Latest News

Monday, January 2, 2017

✳လောကနန္ဒာစေတီ သမိုင်းကြောင်း✳

✳လောကနန္ဒာစေတီ သမိုင်းကြောင်း✳

လောကနန္ဒာစေတီသည် မြန်မာနိုင်ငံ၊မန္တလေးတိုင်းဒေသကြီး၊ပုဂံတွင်ရှိသော ရှေးဟောင်းဘုရားတစ်ဆူ ဖြစ်သည်။ စွယ်တော်မြတ် ကိန်းဝပ်ရာ တတိယမြောက် စေတီတော်ကြီး ဖြစ်သည်။ ဆင်ဖြူတော်သည် တန့်ကြည်တောင်မှ ဧရာဝတီမြစ်သို့ ကူး၍ ယခု သီရိပစ္စယာစွယ်တော်၏ အရှေ့ဘက်ရှိ ဧရာဝတီ ကမ်းနဖူးတွင် ဝပ်လေသည်။ အနော်ရထာမင်းကြီးသည် ဆင်ဖြူတော် ဝပ်ရာ ဤနေရာ၌ စွယ်တော်ရှင်စေတီ တည်ခွင့်ရ၍ ဝမ်းမြောက်ဝမ်းသာ ဖြစ်တော်မူသည်။ အဘယ်ကြောင့် ဆိုသော် ထိုသီရိပစ္စရာသည် ပုဂံခေတ်က သင်္ဘောဆိပ်မြို့ ဖြစ်ခဲ့ပြီး သီဟိုဠ်မှပင့်ဆောင်သော စွယ်တော်မြတ်ကို မင်းကြီးကိုယ်တိုင် ရေထဲသို့ လည်တိုင်အထိဆင်းကာ ရွက်ယူပူဇော်ခဲ့ရသော နေရာဖြစ်သောကြောင့် ပင်တည်း။
လောကနန္ဒာ စေတီကို အေဒီ ၁၀၅၉ တွင် အနော်ရထာမင်း တည်ခဲ့သည်။ အနော်ရထာ မင်းသည် သီဟိုဠ်ကျွန်းမှ ဆက်သလိုက်သော ဗုဒ္ဓစွယ်တော်ကို ထပ်မံပွား၍ လောကနန္ဒာ သင်္ဘောဆိပ်အနီး ကုန်းမြင့်တွင် လောကနန္ဒာ စေတီတည်၍ ဌာပနာခဲ့သည်။
လောကနန္ဒာစေတီကို ပျူနှင့်မြန်မာ ဗိသုကာလက်ရာများဖြင့် ပေါင်းစပ်၍ အောက်ခြေတွင် ရှစ်ထောင့် ပစ္စယာခံထားပြီး ထို ရှစ်ထောင့် ပစ္စယာ အလယ်တွင် ပစ္စယာသုံးဆင့်နှင့် ခေါင်းလောင်းပုံရှည်ရှည် ဖောင်းရစ် အဆင့်ဆင့်ဖြင့်တည်ထားခဲ့သည်။ လောကနန္ဒာ စေတီသည် ရှေးဟောင်း စေတီတစ်ဆူဖြစ်သောလည်း ခေတ်အဆက်ဆက် ပြုပြင် မွမ်းမံခဲ့သဖြင့် စေတီအသစ်ကဲ့သို့ ဖြစ်နေသည်။
ပုဂံအင်ပါယာအင်းအားကြီးစဉ်အတွင်း ထိုနေရာတွင် ရောင်းဝယ်ဖေါက်ကားမှုများအတွက် အသုံးပြုခဲ့ကြပြီး သထုံ၊ ရခိုင်နှင့် အိန္ဒိယမှ ကုန်သည်များစွာ လာရောက်ခဲ့ကြပါသည်။ ဘုရားပေါ်သို့မတက်မှီ လှေကားတွင် ခြသေ့င်္နှစ်ကောင်ရုပ်ထုထားရှိစေ၍ စောင့်စေပါသည်။ မိုးရာသီဇူလိုင်လနှင့် သြဂုတ်လအတွင်း လောကနန္ဒ စေတီဘုရားပွဲကျင်းပပါသည်။ လောကနန္ဒာ စေတီ အရှေ့ဘက် တန်ဆောင်း အတွင်းတွင် သဲကျောက် အမာစားဖြင့် ထုလုပ်ထားသည့် ၁.၈၃ မီတာ (၆-ပေ)ခန့် မြင့်သည့် ဗုဒ္ဓရုပ်ပွား ဆင်းတု (ဈာနမုဒြာ) ကို ဖူးမျှော်နိုင်ပါသည်။
----------------------------------------------------------------------
🙏 ဘာနဲ့မှမလဲနိုင်တဲ့ ကြည်နူးဆွတ်ပျံ့ဖွယ်ရာမြင်ကွင်းများကို ခံစားနိုင်မယ့်သမိုင်းဝင်ပုဂံ…
🙏 မြန်မာတို့ရဲ့အထွတ်အမြတ်ထားရာပုဂံမြို့ရဲ့ အကောင်းဆုံးနေရာ ကုမုဒြာ…
🙏 လန်းဆန်းမှု အတွေ့အကြုံသစ်တွေကိုယ်တိုင်ခံစားနိုင်ဖို့ ကုမုဒြာမှကြိုဆိုလျက်ပါ…
*** ကုမုဒြာဟိုတယ်၏ ထူးခြားသည့်အားသာချက်များ ***
✨ ပုဂံမြို့ရဲ့ရာမှာတည်ရှိနေခြင်း
✨ အနှိုင်းမဲ့မြင်ကွင်းများရှိနေခြင်း
✨ ရာချီနေတဲ့ စေတီပုထိုးတွေကို အခန်းမှတွေ့မြင်နိုင်ခြင်း
✨ နာမည်ကြီးဘုရား (၁၀)ဆူကို အခန်းမှပင်ဖူးမျှော်နိုင်ခြင်း
✨ ပုဂံဘုရားရှုခင်းများဖြင့် ဝန်းရံထားတဲ့ နာမည်ကြီး Tourists Attraction တစ်ခုဖြစ်သည့် ရေကူးကန်ရှိနေခြင်း
✨ အေးချမ်းတိတ်ဆိတ်တဲ့ လယ်ဧက၂၀ကျော်ဖြင့် ဝန်းရံထားခြင်း
✨ လှပသာယာတဲ့ ကြာကန်များ ထည့်သွင်းတည်ဆောက်ထားခြင်း
✨ ပုဂံဒေသခံတို့၏ အထင်ဂရ ကံဖြူနတ်ကန်ကြီးရှိနေခြင်း
---------------------------------------------------

