Latest News

Saturday, January 21, 2017

ဒီချုပ်အစိုးရ၏ အမျိုးသားစီမံကိန်းများနှင့် ဘတ်ဂျက်ကိုစိစစ်ရန် ပူးပေါင်းအဖွဲ့ ၁၇ ခု လွှတ်တော်ဖွဲ့စည်း

ဒီချုပ်အစိုးရ၏ အမျိုးသားစီမံကိန်းများနှင့် ဘတ်ဂျက်ကိုစိစစ်ရန် ပူးပေါင်းအဖွဲ့ ၁၇ ခု လွှတ်တော်ဖွဲ့စည်း

 ပြည်ထောင်စုအစိုးရအ ဖွဲ့က တင်သွင်းမည့် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်နိုင်ငံတော်၏ အမျိုး သားစီမံကိန်း ဥပဒေကြမ်း၊ ပြည် ထောင်စု၏ဘဏ္ဍာငွေအရ အသုံး ဆိုင်ရာဥပဒေကြမ်းနှင့် နောက် ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပ ဒေကြမ်းများ၌ ပါဝင်သည့်စီမံကိန်း လုပ်ငန်းများနှင့် ရငွေသုံးငွေများကို စိစစ်ရန်ပူးပေါင်းအဖွဲ့ ၁၇ ဖွဲ့ကို ပြည်ထောင်စုလွှတ်တော်ကဖွဲ့ စည်းလိုက်သည်။

ဒီချုပ်အစိုးရကိုယ်တိုင် ပထ မဆုံးရေးဆွဲတင်သွင်းမည့် စီမံ ကိန်းများနှင့် ဘတ်ဂျက်ဥပဒေ ကြမ်းများကို ပြည်ထောင်စုလွှတ် တော်၌ ဆွေးနွေးအတည်ပြုနိုင် ရန် ယင်းသို့ဖွဲ့စည်းခြင်းဖြစ်သည်။

ဝန်ကြီးဌာနများ၊ ဗဟိုရုံးများ နှင့် ပြည်ထောင်စုအဆင့်အဖွဲ့အ စည်း ၃၅ ခုကို တစ်ဖွဲ့လျှင် လွှတ် တော်ကိုယ်စားလှယ် ၁၄ ဦးစီပါ ၀င်သည့် ပူးပေါင်းအဖွဲ့ ၁၇ ဖွဲ့က စိစစ်ရမည် ဖြစ်သည်။

ပူးပေါင်းအဖွဲ့များသည် စိ စစ်တင်ပြရာ၌ ပြည်ထောင်စု လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်း ဥပဒေများနှင့်အညီ အတည်ပြု ခြင်း၊ ငြင်းပယ်ခြင်းနှင့် လျှော့၍ ခွင့်ပြုခြင်းတို့ကို ဆောင်ရွက်နိုင် ရန် လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်တို့ကို ဖော်ပြရန် တာဝန်နှင့် လုပ်ပိုင်ခွင့်ပေးထားသည်။

လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်တို့ကို ဥပ ဒေကြမ်းတင်သွင်းပြီး ခုနစ်ရက်အ တွင်း ဥပဒေကြမ်းပူးပေါင်းကော် မတီနှင့် ပြည်သူ့ငွေစာရင်း ပူး ပေါင်းကော်မတီများသို့ တင်ပြရ မည်ဖြစ်သည်။

ပူးပေါင်းအဖွဲ့များ၏ သက် တမ်းမှာ အထက်ပါဥပဒေကြမ်း တစ်ခုချင်းအလိုက် ပြည်ထောင်စု လွှတ်တော်သို့ စတင်တင်သွင်း သည့် ရက်မှဥပဒေအဖြစ် ထုတ် ပြန်ကြေညာချိန်အထိဖြစ်သည်။

ဦးသိန်းစိန်အစိုးရ လက် ထက်က ဘတ်ဂျက်များတွင် ကာ ကွယ်ရေးအသုံးစရိတ်က အများ ဆုံးဖြစ်ခဲ့ရာ ဒီချုပ်အစိုးရလက် ထက်တင်သွင်းမည့် ဘတ်ဂျက် ၌ ကာကွယ်ရေးအသုံးစရိတ်ကို စောင့်ကြည့်ရမည် ဖြစ်သည်။

၂၀၁၆-၁၇ ဘဏ္ဍာနှစ်အ တွက် ဦးသိန်းစိန်အစိုးရက ရေး ဆွဲခဲ့ပြီး ပထမအကြိမ်ပြည်ထောင်  စု လွှတ်တော်က ပြဋ္ဌာန်းသည့် ဘတ်ဂျက်တွင် ကာကွယ်ရေးအသုံးစရိတ်သည် ကျပ်ငွေ ၂,၈၇၆ ဘီလီယံကျော်ရှိခဲ့သည်။

ပူးပေါင်းအဖွဲ့များအနက် အဖွဲ့(၂)က ကာကွယ်ရေးဝန်ကြီး ဌာနကို စိစစ်ရမည်ဖြစ်ပြီး ဒီချုပ် မှ ဒေါက်တာမေ၀င်းမြင့်က ဥက္က ဋ္ဌအဖြစ် ဦးဆောင်ကာ တပ်မ တော်သားကိုယ်စားလှယ်ဗိုလ်မှူး ချုပ်နှစ်ဦးလည်း အဖွဲ့ဝင်အဖြစ် ပါဝင်သည်။

၂၀၁၇-၁၈ ဘဏ္ဍာနှစ်အ တွက် ဘတ်ဂျက်လိုငွေပမာဏ သည် ကျပ် ၄ ဒသမ ၁၂၈ ထရီလီ ယံ(ကျပ်ဘီလီယံလေးထောင် ကျော်)ရှိမည်ဖြစ်ကြောင်း ဘဏ္ဍာ ရေးကော်မရှင်အစည်းအဝေး၏ သတင်းထုတ်ပြန်ချက်အရ သိရ သည်။

လာမည့် ဘတ်ဂျက်နှစ်သည် အစိုးရသစ်ကိုယ်တိုင်ရေးဆွဲထား သော  ဘတ်ဂျက်ဖြစ်ကာ   ပြီးခဲ့သည့်ဘတ်ဂျက်ကို ယခင်အစိုးရက ရေးဆွဲခဲ့ခြင်းဖြစ်ပြီး အစိုးရသစ်က အစိုးရအဖွဲ့၏ ဖွဲ့စည်းပုံနှင့် ကိုက်ညီအောင် ပြန်လည်ပြင်ဆင်ရေးဆွဲ၍ လွှတ်တော်သို့တင်ပြကာ အ တည်ပြုချက်ရယူခဲ့သည်။

Sources: 7Day News Journal

http://www.7daydaily.com/story/86930

No comments:

Post a Comment