Latest News

Thursday, January 5, 2017

ရွှေတိဂုံပုံကို စီးပွားရေးလုပ်ငန်းတွေမှာ မသုံးဖို့ တားမြစ်

ရွှေတိဂုံပုံကို စီးပွားရေးလုပ်ငန်းတွေမှာ မသုံးဖို့ တားမြစ်

ရွှေတိဂုံစေတီတော်ပုံကို စီးပွားရေးအရ ထုတ်လုပ်မယ့် ပစ္စည်းတွေမှာ အသုံးပြုတာတွေ၊ ကြော်ငြာတာတွေမလုပ်ဖို့ ဇန်နဝါရီ ၅ ရက်နေ့က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

လူ့ အသုံးအဆောင်၊ အဝတ်အထည်၊ အဆောက်အအုံနဲ့ အစားအသောက်တွေမှာ ထည့်သွင်းအသုံးပြုတာတွေကိုတားမြစ်ကြောင်း စေတီတော် ဂေါပကအဖွဲ့က ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပြီး သမိုင်းဝင်စေတီနဲ့ နိုင်ငံ့ပုံရိပ်ဖြစ်တာကြောင့် စီးပွားရေးအရ အသုံးပြုနေတာဟာ အဂါရ၀ဖြစ်တဲ့အတွက် တားမြစ်ခြင်းဖြစ်တယ်လို့ သိရပါတယ်။

အခုကြေညာချက်က စီးပွားရေးသမားတွေကို အဓိကထားရည်ရွယ်တာဖြစ်ပြီး အရင်ကလည်း ဘုရားနဲ့ပတ်သက်ရင် သိသင့်သိထိုက်တာတွေကို ကြေညာထားပြီး အခုကတော့ တရားဝင်ကြေညာလိုက်တာဖြစ်တယ်လို့ ရွှေတိဂုံစေတီတော် ဂေါပအဖွဲ့ဝင်တစ်ဦးက ပြောထားတယ်လို့ 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ရေးသားထားပါတယ်။

အဆိုပါ တားမြစ်ချက်ကို မလိုက်နာရင် တည်ဆဲဥပဒေတွေအရ အရေးယူမှာဖြစ်တယ်လို့ ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့က ထုတ်ပြန်ကြေညာထားပါတယ်။

Source: 7Day Daily/Photos : ငြိမ်းချမ်းနိုင် (အီးပီအေ)

No comments:

Post a Comment