*** ကုမုဒြာဟိုတယ်၏ ပုဂံမှာအကောင်းဆုံးနေရာ ***
အခန်းလိုက်ကာလေးကို ဖွင့်လိုက်တိုင်း ပုဂံဘုရားတွေရဲ့ အနှိုင်းမဲ့မြင်ကွင်းကို ရင်သပ်ရှုမောစွာ ခံစားရမှာပါ။ ကုမုဒြာဟိုတယ်ဟာ ပုဂံမြို့ရဲ့ အကောင်းဆုံးသော နေရာမှာတည်ရှိနေပြီး ပတ်ပတ်လည်မှာ လယ်တောတွေ၊ ပုဂံမြို့ရဲ့ စေတီပုထိုးတွေ တည်ရှိနေတာဖြစ်လို့ ပုဂံမှာ အခြားဘယ်ဟိုတယ်မှာမှ မရှိတဲ့၊ အနှိုင်းမဲ့မြင်ကွင်းတွေကို ပိုင်ဆိုင်ထားတဲ့ တစ်ခုတည်းသော ဟိုတယ်ဖြစ်ပါတယ်။ ဟိုတယ်အခန်းထဲကနေ မထွက်ဘဲနဲ့ ရာချီနေတဲ့ ပုဂံမြို့ရဲ့ စေတီပုထိုးတွေကို တွေ့မြင်နိုင်မှာဖြစ်ပြီး အနည်းဆုံး နာမည်ကြီးဘုရား (၁၀) ဆူကို ဖူးမျှော်နိုင်မှာပဲ ဖြစ်ပါတယ်။

Sources; Kumudara Hotel Bagan

No comments:

Post a Comment