Latest News

Wednesday, January 4, 2017

ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းပွဲ အခမ်းအနားကျင်းပ

ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းပွဲ အခမ်းအနားကျင်းပ







နေပြည်တော် ဇန်န၀ါရီ ၎

ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် သဘင်ဆောင်၌ ကျင်း ပ ရာ နိုင်ငံတော် သမ္မတ ဦးထင်ကျော် တက်ရောက် အမှာ စကားပြောကြားပြီး ဂုဏ်ထူးဆောင်ဘွဲ့များ ပေးအပ်ချီးမြှင့်သည်။

ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းပွဲ အခမ်းအနား သို့ နိုင်ငံတော် သမ္မတ၏ ဇနီး ဒေါ်စုစုလွင်၊  နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့်ဇနီး၊ ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူနှင့်ဇနီး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် ဇနီး၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနှင့်ဇနီး၊ ပြည်ထောင်စု တရား သူကြီးချုပ် ဦးထွန်းထွန်းဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး၊  နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွန့်၊ ပြည်ထောင်စုရွေးကောက်ပွဲမရှင် ဥက္ကဋ္ဌ ဦးလှသိန်း၊ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ပြည်သူ့လွှတ် တော် ဒုတိယဥက္ကဋ္ဌ၊ အမျိုးသား လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စု လွှတ်တော် ဥပဒေရေး ရာနှင့် အထူး ကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင် ဥက္ကဋ္ဌ၊ ပြည်ထောင်စု ၀န်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စု စာရင်းစစ် ချုပ်၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊လေ)၊ ကာကွယ် ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာရှိကြီး များနှင့် ၎င်းတို့၏ဇနီးများ၊ လွှတ်တော် ရေးရာကော်မတီဥက္ကဋ္ဌများ၊ ဒုတိယ ၀န်ကြီးများ၊ ဘွဲ့တံဆိပ် ရရှိကြသူများနှင့် မိသားစုဝင် များ တက်ရောက်ကြ သည်။

အခမ်းအနားတွင် နိုင်ငံတော်သမ္မတက ယနေ့ပြုလုပ်သည့် အခမ်းအနား မှာ နိုင်ငံတော် တည်ဆောက်ရေးတွင် မဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊ ၀ီရိယနှင့် ထူးထူးချွန်ချွန် ကြိုးပမ်း ဆောင်ရွက်ခဲ့ကြသည့် ပုဂ္ဂိုလ်များ၊ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး တာဝန်ကို မိမိ ကိုယ်ကျိုးကို မငဲ့ကွက်ဘဲ ရဲဝံ့စွန့်စားစွာ ကြိုးပမ်း ထမ်းဆောင်ခဲ့ကြသည့် ပုဂ္ဂိုလ်များ အား ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းမည့် ထူးခြားလေးနက်သော အခမ်းအနား ပင်ဖြစ်ပါကြောင်း။

ယခုလို ထူးခြားလေးနက်သည့် အခမ်းအနားကို မိမိတို့ မြန်မာနိုင်ငံ ၏ နေ့ထူး နေ့မြတ်ဖြစ်သည့် လွတ်လပ်ရေးနေ့ အခါသမယတွင် ကျင်းပခြင်းဖြစ် ပါကြောင်း၊ မိမိတို့ နိုင်ငံ၏ လွတ်လပ်ရေး ပြန်လည်ရရှိရန် အသက်၊ သွေး၊ ချွေးပေါင်းများစွာ ရင်းနှီးပြီး နှစ်ပေါင်းများစွာ ကြိုးစားခဲ့ကြ ရပါကြောင်း၊  အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင် ဆန်း၏ ခေါင်းဆောင် မှုအောက်တွင်  မြန်မာတစ်မျိုးသားလုံး ဇွဲ၊ လုံ့လ၊ သတ္တိ အပြည့် ဖြင့် ညီညီညွတ်ညွတ် ကြိုးစားခဲ့သည့်အတွက် လွတ်လပ်ရေးကို အရယူနိုင်ခဲ့ခြင်းဖြစ် ပါကြောင်း။

