက်မှု အဖွဲ့အစည်း (OIC) နိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေးပြုလုပ် ရန်လည်းရှိနေသည်။ ယင်းမတိုင် မီ ဗြိတိန်အမတ်များက မြန်မာ့ လူ့အခွင့်အရေး အခြေအနေ များနှင့်ပတ်သက်၍ လွတ်လပ် သော စုံစမ်းစစ်ဆေးမှုတစ်ရပ် ဆောင်ရွက်ရန် အရပ်ဘက် အ ဖွဲ့အစည်း ၄၀က တောင်းဆိုထား ခြင်း၊ လေကြောင်းနှင့် လက်နက် ကြီးအသုံးပြုခြင်း အပါအ၀င် ကချင်နှင့် ရှမ်းပြည်နယ်၌ ဖြစ်ပွား နေသော တိုက်ပွဲများ၊ ကုလ လူ့ အခွင့်အရေး အထူးအစီရင်ခံစာ တင်သွင်းသူ ရန်ဟီးလီကို ရှမ်း ပြည်နယ်ရှိ ပဋိပက္ခဒဏ်သင့်နေရာ များသို့ သွားရောက်ခွင့်မပေးခြင်း၊ ကချင် သင်းအုပ်ဆရာနှစ်ဦး ပျောက်ဆုံးနေခြင်း၊ ဗြိတိန်က ဆေးဝါးအထောက်အပံ့များ ပေး နိုင်မည့် အစီအစဉ် စသည်တို့ကို ထောက်ပြဆွေးနွေးခဲ့ကြသည်။

တစ်ချိန်တည်းတွင် ရခိုင် ပြည်နယ်ရှိ ရိုဟင်ဂျာ (ဘင်္ဂါလီ) အရေးကို အမတ်အများစုက ဝေ ဖန်ထောက်ပြ မေးမြန်းခဲ့ကြသလို မြန်မာကို ဗြိတိန်က စစ်ဘက်သင် တန်းပေးနေမှုကိုလည်း မေးခွန်း ထုတ်ခဲ့ကြသည်။ ဗြိတိန်အနေဖြင့် တိုက်ခိုက်ရေးသင်တန်းပေးခြင်း လုံးဝမလုပ်ဘဲ ပညာရေး၊ အင်္ဂ လိပ်ဘာသာ၊ ဒီမိုကရေစီစံနှုန်း စသည်တို့နှင့် သက်ဆိုင်သော သင်တန်းသာ ပေးနေခြင်းဖြစ် ကြောင်း ဗြိတိန်နိုင်ငံခြားရေးနှင့် ဓနသဟာယရေးရာ လွှတ်တော် ဒုတိယအတွင်းဝန်က ဖြေကြားခဲ့ သည်။

‘‘ဒေါ်အောင်ဆန်းစုကြည် ဟာ အစိုးရအဖွဲ့မှာ ရာထူးနေရာ ရှိနေတာမှန်ပါတယ်။ ဒါပေမဲ့တပ် မတော်ကပါဝင်ဖို့ အခန်းကဏ္ဍ တစ်ခုရှိပါတယ်။ အရှင်းကြီးပဲ။ ဒီ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ ပြဿနာရပ်တွေရှိနေတဲ့ ကဏ္ဍတွေမှာ ပါဝင်ဆောင်ရွက် နေတာဟာ တပ်မတော်ပဲဖြစ်ပါ တယ်’’ဟု ဗြိတိန်နိုင်ငံခြားရေးနှင့် ဓနသဟာရရေးရာ လွှတ်တော် ဒုတိယအတွင်းဝန် အာလော့ခ် ရှားမာက ဖြေကြားဆွေးနွေး သည်။

ရခိုင်ပြည်နယ် အရေးကို ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ရပ်က ၀င်ရောက် ဆွေးနွေးရန် ဗြိတိန်အစိုးရက ထောက်ခံရန်လည်း ဗြိတိန်အမတ် များက တောင်းဆိုခဲ့ကြသည်။

‘‘ရခိုင်ပြည်နယ် ဆိုင်ရာ ကြားဖြတ်အစီရင်ခံစာ ထွက်လာ ပြီးနောက်မှာ ဗြိတိန်အစိုးရအနေ နဲ့ စိတ်မရှည်တော့တဲ့ပုံ ပေါက် လာတယ်။ လူရှေ့သူရှေ့မှာတော့ ဘောရစ်ဂျွန်ဆင်ဟာ ဒေါ်အောင် ဆန်းစုကြည်ကို ထောက်ခံအား ပေးမှု ပြလိမ့်မယ်။ ဒါပေမဲ့ သီး သန့်ဆွေးနွေးမှုပွဲမှာတော့ ဒီထက် ပိုတိုးတက်မှု လိုအပ်နေတယ်ဆို တာကို ပွင့်ပွင့်လင်းလင်းပြောဖို့ များပါတယ်’’ဟု ဘားမားကမ်ပိန်း ဗြိတိန်၏ ညွှန်ကြားရေးမှူး မာ့ခ် ဖာမန်နာက ပြောသည်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ဆင်သည် ဒေါ်အောင်ဆန်းစု ကြည်နှင့် ၂၀၁၆ စက်တင်ဘာက လန်ဒန်မြို့တွင် တွေ့ဆုံခဲ့ဖူး သည်။ မြန်မာ့ပြုပြင်ပြောင်းလဲမှု ကို ဗြိတိန်က ဆက်လက်ထောက် ခံမည်ဖြစ်ကြောင်း ၎င်းက ကတိ ပြုခဲ့ပြီး မစ္စတာ ကိုဖီအာနန် ဦး ဆောင်သော အကြံပေးကော်မရှင် ဖွဲ့ စည်းမှုကို ကြိုဆိုထောက်ခံထား  သူဖြစ်သည်။



Sources: 7Day News Journal

http://www.7daydaily.com/story/86767

No comments:

Post a Comment