Latest News

Sunday, January 8, 2017

ကိုယ်ပိုင်ကားထက်မြန်တဲ့ အများပြည်သူ သယ်ယူပို့ဆောင်ရေး

ကိုယ်ပိုင်ကားထက်မြန်တဲ့ အများပြည်သူ သယ်ယူပို့ဆောင်ရေး


ရန်ကုန်၊ဇန်နဝါရီ ၈

မြန်ဆန်တဲ့ အများပြည်သူသယ်ယူပို့ရေးစနစ်တွေ ဖေါ်ဆောင်ရာမှာ အဆင့်ဆင့် လုပ်ဆောင်ရတာတွေကြောင့် အချိန်ယူရတာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ တွဲဖက်အတွင်းရေးမှုး ဦးသန်းဝင်းကဆိုတယ်။

ဘတ်စ်လမ်းကြောင်းဆိုတာဟာ O.D Survey လို့ခေါ်တဲ့ လူသောင်းချီတဲ့ပမာဏကို ဘယ်ကလာတာလဲ ဘယ်ကိုသွားမှာလဲ စတဲ့နေ့စဉ်လုပ်ငန်းစဉ်တွေကို အခြေပြုမေးမြန်းရေးဆွဲရတယ်။ ကုန်ကျစရိတ်များပြီး အချိန်ယူရတယ်လို့ ဆိုပါတယ်။

အခု ရန်ကုန်မြို့တွင်းပြေးဆွဲမယ့် ဘတ်စ်လမ်းကြောင်းတွေကို အဆင့်နှစ်ဆင့်နဲ့ ရေးဆွဲရပါတယ်။

၁။ လက်ရှိရှုတ်ထွေးတဲ့လမ်း ကြောင်းတွေကို Consolidation လို့ခ်ါတဲ့ ထပ်နေတဲ့ လမ်းကြောင်းတွေကို လက်ရှိသွားလာနေမှုအပေါ် ထိခိုက်မှုအနည်းဆုံးဖြစ်အောင် လမ်းကြောင်းအရေအတွက် လျှော့ချဖို့ မြို့တွင်းမှာ ကားလမ်းပေါင်း ရာချီထပ်နေတာကို Shuttle bus route သုံးခုနဲ့ဖယ်ရှားဖို့ လိုင်းအရေအတွက်ကို လျှော့ချလိုက်တဲ့အတွက် စီမံခန့်ခွဲထိန်းချုပ်ဖို့ လွယ်ကူစေပါတယ်။

၂ ။ Auto fare collection စနစ်ပြီးရင် အဲသည် ITS စနစ်က O.D Survey dataတွေ အလိုအလျောက် ကောက်ပြီးသားဖြစ်ပါမယ်။ မှတ်တိုင်တစ်ခုချင်းအလိုက် ခရီးသည်အတက်အဆင်း အရေအတွက် အတိအကျရပါမယ်။ အဲသည်အခါ လက်ရှိကြေညာထားတဲ့ လမ်း ကြောင်းအချို့ကို Phase 2ပြုပြင်မှုလုပ်မှသာ ပိုမိုပြည့်စုံတဲ့ ကွန်ယက်ရပါမယ်။

BRT အစစ်ကို မကြာမီဝေဇယန္တာလမ်း၊ ခရေပင်လမ်းနဲ့ ဘုရင့်နောင်ကမ်းနားလမ်းတွေမှာ လမ်းလယ်ကနေ အမြန်သွားနိုင်အောင် လုပ်ဆောင်နေတာပါ။ ဒါမှကိုယ်ပိုင်ကားထက် ပိုမြန်တဲ့ အများပြည်သူသယ်ယူပို့ဆောင်ရေးကို ရပါမယ်။ လမ်းလယ်တစ်လမ်းလုံးပေးနိုင်တဲ့ အခြေအနေကို မကြာမီရောက်နိုင်မယ်လို့ မျှော်လင့်တယ်လို့ ဦးသန်းဝင်းကဆိုတယ်။

Sources; Kumudra

No comments:

Post a Comment