Latest News

Wednesday, January 4, 2017

အလုပ်ဝန်ပိလွန်းတာကြောင့် သူနာပြုဆရာမများ အလုပ်ထွက်တာ များနေ

အလုပ်ဝန်ပိလွန်းတာကြောင့် သူနာပြုဆရာမများ အလုပ်ထွက်တာ များနေ

အိမ်သာတွေကအစ ကြီးကြပ်ရတာတွေ ရှိနေတယ်။
     
အလုပ်ဝန်ပိတဲ့ဒဏ်ကြောင့်  မြန်မာနိုင်ငံအနှံ့ မှာ  တာဝန်ထမ်းဆောင်နေတဲ့ သူနာပြုဆရာမအချို့ ထွက်စာတင်တဲ့ အရေအတွက်ဟာ များပြားလာတယ်လို့ သိရပါတယ်။  DVB ရဲ့ ဖော်ပြချက်အရ သူနာပြုအရေအတွက်ဟာ ရှိသင့်တဲ့ အရေအတွက်ထက်  သုံးပုံ တစ်ပုံပဲ ရှိတာကြောင့် လူနာနဲ့ သူနာပြုအရေအတွက်ဟာ မမျှတဘဲ ဖြစ်နေပြီး အလုပ်ဝန်ပိကာ အလုပ်ထွက်မှု များပြားနေတာ ဖြစ်ပါတယ်။

ကုသရေးဦးစီးဌာနလက်အောက်က ဆေးရုံတွေမှာ လူနာအခန်း ၁ ခန်းကို ပျမ်းမျှသူနာပြု ၂ ဦးနှုန်းလောက်ပဲရှိသလို ကျေးလက်ဒေသတွေမှာလည်း ရွာ ၄ ရွာကို သူနာပြုဆရာမ ၁ ဦးက တာဝန်ယူနေရတာ ဖြစ်ပါတယ်။

ဒါ့အပြင် သူနာပြုဆရာမတွေဟာ ဆေးရုံ၊ ဆေးခန်းတွေနဲ့ ကျေးရွာတွေမှာ သက်ဆိုင်တဲ့ အလုပ်တင်မကဘဲ တခြားတာဝန်တွေကိုပါ ထမ်းဆောင်နေကြရတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ သန့်ရှင်းရေးအလုပ်တွေ ၊ အလုပ်ချိန်မှာ ပြင်ပမှာထွက်ပြီး ယူနီဖောင်းနဲ့ တံမြက်စည်းလှည်းနေရတာတွေ၊ အိမ်သာတွေကအစ ကြီးကြပ်ရတာတွေ ရှိနေတယ်လို့ အဆိုပါသတင်းမှာ သူနာပြု ဆရာမတစ်ဦးက ပြောကြားထားတာကို ဖော်ပြထားပါတယ်။

နိုင်ငံတွင်း သူနာပြုဆရာမအရေအတွက်  နှစ်စဉ် ၂၀၀၀ ကျော် မွေးထုတ်ပေးနေပေမယ့် တနိုင်ငံလုံး အတိုင်းအတာအရ သူနာပြုဆရာမအရေအတွက် ၁၇၀၀၀ ကျော် လိုအပ်နေတာ ဖြစ်ပါတယ်။

Source: DVB / amfAR

No comments:

Post a Comment