Latest News

Tuesday, January 31, 2017

တာဝန်ရှိ လက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် ကိုနေ၀င်းလောက် သတ္တိမရှိလျှင်တောင် ကိုနေ၀င်းတစ်ဝက်လောက် သတ္တိရှိသူများဖြစ်စေချင်

တာဝန်ရှိ လက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် ကိုနေ၀င်းလောက် သတ္တိမရှိလျှင်တောင် ကိုနေ၀င်းတစ်ဝက်လောက် သတ္တိရှိသူများဖြစ်စေချင်


တာဝန်ရှိ လက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် ကိုနေ၀င်းလောက် သတ္တိမရှိလျှင်တောင် ကိုနေ၀င်း တစ်ဝက်လောက် သတ္တိရှိသူများ ဖြစ်စေ ချင်ကြောင်း ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုမင်းကိုနိုင်က တက္ကစီယာဉ်မောင်း ဦးနေ၀င်း၏ ဈပနအပြီးတွင် မီဒီယာများ သို့ ပြောကြားခဲ့သည်။

“လက်နက်ကိုင် အဖွဲ့အစည်းအတွေက ဒီထက်ပိုပြီးတော့ စောင့်ရှောက်နိုင် တဲ့သူတွေ ကိုနေ၀င်းလောက် သတ္တိမရှိရင်တောင် ကိုနေ၀င်း တစ်ဝက်လောက် သတ္တိရှိတဲ့သူတွေ ဖြစ်စေချင်တယ် ဘာကြောင့်လဲဆိုတော့ တာဝန်ကိုးဗျ။ တာဝန်အပြည့် ယူထားတဲ့သူတွေက သူ့တာဝန်ကိုသူ ယူရမယ်” ဟု ကိုမင်းကိုနိုင်ကပြောသည်။

လက်ရှိအချိန်တွင် ပြည်သူများ၏ စိတ်ထဲ၌ သင်္ချိုင်းဖြစ်စေ၊ လေဆိပ်ဖြစ်စေ၊ ဘူတာရုံဖြစ်စေ အနောက်မှ သေနတ်ဖြင့် တေ့ထားသလား ဆိုသည့် သံသယဒဏ်ကို ခံစားနေရတုန်းဖြစ်သည်ဟုလည်း ၎င်းကဆိုသည်။

“သံသယဒဏ် ခံစားနေရတုန်းပဲ။ ဘာဖြစ်လို့လဲဆိုတော့ ရှေ့မှာ တင်ဖြစ်ခဲ့ပြီကိုး။ ဒီဟာအတွက်ကတော့ ကျွန်တော်တို့ လက်နက်ကိုင် အဖွဲ့အစည်းတွေကလည်း တာဝန်ရှိသည့် အလျောက် အရင်ထက်ပိုပြီး သတိဝီရိယနဲ့ စောင့်ရှောက် ဖို့ လိုသလို ပြည်သူအချင်းချင်းလည်း အပြန်အလှန် စောင့်ရှောက်ကြရလိမ့်မယ်။ တကယ်ကတော့ ကိုယ့်အလုပ်ကိုယ် လုပ်တာတော့ အကောင်းဆုံးပေါ့” ဟု ကိုမင်းကိုနိုင်က ပြောကြားခဲ့သည်။

ထို့အတူ အသက်မသေသော်လည်း ကိုနေ၀င်းကဲ့သို့ စွန့်စားခဲ့သည့် တက္ကစီယာဉ်မောင်း အားလုံးကိုလည်း အသိအမှတ် ပြုရမည်ဖြစ်သည်။ ကိုနေ၀င်းအနေဖြင့် အသတ်စွန့်၍ ရအောင်ဖမ်းဆီးမှုမျိုး မလုပ်ဆောင်နိုင်ပါက သံသယစိတ် ကြီးမားပြီး ပြည်သူများ အုပ်စုဖွဲ့ တိုက်ခိုက်မှုများ ဖြစ်သွားနိုင်သည်ဟုလည်း ၎င်းကဆိုသည်။

“သူ့ရဲ့စွမ်းဆောင်မှုကြောင့် ဒီကနေ့ထိတော့ လူတွေက ဒီအမှုကို စစ်ဆေးဆဲဆိုတာကို စိတ်ရှည်ရှည်နဲ့ စောင့်နေကြတာပေါ့။ ဒါဒီနေ့ဒီအချိန်ထိတော့ သူ့ရဲ့စွန့်လွှတ်မှုက ဒီလောက် အရာထင်တယ်၊ ဒီထက်အရာထင်တာ များစွာ ရှိပါသေးတယ်” ဟုလည်း ကိုမင်းကိုနိုင်က ဆက်လက်ပြောကြားခဲ့သည်။

သေနတ်သမားတစ်ဦး၏ ပစ်သတ်မှုကြောင့် သေဆုံးသွားသည့် အငှားယာဉ်မောင်းသမား ကိုနေဝင်း အသက် ၄၈ နှစ် ကို  ရန်ကုန်တိုင်း အစိုးရ အဖွဲ့အစီအစဉ်ဖြင့် ရေဝေးသုသာန်တွင် ဂူသွင်းသင်္ဂြိုဟ်ခဲ့သည်။ ကိုနေဝင်း၏ နောက်ဆုံးခရီးကို လူထောင်နှင့်ချီ လိုက်ပါပို့ဆောင် နှုတ် ဆက်ခဲ့ကြသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီနာယက သူရဦးတင်ဦး၊ ရန်ကုန်တိုင်း လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ ၈၈ မျိုးဆက်ကျောင်းသား ကိုမင်းကိုနိုင် စသည်တို့က ဝမ်းနည်းကြောင်း အမှတ်တရ စကားများ ပြောကြားခဲ့သည်။ ထိုအပြင် ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူးလည်း ကိုနေဝင်း၏ နာရေးကို လိုက်ပါ ပို့ဆောင်ပေးခဲ့သည်။

News - Photo ဇော်မင်းထွန်း
The Ladies News

No comments:

Post a Comment