Latest News

Monday, January 16, 2017

တံဆိပ်ပြောင်းလဲကပ်မှု အချိန်မီ မပြီးစီးတဲ့အတွက် ကားအစီးရေ အပြည့်အ၀ မပြေးနိုင် နောက်နေ့တွေမှာ ပိုအဆင်ပြေလာမယ်လို့ ယာဉ်ပိုင်ရှင်တွေ ပြော

တံဆိပ်ပြောင်းလဲကပ်မှု အချိန်မီ မပြီးစီးတဲ့အတွက် ကားအစီးရေ အပြည့်အ၀ မပြေးနိုင် နောက်နေ့တွေမှာ ပိုအဆင်ပြေလာမယ်လို့ ယာဉ်ပိုင်ရှင်တွေ ပြော


ယာဉ်လိုင်းတွေက ဘတ်စ်ကားတွေ မထသတံဆိပ်ကနေ YBS တံဆိပ်ပြောင်းလဲကပ်ထားရာမှာ အချိန်မီ ပြီးစီးမှု မရှိတဲ့အတွက် ယာဉ်လိုင်းသစ်စတင်မယ့် ဒီနေ့ မနက်မှာ အစီးရေအပြည့် အ၀ ပြေးဆွဲနိုင်ခြင်းမရှိတာဖြစ်တယ်လို့ သိရပါတယ်။

တံဆိပ်ကပ်ထားမှု ပြီးစီးခြင်းမရှိတာရယ် ၊ ညလုံးပေါက် တံဆိပ်ကပ်တဲ့အတွက် မနက်ပိုင်း ယာဉ်လုပ်သားအားလုံး လုပ်ငန်းခွင်မ၀င်ရောက်နိုင်တာတွေရယ်ကြောင့် အခုလိုမှတ်တိုင်တွေမှာ ကားရောက်ရှိမှု နည်းပါးပြီး ခရီးသည်တွေ အခက်အခဲဖြစ်ကြရတာဖြစ်တယ်လို့ YBS ၂၁ ယာဉ်လိုင်းပိုင်ရှင်တစ်ဦးဖြစ်သူ ကိုတရုတ်လေးက 5 plus ကိုပြောပါတယ်။

ဒါပေမယ့်လည်း နောက်နေ့တွေ မှာတော့ ဒီကနေ့ ပြေးဆွဲတဲ့ဘတ်စ်ကား အစီးရေ ပမာဏထက် ပိုမိုများပြားလာမှာဖြစ်တယ်လို့လည်း ကိုတရုတ်လေးက ပြောပါတယ်။.

မနက်အစောပိုင်းမှာ ဘတ်စ်ကားတွေ ဂိတ်ကနေ ၅ မိနစ် တစ်စီးနှုန်းနဲ့ ထွက်ပေးနေသလို ရုံးချိန်အတွင်းမှာတော့ ၂ မိနစ်တစ်စီးနှုန်း နဲ့ ပြေးဆွဲပေးနေတယ်လို့ ယာဉ်လိုင်းပိုင်ရှင်တွေက ပြောပါတယ်။

အဲဒီလို ပြေးဆွဲပေးနေပေမယ့် ယာဉ်လမ်းကြောင်း ပိတ်ဆို့မှုတွေရှိတဲ့အတွက် သတ်မှတ်ချိန်အတိုင်း မှတ်တိုင်တွေကို အချိန်မီ မ၀င်ရောက်နိုင်တာဖြစ်တယ် လို့လည်း YBS ၂၃ ယာဉ်လိုင်းပိုင်ရှင်တစ်ဦးဖြစ်သူ ဦးသန်းလွင်ကပြောပါတယ်။

လက်ရှိမှာ ခရီးသွားပြည်သူတွေအနေနဲ့ ဒီကနေ့ မနက်ပိုင်းကစလို့ ဘတ်စ်ကားအစီးရေ လာရောက်မှုနည်းပါးတဲ့အတွက် မှတ်တိုင်တွေမှာလူတွေ စုပြုံပြီး အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။

ခရီးသွားပြည်သူတွေအခက်အခဲအဆင်ပြေစေဖို့ ကိုယ်ပိုင်ကား တချို့ကလည်း အခမဲ့ဝင်ရောက်ကူညီပြေးဆွဲပေးနေတယ်လို့ သိရပါတယ်။



Sources; YBS Official

No comments:

Post a Comment