Latest News

Wednesday, January 4, 2017

မလိခမြစ်အတွင်း စက်လှေတစ်စီး တိမ်းမှောက်ပြီး လူတစ်ဦးသေ၊ လေးဦးပျောက်ဆုံး

မလိခမြစ်အတွင်း စက်လှေတစ်စီး တိမ်းမှောက်ပြီး လူတစ်ဦးသေ၊ လေးဦးပျောက်ဆုံး

မလိခမြစ်အတွင်း လူ ၂၆ ဦး တင်ဆောင်လာသော စက် လှေတစ်စီး တိမ်းမှောက်ကာ လူ တစ်ဦးသေဆုံးပြီး လေးဦးပျောက် ဆုံးနေကြောင်း ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ပူတာအိုမြို့နယ်ကို ဖြတ် သန်းစီးဆင်းသော မလိခမြစ်နှင့် မူလာရှီးဒီချောင်းဆုံရာနေရာတွင်  ဇန်နဝါရီ ၂ ရက်ညနေက စက် လှေတစ်စီးတိမ်းမှောက်ခဲ့ပြီး အ သက်လေးလအရွယ် ကလေးငယ် တစ်ဦးသေဆုံးကာ အမျိုးသား တစ်ဦးနှင့် အမျိုးသမီးသုံးဦး ပျောက်ဆုံးနေကြောင်း ကချင် ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ထွန်းဦးက ပြောသည်။

‘‘ဖြစ်တဲ့နေရာက ရေစီးသန် တယ်ပြောတယ်။ လှေပေါ်မှာက လူ ၂၆ ယောက်တင်လာတယ်တဲ့။ ရေစီးသန်တဲ့ နေရာမှာ ကျောက် တုံးနဲ့   ငြိပြီးဖြစ်တယ်လို့ပြော တယ်။ ကလေးကို ဆေးရုံပို့ခဲ့ပေ မယ့် သေဆုံးသွားတယ်။ ပျောက် ဆုံးနေသူတွေကို ရှာနေတယ်။ ဖြစ်စဉ်ကိုလည်း တိတိကျကျ စုံစမ်းစစ်ဆေးနေတယ်’’ဟု ရဲမှူး ကြီးထွန်းဦးက ပြောသည်။

ဇန်နဝါရီ ၂ ရက်နေ့လယ်က ဖြစ်ခဲ့သော ယင်းစက်လှေတိမ်း မှောက်မှုတွင် ပျောက်ဆုံးနေသူ လေးဦးကို ဇန်နဝါရီ ၃ ရက် ညနေ အထိ မတွေ့ရသေးကြောင်း ပူ တာအိုခရိုင်ရဲတပ်ဖွဲ့မှ သတင်း ရရှိသည်။ ဖြစ်စဉ်အသေးစိတ်ကို ကချင်ပြည်နယ် ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဦး စီးဌာနအား ဆက်သွယ်မေးမြန်း ရာ မဖြေကြားနိုင်သေးကြောင်း ပြောသည်။

Sources; 7 Day News Journal

No comments:

Post a Comment