Latest News

Tuesday, January 3, 2017

ပြည်ပမှ ဘိုးဘွားရိပ်သာများ လာရောက်ဖွင့်လှစ်ခွင့်ပြု

ပြည်ပမှ ဘိုးဘွားရိပ်သာများ လာရောက်ဖွင့်လှစ်ခွင့်ပြု
ဆည်းဆာရိပ်ဘိုးဘွားရိပ်သာတွင် ကူညီစောင့်ရှောက်ထားသော အဘွားများအား တွေ့ရစဉ် (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)

ပြည်ပမှ ပုဂ္ဂလိကနှင့် အစိုးရ မဟုတ်သော အဖွဲ့အစည်းများ မြန်မာ နိုင်ငံတွင် ဘိုးဘွားရိပ်သာ တည်ထောင် ဖွင့်လှစ်ခြင်းနှင့် သက်ကြီးရွယ်အိုကြည့်ရှု စောင့်ရှောက်ရေးလုပ်ငန်းများ  လုပ်ကိုင် လိုပါက လူမှုဝန်ထမ်း ဦးစီးဌာနသို့ လျှောက်ထားနိုင်ကြောင်း သတင်းရရှိ သည်။

စီးပွားရေးအရ တည်ထောင်ဖွင့် လှစ်လိုပါက သတ်မှတ်ထားသော အခကြေးငွေပေးသွင်းရမည်ဖြစ်ပြီး ပရဟိတ ဖွင့်လှစ်ပါက သတ်မှတ်ထားသော အခကြေးငွေကိုကင်းလွတ်ခွင့်ပြု မည်ဖြစ်ကြောင်း ဒီဇင်ဘာလကုန် ပိုင်းကပြဋ္ဌာန်းလိုက်သည့် သက် ကြီးရွယ်အိုဆိုင်ရာ ဥပဒေတွင် ထည့်သွင်းရေးဆွဲထားသည်။

လူမှုဝန်ထမ်းဦးစီးဌာနသည် တည်ဆောက်ခွင့်ပြုရန် လျှောက် ထားချက်ကို ခွင့်ပြုခြင်း (သို့မ ဟုတ်) ငြင်းပယ်ပိုင်ခွင့်ကို ဥပဒေ တွင် ထည့်သွင်းပေးထားသည်။

ပြည်တွင်းပြည်ပမှ မည်သူ လာရောက်လုပ်ကိုင်လျှင်ဖြစ်စေ ဘိုးဘွားများအတွက် အကျိုးရှိ မည်ဆိုပါက ကြိုဆိုကြောင်း ဆည်းဆာရိပ်ဂိလာနဘိုးဘွားရိပ် သာဒုတိယဥက္ကဋ္ဌ ဒေါ်ခင်မမက ပြောသည်။

‘‘ကျွန်မတို့နိုင်ငံမှာက အကူ အညီလိုနေတဲ့ဘိုးဘွားတွေနဲ့ အ ကူအညီပေးနေတဲ့ ဘိုးဘွားရိပ် သာမမျှပါဘူး။ အကူအညီလိုအပ် နေသူတွေက ပိုများပါတယ်’’ဟု ၎င်းကပြောသည်။

ခွင့်ပြုမိန့်လျှောက်ထားခြင်း နှင့်ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို နည်းဥပ ဒေရေးဆွဲလျှင် ထည့်သွင်းမည် ဖြစ်ကြောင်း လူမှုဝန်ထမ်းဦးစီး ဌာန ညွှန်ကြားရေးမှူး ဦးအောင် ကျော်မိုးကပြောသည်။

‘‘အရင်ကတည်းက ပြည်ပ အဖွဲ့အစည်းတွေနဲ့ လူမှုဝန်ထမ်း လုပ်ငန်းတွေက တွဲလုပ်ခဲ့တာပါ။ နားလည်မှုစာချွန်လွှာနဲ့ပေါ့။ ဒါ ပေမဲ့ ဘိုးဘွားရိပ်သာနဲ့ပတ်သက် လို့ က အခုမှ ထည့်သွင်းရေးဆွဲ တာပါ’’ဟု ၎င်းကပြောသည်။

ခွင့်ပြုမိန့်ချပေးထားသော ဘိုးဘွားရိပ်သာများကို စည်းကမ်း ချက်များလိုက်နာခြင်းရှိ၊မရှိ လူမှု ၀န်ထမ်းဦးစီးဌာနကစစ်ဆေး ကြီး ကြပ်ရမည်ဖြစ်ကြောင်း ဥပဒေ တွင် ပြဋ္ဌာန်းထားသည်။

တည်ထောင်ခွင့်ပြုမိန့်မရှိဘဲ စီးပွားရေးအလို့ငှာ ဘိုးဘွားရိပ် သာတည်ထောင်ဖွင့်လှစ်လျှင် လည်းကောင်း၊ သက်ကြီးရွယ်အို ကြည့်ရှုစောင့်ရောက်ရေးလုပ်ငန်း တစ်ခုခု လုပ်ကိုင်လျှင်လည်း ကောင်း အနည်းဆုံးကျပ်တစ် သိန်းမှ ကျပ်ဆယ်သိန်းအထိ ငွေ ဒဏ်ချမှတ်နိုင်ကြောင်း ဥပဒေ တွင် ထည့်သွင်းရေးဆွဲထားသည်။

တစ်နိုင်ငံလုံး၌ စေတနာ့ ၀န်ထမ်းအဖွဲ့အစည်းများက တည်ထောင်ပြီး လူမှုဝန်ထမ်း ဦးစီးဌာနက ဘိုးဘွားများအတွက် ထောက်ပံ့ငွေ၊ ဂေဟာမှူးထောက် ပံ့ငွေနှင့်နည်းပညာအကူအညီ ပေးလျက်ရှိသော ဘိုးဘွားရိပ်သာ စုစုပေါင်း ၈၁ ခုရှိပြီး ဘိုးဘွား အရေအတွက် ၂၇၀၀ ကျော်ကို စောင့်ရှောက်ပေးနိုင်ကြောင်း လူမှုဝန်ထမ်းဦးစီးဌာနမှ သိရ သည်။ လက်ရှိအချိန်အထိ ပြည်ပ မှ လာရောက်ဖွင့်လှစ်ပေးသော ဘိုးဘွားရိပ်သာတစ်ခုမှ မရှိသေး ကြောင်း လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။

မြန်မာနိုင်ငံတွင် အသက် (၆၀) နှင့်အထက်ကို သက်ကြီးရွယ်အိုအဖြစ် ဥပဒေက သတ်မှတ်ထားသည်။


Sources; 7 Day News Journal

No comments:

Post a Comment