Latest News

Wednesday, January 4, 2017

အကူးအပြောင်းကာလ စိန်ခေါ်မှုနှင့် ဖိအားများကို အထူးသတိပြု ဖြေရှင်းနေရကြောင်း ဒီချုပ် ကြေညာချက်ထုတ်ပြန်

အကူးအပြောင်းကာလ စိန်ခေါ်မှုနှင့် ဖိအားများကို အထူးသတိပြု ဖြေရှင်းနေရကြောင်း ဒီချုပ် ကြေညာချက်ထုတ်ပြန်


အကူးအပြောင်းကာလ ၏ စိန်ခေါ်မှုနှင့်ဖိအားများက ပဋိ ပက္ခအသွင်ဖြစ်ပေါ်လေ့ရှိ၍ အထူးသတိပြုဖြေရှင်းနေရကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ (၆၉)နှစ်မြောက် လွတ် လပ်ရေးနေ့ကြေညာချက်တွင် ဖော်ပြထားသည်။

ရန်ကုန်မြို့ရှိ NLD ပါတီရုံး ချုပ်၌ ဇန်န၀ါရီ ၄ ရက်က ကျင်းပ သော (၆၉)နှစ်မြောက် လွတ် လပ်ရေးနေ့အခမ်းအနားတွင် ပါတီအရန် ဗဟိုအလုပ်အမှုဆောင်အ ဖွဲ့ဝင် ဒေါက်တာမျိုးညွန့်က ပါတီ၏ကြေညာချက်ကို ဖတ်ကြားခဲ့သည်။

NLD အနေဖြင့် ဒီမိုကရေစီ ၀န်းကျင်သစ်၊ ကံကြမ္မာသစ်ပေါ် ထွန်းရေးအတွက် စူးစိုက်သည့် အာရုံပြုမှုများဖြင့် လုံ့လစိုက်နေရ ပြီး အခြားတစ်ဖက်တွင်လည်း အတိတ်ကာလ၏ နာကျင်ခါးသီး မှုများနှင့် အထွေထွေပြဿနာများ က ၀န်ထုပ်ဝန်ပိုးအဖြစ် ဖိစီးမင်းမူ နေဆဲဖြစ်သည်ဟု ကြေညာချက် က ဆိုသည်။

‘‘အကူးအပြောင်းကာလ၏ စိန်ခေါ်မှုနှင့် ဖိအားများ၊ ထိလွယ် ရှလွယ် အကဲဆတ်မှုများကလည်း တစ်ခါတစ်ရံ ခက်ထန်သော ပဋိ ပက္ခအသွင်သို့ ပြောင်းလဲဖြစ်ပေါ် လေ့ရှိသဖြင့် အထူးပင်သတိပြု သိမ်မွေ့စွာဖြေရှင်းနေရပါသည်’’ ဟု NLD ၏ ကြေညာချက်တွင် ပါရှိသည်။

လက်ရှိသည် NLDအနေဖြင့် ပြည်သူလူထု၏ ယုံကြည်မျှော် လင့်မှုကို တာဝန်ယူတာဝန်ခံ ဆောင်ရွက်နေသော အချိန်ဖြစ် ပြီး အဖွဲ့ချုပ်၏မူဝါဒနှင့် သဘော ထားများကို အခြေခံလျက်ရွေး ကောက်ပွဲကြေညာစာတမ်းပါ ရည်မှန်းချက်များကို အကောင်အ ထည်ဖော်နိုင်ရေးအလို့ငှာ အစွမ်း ကုန် ကြိုးပမ်းနေဆဲကာလဖြစ် သည်ဟု ကြေညာချက်၌ ဖော်ပြ ထားသည်။

ဒီမိုကရေစီနိုင်ငံ တစ်နိုင်ငံအ တွက် အရေးအကြီးဆုံးဖြစ်သော တရားဥပဒေစိုးမိုးရေး ရရှိထိန်းသိမ်းနိုင်အောင် အားထုတ်ရကြောင်း၊ တရားဥပဒေနှင့် ညီညွတ်ခြင်း သည် ပြည်သူလူထုအတွက် ပဓာနကျသော မျှော်လင့်မှုဖြစ်ကြောင်း၊ ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေး ကိုလည်း အမြော်အမြင်တရားရှေ့ ထားလျက် လုံ့လပြုလျက်ရှိပြီး ခေတ်သစ်မြန်မာ့သမိုင်း၏ သွေး အစွန်းဆုံး၊ အရှည်ကြာဆုံး စစ်ပွဲကြီးကို ဂုဏ်သိက္ခာရှိရှိ နိဂုံးချုပ်နိုင် ရေးကြိုးပမ်းနေဆဲဖြစ်ကြောင်း ဖော်ပြထားသည်။

