Latest News

Sunday, January 1, 2017

လေးဖြူ(အဆိုတော်)


လေးဖြူ(အဆိုတော်)

အမည်ရင်း ဝင်းလှိုင်စိုး
မွေးသက္ကရာဇ်  မေ ၁၉ ၁၉၆၅

ပညာအရည်အချင်း  B.A(English)
ထင်ရှားကျော်ကြားမှု  လက်ရှိ နာမည်ကျော် ရော့ခ်အဆိုတော်

မြန်မာ ရော့ခ် အဆိုတော် တစ်ဦး ဖြစ်သည့် လေးဖြူ ကို ၁၉၆၅-ခုနှစ်၊ မေလ(၁၉)ရက်တွင် မွေးဖွားခဲ့သည်။အင်းလေးသား ဖြစ်သည်။ နာမည်ကျော် ရော့ခ် အဆိုတော် တစ်ဦးဖြစ်သည့် အငဲ(အဆိုတော်) နှင့် ညီအစ်ကို  တော်စပ်သူဖြစ်သည်။

သီချင်းခွေများ

   
    ကန္တာရ လမင်း
    ပင်လယ်အော်သံ
    ကန္တာရ လမင်း ပင်လယ် အော်သံ(လိုက်ပ်ရှိုး)
    ဂီတ မဉ္စူရီ
    54 ပါဝါ ၅၄
    ကမ္ဘာသစ်တေး
    ကျိန်စာ
    သားကောင်
    ရာစုသစ် (မျိုးကြီး နှင့် အငဲ)
    အိပ်မက်ကဗျာ
    လိပ်ပြာ
    IRON CROSS BAND UNPLUGGED
    Iron Cross Band 15th Anniversity
    Iron Cross Band 15th Anniversary Celebration
    မံမီများ
    LMN (မျိုးကြီး နှင့် အငဲ)
    ခဏလေးများ
    ဘင်္ဂလား ပင်လယ်အော်
    ဒိုင်ယာရီ

လေးဖြူသည် လွန်ခဲ့သည့် (၃)နှစ်ခန့်က စပြီး စင်မြင့် ဖျော်ဖြေ ပွဲများတွင် ရပ်နားခဲ့သည်၊ သို့သော် IC အဖွဲ့နှင့် အတူ သီချင်းများ ရေးဆိုတီးကြပြီး အဖွဲ့နှင့် နေ့တိုင်း တွေ့ဖြစ်သည်။ စင်မြင့် ဖျော်ဖြေပွဲများတွင် ယခုထိ လေးဖြူဆိုပြီး အော်ကြသည်။ ပရိသတ်က သူတို့ တကယ် လိုချင်သည့် ဆန္ဒကို ဖော်ထုတ်နေသည်။

 နာဂစ် ရန်ပုံငွေပွဲမှာ လေးဖြူကြောင့် ရန်ပုံငွေ များစွာ ရရှိခဲ့သည်။ ၂၀၀၉-ခုနှစ်မှ စ၍ ဆက်လက် ၍သီဆိုသွားမည် ဖြစ်သည်။
ဘင်္ဂလား ပင်လယ်အော် သီချင်းခွေ အကြောင်း

ဂီတအနုပညာရှင်များတွင် ထူးခြားစွာ လူကြီး လူငယ် လူလတ် မရွေးလေးစားနှစ်သက်အားကျအတုယူရသော အဆိုတော်လေးဖြူ၏ တစ်ကိုယ်တော်တေးစီးရီးသစ် "ဘင်္ဂလားပင်လယ်အော်" ၂၀၀၈ မေ တွင် ထွက်ရှိပြီး ဖြစ်ကြောင်း သိရသည်။

ထူးခြားမှုတစ်ခုမှာ မြန်မာနိုင်ငံတွင် Mobile Stero ဖြင့် ပထမဆုံးတီးခတ်အသံသွင်းပြုလုပ်ထားသော တေးစီးရီးဖြစ်ပြီး ငွေဆောင်ကမ်းခြေ၏ အလှအပများနှင့် Bay Of Bangle Resort ၏ထူးခြားသော ဗိသုကာလက်ရာများကိုနောက်ခံထား၍ ရိုက်ကူးထားသော ဗီစီဒီလက်ရာကောင်းတစ်ခုဖြစ်သည်။

 Mobile Stero မှာ ကမ်းခြေတစ်ခု (သို့) တစ်ခုခုသောနေရာ၏ အခန်းတစ်ခန်းထဲတွင် ကြိုတင်သီချင်းတိုက်ထားခြင်းမရှိပဲ ရင်ထဲကခံစားချက်အတိုင်း တီးခတ်သီဆိုပြီး အသံသွင်းခြင်းကို တစ်ပြိုင်နက်ပြုလုပ်ခြင်းဖြစ်သည်။

Sources; Original Uploader

No comments:

Post a Comment