Latest News

Thursday, January 5, 2017

ချင်းတွင်းမြစ်အတွင်း အမြန်ရေယာဉ်နှစ်စီး တိုက်မှုဖြစ်ပွား ခရီးသည်အချို့ ဒဏ်ရာရ

ချင်းတွင်းမြစ်အတွင်း အမြန်ရေယာဉ်နှစ်စီး တိုက်မှုဖြစ်ပွား ခရီးသည်အချို့ ဒဏ်ရာရ



ချင်းတွင်းမြစ်အတွင်း ကနီမြို့နယ်နဲ့ မင်းကင်းမြို့နယ်အကြားမှာ အမြန်ရေယာဉ်နှစ်စီး တိုက်မှုကြောင့် ခရီးသည်အချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

ဒီဇင်ဘာလ (၅) ရက်နေ့ ည ၈ နာရီ ၁၅ မိနစ်အချိန်လောက်က ကနီမြို့နယ်နဲ့ မင်းကင်းမြို့နယ်အကြား သင်တောရွာအထက်ဖက်မှာ ရေယာဉ်နှစ်စီး တိုက်မှုဖြစ်ပွားခဲ့တာပါ။

ဟုမ္မလင်းကနေ စုန်လာတဲ့ စိုးသူရအောင် ခရီးသည်တင် အမြန်ရေယာဉ်နဲ့ မုံရွာကနေ ဆန်တက်လာတဲ့ ဂျိုးဝါကုန်တင် အမြန်ယာဉ်တို့ ဘေးချင်းယှဉ်မိခဲ့တာလို့ ရေယာဉ်ပေါ် ပါလာတဲ့ ခရီးသည်အချို့က MCN သတင်းဌာနကို ပြောပါတယ်။

ဒီလိုအမြန်ရေယာဉ် နှစ်စီးတိုက်မှုကြောင့် ရေယာဉ်ပေါ်မှာ စီးနင်းလိုက်ပါသူ အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၂ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ ကင်းစခန်းမှုးက အတည်ပြုပြောကြားထားတာပါ။

ရေယာဉ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူတွေကို ကင်းတိုက်နယ်ဆေးရုံးကို ပိုဆောင် ဆေးဝါးကုသမှုတွေ ပေးနေတယ်လို့ ကင်းရွာဟိတသုခလူမှု ကူညီရေးအသင်းက ဦးသိန်းဇော်ကပြောပါတယ်။

အခုလို ရေယာဉ်မတော်တဆမှုဖြစ်ပေါ်ခဲ့တဲ့ ကနီမြို့နယ်နဲ့ မင်းကင်းမြို့နယ်အကြားမှာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် အောက်တိုဘာလ (၁၅) ရက်နေ့ကလည်း အောင်စိုးမိုးကျော် (၂) အမြန်ရေယာဉ်တိမ်းမှောက်မှုကြောင့် ခရီးသည်း ၁၀၀ ၀န်းကျင် သေဆုံးမှု ဖြစ်ပေါ်ခဲ့ဖူးပါတယ်။

Sources ;MCN TV (NEWS CHANNEL)

No comments:

Post a Comment