Latest News

Monday, January 2, 2017

လွပ်လပ်ရေးနေ့ အကြို အားကစားပြိုင်ပွဲများ ကျင်းပ

လွပ်လပ်ရေးနေ့ အကြို အားကစားပြိုင်ပွဲများ ကျင်းပ

ကျုံပျော်မြို့ ဇန်န၀ါရီ  ၂

ဇန်န၀ါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၆၉) နှစ်မြောက် လွပ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကျုံပျော်မြို့နယ် လွတ်လပ်ရေးကျောက်တိုင် ဘောလုံးကွင်းတွင် မြို့နယ်အုပ်ချုပ်ရေးမှုးဖလား ဂိုးလတ် အလွတ်တန်း နှင့် အငယ်တန်း ပျော်ပွဲရွင်ပွဲနှင့် အားကစား ပြိုင်ပွဲကို ဒီဇင်ဘာလ ၁၆ ရက် ၂၀၁၆ ခုနှစ် နေ့မှ စုစုပေါင်း အသင်းဝင် ၁၉ သင်း ယှဉ်ပြိုင်ကစား ခဲ့ကြပါသည်။

ယနေ့ ဆီးမီးဖိုင် ၄ သင်းကစားခဲ့ရာ အင်းရဲကျွန်း အသင်း နှင့် FB လူငယ် အသင်းတို့ ဇန်န၀ါရီလ ၄ ရက်နေ့ လွတ်လပ်ရေးနေ့မှာ ဗိုလ်လုပွဲ ယှဉ်ပြိုင် ကစားကြပြီး ဆုရရှိတဲ့အသင်း အကောင်းဆုံးဘောလုံးသမား အသန့်ရှင်းဆုံး ဘောလုံးအသင်းတို့ကို ရွှေးချယ် ပြီး မြို့နယ်အုပ်ချုပ်ရေးမှုး မှ ဆုများကို ပေးအပ်ချီးမြှင်သွားမှာ ဖြစ်ပါတယ်။

No comments:

Post a Comment