Latest News

Tuesday, January 17, 2017

ရန်ကုန်မြို့ထဲ ဘတ်စ်ကားလိုက်စီးတဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း

ရန်ကုန်မြို့ထဲ ဘတ်စ်ကားလိုက်စီးတဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း

ပြည်သူတွေရဲ့ အခက်အခဲတွေကိုသိနိုင်ဖို့ လိုက်စီးခဲ့တာလို့ ဆိုပါတယ်။

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့  အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ မွန်းလွဲ ၂ နာရီခွဲလောက်မှာ ပြည်သူတွေနဲ့အတူ အမှတ် ၅၆ ယာဉ်လိုင်းနဲ့ သခင်မြပန်းခြံကနေ မြို့ထဲကို ဘတ်စ်ကားလိုက်စီးခဲ့တယ်လို့ သိရပါတယ်။

အများပိုင်ဘတ်စ်ကားလိုင်းတွေ စတင်တဲ့အချိန်မှာ ပြည်သူတွေရဲ့ အခက်အခဲတွေကိုသိနိုင်ဖို့ ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ဘတ်စ်ကားတွေလိုက်စီးမယ်လို့ ပြောထားပြီး ဒီနေ့မှာ အခုလို ဘတ်စ်ကားလိုက်စီးခဲ့တာဖြစ်ကာ ၀န်ကြီးချုပ်နဲ့အတူ တိုင်းပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်လည်း လိုက်ပါစီးနင်းခဲ့တယ်လို့ သိရပါတယ်။

ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက အများပိုင်ဘတ်စ်ကားစနစ်သစ် စတင်တဲ့အချိန်မှာ ဝိုင်းဝန်းကူညီဆောင်ရွက်ခဲ့ကြတဲ့ ပြည်သူတွေကို အထူးကျေးဇူးတင်တယ်လို့ ဝန်ကြီးချုပ်က သတင်းမီဒီယာတွေကနေတဆင့် သတင်းစကားပါးခဲ့ပြီး ကားခ ၂၀၀ ကျပ်လည်း ပေးစီးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်းက သူုစီးနင်းခဲ့တဲ့ ၅၆ ယာဉ်လိုင်းအနီယာဉ်မောင်းနဲ့လည်း စကားပြောခဲ့ပြီး ကားပေါ်လိုက်ပါ စီးနင်းလာတဲ့ ခရီးသည်တွေနဲ့လည်း စကားပြောခဲ့တယ်လို့ သိရပါတယ်။

မြို့တွင်းပတ်ကားလိုင်းတွေကို စတင်စီးနင်းရမယ့် နေရာပတ်ဝန်းဖြစ်တဲ့ သခင်မြပန်းခြံကိုလည်း အများပြည်သူ အနားယူနိုင်တဲ့ ဧရိယာအဖြစ်ပြောင်းလဲသွားမယ်လို့ ဦးဖြိုးမင်းသိန်းက မီဒီယာတွေကို ပြောခဲ့ပြီး ပန်းခြံထဲမှာ အနုပညာဖျော်ဖြေရေးတွေ လုပ်နိုင်အောင်စီစဉ်သွားမယ်လို့ သိရပါတယ်။

Source : 7DayDaily: Duwun
Photos : Ko Nikey,Nyein Chan (7DayDaily)

No comments:

Post a Comment