အမျိုးသားခေါင်းဆောင်ကြီးများနှင့် ဘိုးဘေးဘီဘင်များ စွန့်လွှတ်စွန့်စား အား ထုတ် ကြိုးပမ်းရယူခဲ့ရသည့် မြန်မာ့လွတ်လပ်ရေးကို ကမ္ဘာတည်သရွေ့ အစဉ် ထာဝရ တည်တံ့ စေရန်အတွက် လွတ်လပ်ရေး အရယူခဲ့သည့် အချိန်ကကဲ့ သို့ မြန်မာ တစ်မျိုး သားလုံး ညီညီညွတ်ညွတ် လက်တွဲ ကာကွယ် စောင့်ရှောက်ကြ ရ မည်ဖြစ်ပါကြောင်း ၊(၆၉)နှစ်တိုင်ခဲ့ပြီဖြစ်သည့် မိမိတို့နိုင်ငံ၏ လွတ်လပ်ရေးကိုကာကွယ်ထိန်းသိမ်း စောင့်ရှောက်ရန်နှင့် လွတ်လပ် သည့် နိုင်ငံတော်ကြီး တည်ငြိမ်အေးချမ်းပြီး ခေတ်မီဖွံ့ဖြိုး တိုး တက်အောင် ဆောင်ရွက်ရမည့် တာဝန် သည် မြန်မာနိုင်ငံသူ၊ နိုင်ငံသား အားလုံး၏ တာဝန်ပင်ဖြစ်ပါကြောင်း။

ယခုလို တည်ငြိမ်အေးချမ်းပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုဖြစ်စေရန် ရည်မှန်းချက်ထားပြီး ဘက်စုံထောင့်စုံက တည်ဆောက်ရာတွင် နိုင်ငံတော်လုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နိုင်ငံတော် တည်ဆောက်ရေးတာဝန်များတွင် တိုင်းကျိုးပြည်ကျိုးကို အများထက် ထူးကဲသာလွန် စွာ ထမ်းဆောင်ခဲ့ကြသည့် ပုဂ္ဂိုလ်များအား ဂုဏ်ထူးဆောင်ဘွဲ့များ ဂုဏ်ပြုချီးမြှင့် ခြင်းသည် ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုခြင်းဆိုသည့် မင်္ဂလာတစ်ပါးပင်ဖြစ်ပါကြောင်း။

နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက် မိမိတို့၏ အသက်ခန္ဓာကိုယ်ကို ပဓာန မထားဘဲ ကြံ့ခိုင်သည့် စိတ်ဓာတ်၊ စံတင်ထိုက်သည့် စွမ်းရည်၊ ဂုဏ်ယူထိုက်သည့် စွန့်စားခြင်းမျိုးဖြင့် ထူးထူးချွန်ချွန်ဆောင်ရွက်ခဲ့ကြသူများကို ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းရန် စိစစ်ရေးအဖွဲ့၏ ထောက်ခံတင်ပြ ချက် အရ ယခုလို ဂုဏ်ပြုချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားကျင်းပပြုလုပ်ပြီး သီဟသူရ ဘွဲ့တံ ဆိပ် ရရှိသူ (၁)ဦးနှင့် သူရဘွဲ့တံဆိပ်ရရှိသူ(၁၄)ဦးတို့အား ဂုဏ်ယူစွာဖြင့် ဂုဏ်ထူး ဆောင် ဘွဲ့တံဆိပ်များ ပေးအပ်ချီးမြှင့်သွားမည် ဖြစ်ပါကြောင်း။

