Latest News

Friday, January 13, 2017

“လှချင်သူတိုင်း မှန်ကြည့်ပါ”

“လှချင်သူတိုင်း မှန်ကြည့်ပါ”

မှန်ဆိုတာ မှန်ရှေ့လာရပ်သူရဲ့ ပုံရိပ်ကို
အမှန်အတိုင်း ပေါ်စေနိုင်ပါတယ်။
မှန်ဘီလူး လှည့်စားမှု မရှိဘူးဆိုရင်ပေါ့လေ။
မှန်ကြည့်သူကလည်း ကိုယ့်ရဲ့ ပုံရိပ်ကို
မှန်ထဲမှာ အမှန်အတိုင်း တွေ့နိုင်ပါတယ်။
မှန်လို့ပဲ “မှန်” ကို “မှန်”လို့ ခေါ်တယ်ထင်ပါရဲ့။
မြတ်စွာဘုရား ဟောကြားညွှန်ပြထားတဲ့
တရားတော်တွေဟာလည်း “မှန်” တွေပါပဲ။
●“ကောင်းတဲ့စိတ်” မှန်သမျှကို “ကောင်းတဲ့စိတ်”ပဲ၊
●“မကောင်းတဲ့စိတ်” မှန်သမျှကို “မကောင်းတဲ့စိတ်”ပဲလို့
အမှန်အတိုင်း ဖော်ထုတ်ပေးထားပါတယ်။
မြတ်စွာဘုရားရဲ့ “တရားဓမ္မမှန်” မှာ
ကြည့်ရင် ကိုယ့်စိတ် တကယ် ကောင်းသလား၊
တကယ် မကောင်းဘူးလား ဆိုတာကို
အမှန်အတိုင်း သိနိုင်ပါတယ်။
သိတဲ့အတိုင်း ရဲရဲဝံ့ဝံ့ ပြုပြင်သွားမယ်ဆိုရင်တော့
မကောင်းတဲ့စိတ်တွေ ကင်းရှင်းပြီး
ကောင်းတဲ့စိတ်တွေ ပြည့်စုံလာမှာပါ။

✒အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)

No comments:

Post a Comment