Latest News

Monday, January 16, 2017

မြ၀တီမြို့ အာဇာနည်ပန်းခြံတွင် ထားရှိမည့် ဗိုလ်ချုပ်ကြေးရုပ်ထု မြ၀တီမြို့သို့ရောက်ရှိ

မြ၀တီမြို့ အာဇာနည်ပန်းခြံတွင် ထားရှိမည့် ဗိုလ်ချုပ်ကြေးရုပ်ထု မြ၀တီမြို့သို့ရောက်ရှိ

မြ၀တီ  ဇန်န၀ါရီ  ၁၆

ကရင်ပြည်နယ်၊ မြ၀တီခရိုင်၊ မြ၀တီမြို့၊ အာဇာနည်ပန်းခြံတွင် ဗိုလ်ချုပ်ကြေး ရုပ် ထားရှိမည်ဖြစ်ရာ အဆိုပါ ဗိုလ်ချုပ်ကြေးရုပ်ထုအား ရန်ကုန်မြို့၊ တောင်ဒဂုံ၊ ယဉ်ကျေးမှုတက္ကသိုလ်အနီးရှိ ပညာရှင် ကိုအောင်ကျော်ထွန်း ၏ အလုပ်ရုံတွင် သွန်းလုပ်ရာ ပြီးစီးခဲ့သည့်အတွက် သွားရောက် သယ်ဆောင် ရာ ဇန်န၀ါရီ ၁၅ ရက်နေ့က မြ၀တီမြို့သို့ ရောက်ရှိခဲ့သည်။

အဆိုပါ ဗိုလ်ချုပ်ကြေးရုပ်ထုအား သွားရောက် သယ်ဆောင်ရာ ကရင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်၊ မြ၀တီမြို့နယ်စည်ပင်သာ ယာရေး ကော်မတီဥက္ကဌ ဦးသန်းရွှေတို့ ဦးဆောင်သော အဖွဲ့များက သယ်ဆောင် ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဗိုလ်ချုပ်ကြေးရုပ်ထုအား သယ်ဆောင်ရာတွင် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်တို့အား ဖြတ်သန်းခဲ့ပြီး သက်ဆိုင်ရာ ပြည်နယ်၊တိုင်းဒေသကြီး လူမှုကယ်ဆယ်ရေးအသင်းများမှ ဆင့်ကဲဆင့်ကဲ သယ်ဆောင်လွှဲပေးခဲ့ခြင်းပြီး ဖြစ်သည်။

အလားတူ အဆိုပါ ဗိုလ်ချုပ်ကြေးရုပ်ထု ကရင်ပြည်နယ်၊ ဘားအံမြို့သို့ ရောက်ရှိစဉ် ကရင်ပြည်နယ် ၀န်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစောချစ်ခင်နှင့် လွှတ်တော် ကိုယ်စား လှယ် များက ဗိုလ်ချုပ်ကြေးရုပ်ထုအား လာရောက်ဂါရ၀ပြုပြီး အမွှေးနံ့သာ ရည်များဖြင့် ပတ်ဖျန်းပေးခဲ့ ကြောင်း သိရသည်။

ထို့နောက် ဇန်န၀ါရီလ ၁၅ ရက်နေ့တွင် ဘားအံမြို့မှ စတင်ထွက်ခွါခွဲ့ပြီး နေ့လည် ၁၂ နာရီခန့်က မြ၀တီမြို့ သို့ ရောက်ရှိ ခဲ့ကာ သယ်ဆောင်ရာ ခရီးစဉ်တစ်လျှောက်တွင် ပြည်သူလူထုများ၊ ကျောင်းသား၊ ကျောင်းသူများက သောင်းသောင်းဖျဖျ ကြိုဆိုခဲ့သည်။ အဆိုပါ ဗိုလ်ချုပ်ကြေးရုပ်ထုသည် ကြေးပိဿာချိန် ၂၈၀ ရှိပြီး ငွေကျပ် တန်ဖိုး သိန်း ၁၃၀ ကျပ် ဖြစ်ကြောင်း သိရသည်။

ဒီဗိုလ်ချုပ်ကြေးရုပ်ကို မြ၀တီမြို့က အကြီးအကဲတွေ၊ အရပ်ဘက်အဖွဲ့ အစည်းတွေ၊ လွှတ်တော်ကိုယ် စားလှယ် တွေဟာ လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ်ကတည်းက စတင်ညှိနှိုင်းဆောင်ရွက်ခဲ့တာ ဒီကနေ့မှာ အကောင်အ ထည်ပေါ် ခဲ့တာပါ၊ ဗိုလ်ချုပ်ကြေးရုပ် သယ်ဆောင်ရာ လမ်းတစ်လျှောက်မှာ ပြည်သူတွေ သောင်းသောင်းဖျဖျကြိုဆိုတာ တွေ့ရတော့ ဗိုလ်ချုပ်ဆိုတာ ပြည်သူတွေရဲ့ ရင်ထဲမှာ ရှိတဲ့အတွက် အရမ်းဝမ်းသာမိပါတယ်ဟု ပြည်သူတစ်ဦးက ပြောကြားသည်။

Sources; ထိန်လင်းအောင်(ပြန်/ဆက်)

No comments:

Post a Comment