ယနေ့ ရရှိခဲ့သည့် ဂုဏ်ထူးဆောင်ဘွဲ့များနှင့် ဂုဏ်ထူးဆောင်တံဆိပ်များသည် မိမိတို့ ဖြတ်သန်းခဲ့ရသည့် ခက်ခဲကြမ်းတမ်းသည့် ဘ၀ကို အောင်မြင်စွာ ကျော် လွှားနိုင် ခဲ့ကြသည့် မိမိတို့၏ စွမ်းဆောင်ရည်များကို နိုင်ငံတော်က မှတ်ကျောက် တင်ခြင်း ခံရ သည့် သင်္ကေတ အမှတ်အသား တစ်ခုဖြစ် ပါကြောင်း၊ ယနေ့ အခမ်းအနားကို ကိုယ်တိုင်တက်ရောက်ခြင်း မပြုနိုင်တော့ သည့် ပုဂ္ဂိုလ်များအနေဖြင့်လည်း သားစဉ် မြေးဆက် ဂုဏ်ယူစရာ ပင်ဖြစ် ပါကြောင်း၊ နိုင်ငံတော်နှင့် ပြည်သူကိုယ်စား လေးစား ဂုဏ်ယူပါသည်ဟုလည်း အလေးအနက် ပြောကြားလိုပါကြောင်း။

ဂုဏ်ပြုချီးမြှင့်ထိုက်သူကို ဂုဏ်ပြုချီးမြှင့်ခြင်းသည် မင်္ဂလာတရားတော်နှင့် အညီ ဆောင်ရွက်ခြင်းဖြစ်ပြီး မိမိတို့၏ ဘ၀တစ်သက်တာအတွင်း တိုင်းပြည် အတွက် ကြိုးပမ်း ဆောင်ရွက်ခဲ့မှုများကို ထိုက်ထိုက်တန်တန် မှတ်တမ်းတင် ဂုဏ်ပြုချီးမြှင့်ခြင်း ခံရခြင်းဖြစ် ပါကြောင်းနှင့် ဆက် လက်ပြီး နိုင်ငံတော်ကြီး ရေရှည် တည်တံ့ခိုင်မြဲရေး၊ အေးချမ်း သာယာရေး၊ ခေတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူမျိုးစွဲ၊ ၀ါဒစွဲ မထားဘဲ၊ စိတ်ဝမ်း မကွဲကြဘဲ သမိုင်းကြောင်းအစဉ်အလာကို ဆက်လက်ထိန်းသိမ်းရင်း မိမိတို့ နိုင်ငံ၊ မိမိတို့၏ အချုပ်အခြာအာဏာကို ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ကြပါ၊  မိမိတို့၏ သားစဉ်မြေးဆက်များကိုပါ  မိမိတို့လို ကြိုး ပမ်းဆောင်ရွက်စေရန် စံနမူနာ ကောင်းများ လက်ဆင့်ကမ်းပေးကြပါဟု တိုက် တွန်းပြောကြားသည်။

