Latest News

Wednesday, January 18, 2017

လူမျိုးအလိုက် နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးပွဲ ဘားအံ ၌ ကျင်းပ

လူမျိုးအလိုက် နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးပွဲ ဘားအံ ၌ ကျင်းပ

ပထမဆုံး လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ကရင်လူမျိုးတွေက ဘားအံမြို့ သိရီဘားအံဟိုတယ်မှာ ဒီနေ့ စတင်ကျင်းပနေပါတယ်။

အခမ်းအနားမှာ ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်၊  KNU ဥက္ကဋ္ဌ မူတူးစေးဖိုး၊ NRPC ဒုတိယဥက္ကဌ ဒေါက်တာ တင်မျိုးဝင်းနဲ့ အရှေ့တောင်တိုင်းစစ်ဌာနာချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးဝင်း တို့က မိန့်ခွန်းပြောကြားခဲ့ပါတယ်။

ဒီပွဲကို  ကေအဲန်ယူတပ်မဟာတွေက ကိုယ်စားလှယ်တွေ၊  NRPC က တာဝန်ရှိသူတွေ၊ NCA လက်မှတ်ရေးထိုးထားတဲ့ ကရင်လက်နက်ကိုင်အဖွဲ့တွေ၊  တိုင်းနဲ့ ပြည်နယ်က ကရင်တိုင်းရင်းသား ကိုယ်စားလှယ်တွေ၊ နိုင်ငံတကာသံတမန်တွေနဲ့ တခြားတိုင်းရင်းသားတွေပါ လေ့လာသူအဖြစ် တက်ရောက်ခဲ့ပါတယ်။

Sources: Kyaw Lwin Oo/RFA

No comments:

Post a Comment