Latest News

Wednesday, January 11, 2017

နာဂနှစ်သစ်ကူးရိုးရာပွဲတော်သို့ သမ္မတ ဦးထင်ကျော် တက်ရောက်မည်

နာဂနှစ်သစ်ကူးရိုးရာပွဲတော်သို့ သမ္မတ ဦးထင်ကျော် တက်ရောက်မည်

Photo - ပပ၀တီ
နာဂနှစ်သစ်ကူးရိုးရာ ပွဲတော်သို့  နိုင်ငံတော်သမ္မတ ဦးထင်ကျော်တက်ရောက်မည် ဖြစ်ကြောင်း သတင်းရရှိသည်။

နာဂနှစ်သစ်ကူးရိုးရာပွဲ တော်ကို ဇန်န၀ါရီ ၁၃ ရက်ကစ၍ လေးရက်ကြာ နာဂကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် ကျင်းပမည် ဖြစ်သည်။

နှစ်ဟောင်းတွင် တောင်ယာ၊လယ်လုပ်ငန်းများပြီးစီးအောင် မြင်သည့် အထိမ်းအမှတ်နှင့် နှစ် သစ်ကိုကြိုဆိုသည့် အထိမ်းအ မှတ်အဖြစ်   နှစ်သစ်ကူးရိုးရာပွဲ တော်ကို နှစ်စဉ်ကျင်းပခြင်းဖြစ် ကြောင်း နာဂယဉ်ကျေးမှုအဖွဲ့ အစည်းများက ဆိုသည်။

‘‘နှစ်ဟောင်းမှာ တောင်ယာ၊လယ်၊ ယာခင်းလုပ်ငန်းတွေ အောင်မြင်တဲ့ ကောက်ရိတ်သိမ်း ပွဲကို အသိအမှတ်ပြုတဲ့အနေနဲ့၊နောက်ပြီးတော့လည်း နောက်နှစ် မှာလည်း ကောက်ပဲသီးနှံတွေအ ထွက် တိုးပြီးကောင်းမွန်တဲ့ ရိတ် သိမ်းခြင်းကို ပိုင်ဆိုင်နိုင်အောင် နာဂညီအစ်ကိုတွေ၊ မျိုးနွယ်စုတွေ အားလုံးစုပေါင်းပြီး နှစ်သစ်ကို ကြိုဆိုတဲ့ပွဲပေါ့’’ဟု နာဂအမျိုးသား ရေးရာကောင်စီဥက္ကဋ္ဌ Athong Makury က ပြောသည်။

အစိုးရပံ့ပိုးမှုဖြင့် နာဂရိုးရာ  ယဉ်ကျေးမှုအဖွဲ့အစည်းများ၊ အ ရပ်ဘက်လူမှုအဖွဲ့အစည်းများ ပူး ပေါင်းကျင်းပသည့် နှစ်သစ်ကူးရိုး ရာပွဲတော်သို့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်တက်ရောက်မည် ဖြစ်ကြောင်း သတင်းရရှိသည်။

‘‘သမ္မတကြီး ဦးထင်ကျော် ကိုယ်တိုင်တက်ရောက်မယ်လို့ သိရပါတယ်’’ဟု နာဂအမျိုးသား ရေးရာကောင်စီဥက္ကဋ္ဌက ဆက် လက်ပြောကြားသည်။

ရိုးရာနှစ်သစ်ကူးပွဲတော်ကို ရှေးယခင်က မျိုးနွယ်စုတိုင်းတွင် ပြုလုပ်ခဲ့ပြီး အားလုံးတစုတစည်း တည်းကျင်းပခဲ့သည်မှာ ယခုတစ်ကြိမ်နှင့်ဆိုပါက (၂၇) ကြိမ်ရှိပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

နာဂနှစ်သစ်ကူးရိုးရာပွဲတော်သို့ မြန်မာနိုင်ငံဆိုင်ရာ အီးယူသံ အမတ်လည်း တက်ရောက်မည် ဖြစ်ပြီး ဇန်န၀ါရီ ၁၃ ရက်တွင် လဟယ်မြို့သို့ ရောက်ရှိမည်ဖြစ် ကြောင်း သတင်းရရှိသည်။

Sources; 7 Day News Journal

No comments:

Post a Comment