ဒီမိုကရေစီစံနှုန်းတန်ဖိုးများ နှင့် ကိုက်ညီသော ဖွဲ့စည်းပုံအခြေ ခံဥပဒေတစ်ရပ် ပေါ်ထွန်းရေးကို လည်း တစ်ဆင့်ပြီးတစ်ဆင့် စီမံနေကြောင်း၊ အလုပ်သမားနှင့် ပြည် သူများ မိမိတို့၏ စားဝတ်နေရေး အပေါ် လုံခြုံဘေးကင်းစွာ၊ ကျေနပ်နှစ်သက်စွာနှင့် တန်ဖိုးထားမှု ရှိစွာ ဖန်တီးရပ်တည်နိုင်ရေးအ တွက် ဆောင်ရွက်နေဆဲဖြစ်သည် ဟု ကြေညာချက်တွင် ပါရှိသည်။

‘‘ဒါကငြိမ်းချမ်းရေးအောင် မြင်ဖို့ သိပ်အရေးကြီးပါတယ်။ ဒါ အောင်မြင်မှ ကျွန်တော်တို့၊ ခင်ဗျား တို့နေတဲ့ ဒီတိုင်းပြည်က တိုးတက် မှာ။ ဒါနဲ့ (လက်ရှိဖြစ်နေသည့် တိုက်ပွဲ)ပတ်သက်ပြီး ကျွန်တော် သိပ်ပြီးတော့ မပြောနိုင်ဘူး။ ဘာ ဖြစ်လို့လဲဆိုတော့ သတင်းအစစ် အမှန် ကျွန်တော်မသိလို့။ သူကစ တယ်၊ ဟိုကစတယ်လို့ ပြောကြ တယ်။ သို့သော် ခိုင်ခိုင်လုံလုံနဲ့ တင်ပြတာ အန်ကယ်မတွေ့ဖူးဘူး’’ဟု NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်းက ပြောသည်။

လွတ်လပ်ရေးနေ့အထိမ်းအ မှတ် စကားနှင့်ပတ်သက်၍ ဦးဉာဏ်ဝင်းက ‘‘၁၉၅၈ လောက်ကစပြီး တော့ လွတ်လပ်ရေးနေ့ကို ပြည် သူလူထုက မိမိတို့စိတ်တိုင်းကျ မဆင်နွှဲနိုင်ပါဘူး။ စိတ်လွတ်လပ် မှ လွတ်လပ်ရေးက အစစ်ပါ။ အ ခုဟာ ပထမဆုံးအကြိမ် ပြည်သူ လူထုကတင်တဲ့ အစိုးရလက်ထက် မှာ ကျင်းပတဲ့ လွတ်လပ်ရေးပွဲမို့ လို့ အင်မတန်ပျော်ရွှင်ကြည်နူးစရာ ကောင်းပါတယ်’’ဟု ဆိုသည်။

NLD ပါတီရုံးချုပ်၌ ကျင်းပ သည့် လွတ်လပ်ရေးနေ့အခမ်းအ နားသို့ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီကလည်း သ ၀ဏ်လွှာပေးပို့သည်။ ယင်းသ ၀ဏ်လွှာတွင် ‘‘နိုင်ငံနှင့် ပြည်သူ တစ်ရပ်လုံးနဲ့ပတ်သက်တဲ့ အရေး ကြီးကိစ္စတွေကို ဆွေးနွေးမယ်။ သုံးသပ်မယ်။ စီမံမယ်ဆိုရင် ပြည်တွင်းက အရှိတရားများ၊ ပကတိအ ခြေအနေများကို အခြေခံစဉ်းစား မှသာ အမှန်တရားနဲ့နီးစပ်မှာဖြစ် ကြောင်း’’ ဟု ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဦးသန်းဌေး၏ စကား ကောက်နုတ်ချက်ကို ဖော်ပြထား သည်။

အဆိုပါ အခမ်းအမနားသို့ တိုင်းရင်းသားစည်းလုံးညီညွတ် ရေးပါတီမှ ခေါင်းဆောင်များလည်း  တက်ရောက်ခဲ့သည်။ တစညပါ တီတွဲဖက်အတွင်းရေးမှူးဦးထွန်းရီ က ‘‘အန်ကယ်တို့နှစ်တိုင်းလာ တက်တယ်။ တက်တယ်ဆိုတာ ပါတီအချင်းချင်းက မိတ်ဖက်သဘောမျိုးပဲ။ နိုင်ငံတော်ရဲ့ အထိမ်းအ မှတ်အခမ်းအနားကိုအတူတကွကျရာကဏ္ဍက လုပ်တယ်။ အမြဲ တမ်းလာတက်တယ်။ တူတာတွေ ပေါင်းလုပ်ပြီးတော့ တိုင်းပြည်အ ကျိုးရှိတာတွေ အတူတကွ လုပ် သွားမှာပဲ’’ဟု ပြောသည်။

Sources; 7 Day News Journal

No comments:

Post a Comment