Latest News

Tuesday, January 3, 2017

ရွှေတိဂုံစေတီ ဒီဇင်ဘာလ နိုင်ငံခြားဧည့်သည်ဝင်ကြေး သိန်းခြောက်ထောင်ကျော်ရ

ရွှေတိဂုံစေတီ ဒီဇင်ဘာလ နိုင်ငံခြားဧည့်သည်ဝင်ကြေး သိန်းခြောက်ထောင်ကျော်ရ



ရန်ကုန်၊ ဇန်န၀ါရီ ၎

ရွှေတိဂုံစေတီတော်သို့ ဒီဇင်ဘာလတွင် နိုင်ငံခြားသား ခုနစ်သောင်းငါးထောင်ကျော် တက်ရောက်ခဲ့ပြီး ဧည့်ဝင်ကြေး ကျပ်သိန်းခြောက်ထောင်ကျော် ရရှိခဲ့ကြောင်း ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ထံမှ သိရှိရသည်။

နိုင်ငံခြားသား ဧည့်ဝင်နှုန်းမှာ ရွှေတိဂုံ စေတီတော်သို့ ဒီဇင်ဘာလအတွင်း လူဦးရေ  ၇၅,၈၂၇ ဦး တက်ရောက်ခဲ့ပြီး ဧည့်ဝင်ကြေး (၆၀၆,၃၂၈,၀၀၀)ရရှိခဲ့ကြောင်း၊ တစ်ရက်လျှင် ပျမ်းမျှ လူဦးရေ ၂၄၄၆ ဦး တက်ရောက်ခဲ့ပြီး တစ်ရက်လျှင် အလှူငွေပျမ်းမျှကျပ် ၁၉,၅၆၈,၀၀၀ ရရှိခဲ့ကြောင်း ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

“အခုလို ပွင့်လင်းရာသီတွေမှာ ရွှေတိဂုံ စေတီတော်ကို နိုင်ငံခြားသား လာရောက်ကြတာ များပါတယ်။ ဒီဇင်ဘာလမှာ တက်ရောက်ခဲ့တဲ့ နိုင်ငံခြားသားတွေဆီက  လှူဒါန်းငွေ အမေရိကန် ဒေါ်လာ  ၆၇၅၆ ရရှိပါတယ်”ဟု ၎င်းက ဆိုသည်။

၂၀၁၄ ခုနှစ် ဧပြီလ ၁ ရက်မှစပြီး နိုင်ငံခြားသား တစ်ဦးလျှင် ဧည့်ဝင်ကြေး မြန်မာကျပ်ငွေ ရှစ်ထောင်ကျပ် ကောက်ခံခဲ့ပြီး ရွှေတိဂုံစေတီတော်သို့ ဒီဇင်ဘာလတွင် ထိုင်းနိုင်ငံသား  ၁၇,၉၄၁ ဦး အများဆုံး တက်ရောက်ခဲ့ကြောင်း၊ ကိုရီးယား ၄၈၇၅ ဦး၊ တရုတ် ၄၀၂၅ ဦး၊ ဂျပန် ၃၂၅၀ ဦး၊ အမေရိကန်  ၃၁၀၀ ဦး တက်ရောက်ခဲ့ပြီး လူဦးရေ အနည်းဆုံးနိုင်ငံ အနေနှင့် ဆွစ်ဇာလန် ၄၂ ဦးနှင့် အစ္စရေး ၃၅ ဦး တက်ရောက်ခဲ့ကြောင်း ရွှေတိဂုံစေတီ တော် ဂေါပကအဖွဲ့ထံမှ သိရသည်။

ရွှေတိဂုံစေတီတော်သို့ နိုဝင်ဘာ လတွင်  နိုင်ငံခြားသားခုနစ်သောင်းတစ် ထောင်ကျော်တက်ရောက်ခဲ့ပြီး ဧည့်ဝင် ကြေးကျပ်သိန်းငါးထောင့်ခုနစ်ရာကျော် ရရှိခဲ့ ကြောင်း ရွှေတိဂုံစေတီတော်ဂေါပက အဖွဲ့ထံမှ ထပ်မံ သိရှိရသည်။

J-10

Sources;The Voice

No comments:

Post a Comment