Latest News

Thursday, January 12, 2017

ပြန်ကြားရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်တိုက်ခိုက်ခံရ၊ ပြည်ပနိုင်ငံများနှင့် မိုဘိုင်းဖုန်းများမှ ကြည့်နိုင်မည်မဟုတ်

ပြန်ကြားရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်တိုက်ခိုက်ခံရ၊ ပြည်ပနိုင်ငံများနှင့် မိုဘိုင်းဖုန်းများမှ ကြည့်နိုင်မည်မဟုတ်

ပြန်ကြားရေးဝန်ကြီး ဌာန၏ ဝက်ဘ်ဆိုက် www.moi.gov.mm သည် ဇန်နဝါရီ ၇ ရက် ၌ စတင်တိုက်ခိုက်ခံရ၍ လက်ရှိ တွင် ပြည်ပနိုင်ငံများနှင့် ပြည်တွင်း ရှိ မိုဘိုင်းဖုန်းများ၌ ဝက်ဘ်ဆိုက် ကို ခေါ်ယူကြည့်ရှုနိုင်ဦးမည် မဟုတ်ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာသည်။

ဝက်ဘ်ဆိုက်ကို DDoS attack စနစ်ဖြင့် တိုက်ခိုက်ခဲ့သည် ဟု ပြန်ကြားရေးဝန်ကြီးဌာနက ကြေညာထားသည်။ ပြည်ပနိုင်ငံ များမှ IP များဖြင့် ဝင်ရောက်တိုက် ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ပြန်ကြား ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေ ညာသော်လည်း မည်သည့်နိုင်ငံမှ IP များဖြစ်သည်ကိုမူ ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိပေ။

ပြန်ကြားရေးဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်အနေဖြင့် ယခုကဲ့သို့ DDoS စနစ်ဖြင့် တိုက်ခိုက်မခံရမီ က ဝက်ဘ်ဆိုက်ကို တိုက်ခိုက်မည် ဟု သတင်းများကြိုတင်ကြားသိခဲ့ ရကြောင်းနှင့် လက်ရှိအချိန်၌ DDoS တိုက်ခိုက်မှုသည် ပြန်ကြားရေးဝန်ကြီးဌာနကိုသာ အဓိက ထားတိုက်ခိုက်နေကြောင်း ပြန် ကြားရေးဝန်ကြီးဌာန လက်ထောက်အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်က ပြောသည်။

 ပြည်ပနိုင်ငံများမှ ဝက်ဘ် ဆိုက်ကို ဝင်ရောက်ကြည့်ရှုနိုင်ရန် နှင့် ပြည်တွင်းမှ မိုဘိုင်းဖုန်းလိုင်း များ ဝက်ဘ်ဆိုက်သို့ ဝင်ရောက် ကြည့်ရှုနိုင်ရန် ပြင်ဆင်ဆောင် ရွက်လျက်ရှိသော်လည်း ပြန်လည် ကောင်းမွန်လာမည့် အချိန်ကာလကို သက်ဆိုင်ရာဝန်ကြီးဌာနက ခန့်မှန်းပြောဆိုနိုင်ခြင်းမရှိခဲ့ပေ။

၂၀၁၆ အတွင်း ဒေသတွင်း နိုင်ငံတစ်ခုနှင့် မြန်မာနိုင်ငံ အခြား အပြန်အလှန်ဆိုက်ဘာ တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သော်လည်း ပြန် ကြားရေးဝန်ကြီးဌာန၏ ဝက်ဘ် ဆိုက် ထိခိုက်နစ်နာခဲ့ခြင်းမရှိ သော်လည်း ယခုကဲ့သို့ ဝန်ကြီး ဌာနဝက်ဘ်ဆိုက်တစ်ခုတည်းကို သာ သီးသန့်ရည်ရွယ်တိုက်ခိုက်ခဲ့ သည့်အခါ ဝက်ဘ်ဆိုက် ရပ်တန့် လိုက်ရသည့်အထိ နစ်နာခဲ့ရ သည်။

ပြန်ကြားရေးဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိလာစေရန် ပို့ ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန် ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက် နေခြင်းဖြစ်သည်။ ပြန်ကြားရေး ဝန်ကြီးဌာန ဝက်ဘ်ဆိုက်သည် ဝန်ကြီးဌာနအားလုံးအနက် လူအ များဆုံး ဝင်ရောက်ကြည့်ရှုနေ သည့် ဝက်ဘ်ဆိုက်ဖြစ်သည်။

Sources; 7 Day News Journal

No comments:

Post a Comment