Latest News

Tuesday, January 31, 2017

ပညာရေးဝန်ကြီးဌာန ကကျောင်းဖွင့်ရက်တွေနဲ့ ပိတ်ရက်တွေ ထုတ်ပြန်ထား

ပညာရေးဝန်ကြီးဌာန ကကျောင်းဖွင့်ရက်တွေနဲ့ ပိတ်ရက်တွေ ထုတ်ပြန်ထား


ရန်ကုန် ဇန်နဝါရီ (၃၁) အခု ၂၀၁၇ ပညာသင်နှစ်အတွက် ကျောင်းပိတ်ရက်တွေနဲ့ ပညာရေး ရုံးတွေ ဖွင့် ရက် ပိတ်ရက်တွေကို ပညာရေးဝန်ကြီးဌာနက ထုတ်ပြန် ကြေငြာထားပါတယ်။

၂၀၁၇ ခုနှစ် ပညာသင်နှစ်မှာ အခြေခံပညာကျောင်းတွေရဲ့ တရားဝင် ကျောင်းပိတ်ရက် (၈၈) ရက်ရှိပြီး၊ ပုံမှန်ပိတ်ရက်စနေ၊တနင်္ဂနွေနေ့တွေ အပါဝင် (၇၈) ပါရှိပါတယ်။

 

စုစုပေါင်း ကျောင်းပိတ်ရက် (၁၆၆)ရက်ရှိပြီး ကျောင်းဖွင့် ရက် စုစုပေါင်း (၁၉၉) ရက်ရှိတယ်လို့ သိရပါတယ်။ ရုံးပိတ်ရက် (၁၂၆) ရက်နဲ့ ရုံးတက်ရက် (၂၃၉) ရက်ရှိပါတယ်။

ပညာရေးဝန်ကြီးဌာနအနေနဲ့ နှစ်စဉ် ရုံး၊ ကျောင်းတွေရဲ့ ပိတ်ရက် တွေကို ထုတ်ပြန်သတ်မှတ်ပေးတာဖြစ်ပါတယ်။

ပညာရေးဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ ရုံး၊ကျောင်းစတာတွေကို သဘာဝဘေး အန္တာရယ် ကျရောက်တာ၊ ကျောင်းတည်ရှိတဲ့ ဒေသတွေမှာ ပဋိပက္ခ ဖြစ်ပွားတာ ၊ အသက်အန္တရယ် လုံခြုံရေး လိုအပ်မှုရှိတာ စတဲ့ အခက်ခဲတွေရှိပါက သက်ဆိုင်ရာ တာဝန်ရှိသူတွေကို တင်ပြပြီး ခေတ္တယာယီ ပိတ်ထားခွင့် ရှိတယ်လို့ သိရပါတယ်။

Author  မေသော်တာမောင်



Kumudra

No comments:

Post a Comment