ထို့နောက် နိုင်ငံတော်သမ္မတက ၂၀၁၆ ခုနှစ်တွင် ချီးမြှင့်အပ်နှင်းခဲ့သော တပ်မတော် ဆိုင်ရာ စွမ်းရည်သတ္တိဘွဲ့ဖြစ်သည့် သီဟသူရဘွဲ့ရရှိသူ အမှတ်(၁၀၉) ခြေမြန် တပ်ရင်းမှ ကြည်း-၅၃၀၉၈ ဗိုလ်ကြီးစွမ်းရည်အောင် (ကျဆုံး)ကိုယ်စား ဖခင် ဖြစ်သူ ဦးခင်မောင်ဝင်း၊ သူရဘွဲ့ရရှိကြသည့် အမှတ်(၄)ခြေလျင် တပ်ရင်းမှ ကြည်း-၃၁၄၈၀ ဒုတိယဗိုလ်မှူးကြီး ဇော်မျိုး (ကျဆုံး)ကိုယ်စား ဇနီးဖြစ်သူဒေါ်နွဲ့ရီဝင်း၊ အမှတ်(၆) ခြေမြန် တပ်ရင်းမှ ကြည်း-၃၄၂၂၇ ဗိုလ်မှူးရာဇာမင်းထွန်း (ကျဆုံး)ကိုယ်စား ဇနီးဖြစ် သူ ဒေါ်နှင်းပွင့်ဟန်၊ အမှတ်(၁)ခြေလျင်တပ်ရင်းမှ ကြည်း-၃၈၃၂၆ ဗိုလ်ကြီး နေလ၀င်း (ကျဆုံး)ကိုယ်စား ဇနီးဖြစ်သူ ဒေါ်မြိုင်၊ အမှတ်(၁၁)ခြေလျင် တပ်ရင်းမှ ကြည်း -၄၂၆၆၇ ဗိုလ်ကြီးမင်းအောင်၊ အမှတ် (၄)ခြေလျင်တပ်ရင်းမှ ကြည်း- ၄၆၉၄၇ ဗိုလ်ကြီး ငြိမ်းချမ်းကျော် (ကျဆုံး)ကိုယ်စား ဖခင်ဖြစ်သူ ဦးမျိုးဝင်း၊ တပ်မတော်ကြည်းဗိုလ် သင်တန်းကျောင်း (ဗထူး)မှ ကြည်း -၅၄၅၆၁ ဗိုလ်ကြီးစိုးညွှန့်နိုင်၊ ဒေသကွပ်ကဲမှု စစ်ဌာန ချုပ် (စစ်တွေ)မှ ကြည်း-၅၅၇၀၄ ဗိုလ်ကြီးရန်ကျော်၊ စစ်တက္ကသိုလ်မှ ကြည်း-၆၀၇၇၃ ဗိုလ်ကြီးသက်ခိုင်၊ အမှတ်(၉)ခြေမြန်တပ်ရင်းမှ ကြည်း-၆၁၆၉၀ဗိုလ်ကြီး ပြည့်စုံအောင် အမှတ်(၁၀၉) ခြေမြန် တပ်ရင်းမှ ကိုယ်ပိုင်အမှတ် ၅၉၇၃၈၅ ဒုတိယ အရာခံဗိုလ်ဝင်းနိုင် (ကျဆုံး) ကိုယ်စား ဇနီးဖြစ်သူဒေါ်မိမိစန်း၊ အမှတ်(၆) ခြေမြန် တပ်ရင်းမှ တ/၃၂၇၁၁၁ ဒုတိယတပ်ကြပ်လှအေး (ကျဆုံး) ကိုယ်စား အစ်ကိုဖြစ် သူ ဦးလှမျိုး၊ အမှတ်(၁၁၉) ခြေမြန်တပ်ရင်းမှ တ/၃၇၂၃၃၅ ဒုတိယတပ်ကြပ်ရဲဇော် (ကျဆုံး) ကိုယ်စား ဇနီးဖြစ်သူ ဒေါ်ဇီးဖြူမ၊ အမှတ်(၄) ခြေလျင် တပ်ရင်းမှ တ/၄၀၄၀၀၉ ဒုတိယတပ်ကြပ်နေမင်း (ကျဆုံး) ကိုယ်စား မိခင်ဖြစ်သူဒေါ်သန်းမြင့်၊ အမှတ်(၁၁) ခြေလျင် တပ်ရင်းမှ တ/၄၇၇၂၁၅ ဒုတိယ တပ်ကြပ်ပိုးလေးတို့အား ဂုဏ်ထူး ဆောင် ဘွဲ့များ ပေးအပ် ချီးမြှင့် သည်။

ယင်းနောက် နိုင်ငံတော် သမ္မတသည် သီဟသူရဘွဲ့၊ သူရဘွဲ့ရရှိသူများနှင့် အတူ စုပေါင်း မှတ် တမ်းတင် ဓာတ်ပုံရိုက်ပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
ယနေ့အခမ်းအနားတွင် သီဟသူရဘွဲ့တံဆိပ်ရရှိသူ တစ်ဦးနှင့် သူရဘွဲ့တံဆိပ် ရရှိသူ ၁၄ ဦးတို့အား ဂုဏ်ထူးဆောင်ဘွဲ့တပ်ဆိပ်များ ပေးအပ်ချီးမြှင့်ခဲ့သည်။

Sources; (သတင်းစဉ်) MOI

No comments:

Post a Comment