Latest News

Saturday, January 7, 2017

ကျန်းမာရေးနှင့်အညီ ကိုယ်အလေးချိန် လျှော့ချရန် အပင်ကို အခြေခံသော အစားအစာများစားပါ

ကျန်းမာရေးနှင့်အညီ ကိုယ်အလေးချိန် လျှော့ချရန် အပင်ကို အခြေခံသော အစားအစာများစားပါ

နှစ်သစ်တွင် ကျန်းမာရေးနှင့်အညီ စားသောက်ပြီး ကိုယ်အလေးချိန်လျှော့ချရန် ဆုံးဖြတ်ထားပါက သွေးတိုးရောဂါ တားဆီးရေး အစားအစာများဖြင့် ချဉ်းကပ်ခြင်းဟု အမည်ပေးထားသည့် DASH ခေါ် အပင်အခြေခံအစားအစာများမှာ အသင့်တော်ဆုံးဖြစ်ကြောင်း လေ့လာမှုအသစ်တစ်ရပ်က ဖော်ပြသည်။

အပင်များကို အခြေခံသော အစားအစာများသည် အလုံးစုံကျန်းမာရေးအတွက် အကောင်းဆုံးရွေးချယ်မှုဖြစ်ကြောင်း အမေ ရိကန်သတင်းနှင့် ကမ္ဘာ့အစီရင်ခံချက်အဖွဲ့မှ သုတေသီများကပြော သည်။ မြေထဲပင်လယ်ဒေသ စားစရာများမှာလည်း ကျန်းမာရေး အတွက် ကောင်းမွန်သည်။

သဘာဝဆန်၊ ဂျုံ၊ ပဲ၊ ပြောင်း၊ သစ်သီးများ၊ ဟင်းသီးဟင်းရွက်များ၊ အဆီနည်းသော (သို့မဟုတ်)မပါသော နို့ထွက်ပစ္စည်းများ၊ အဆီမပါသော အသားများ၊ မွေးမြူရေးတိရစ္ဆာန်အသားများနှင့် ငါးများစားသုံးရန် အဓိကအားဖြင့် ညွှန်ကြားလေ့ရှိပြီး အစေ့ အဆန်များ၊ ပဲအမျိုးမျိုးတို့ စားရန်လည်း ညွှန်းလေ့ရှိကြသည်။

ယခုလေ့လာမှုကို အာဟာရပညာရှင်များ၊ နို့ထွက်ပစ္စည်းစား သောက်မှုဆိုင်ရာ အတိုင်ပင်ခံများ၊ ဆီးချိုရောဂါအထူးကုဆရာဝန်များ၊ နှလုံးကျန်းမာရေးနှင့် ကိုယ်အလေးချိန်လျှော့ချရေး ကျွမ်းကျင်သူများပါဝင်သော အဖွဲ့တစ်ဖွဲ့က လေ့လာခဲ့ခြင်းဖြစ်သည်။

ကျန်းမာရေးနှင့်အညီ စားသောက်ခြင်းအပြင် ကျန်းမာရေး ကောင်းစေရေး လေ့ကျင့်ခန်းလုပ်ရန် လိုအပ်သည်ဟု ဒေါက်တာ ကတ်ဇ်ကပြောသည်။

အစားအစာသည် ခန္ဓာကိုယ်အတွက် လောင်စာဖြစ်ပြီး ဘ၀တစ်သက်တာ အရေးကြီးသော်လည်း လေ့ကျင့်ခန်းနှင့် ပေါင်းစပ် ရန် အလွန်အရေးကြီးသည်ဟု ဒေါက်တာကတ်ဇ်ကပြောသည်။

လူသန်းပေါင်းများစွာသည် ကိုယ်အလေးချိန် လျှော့ချရေး လူကြိုက်များသော ဓာတ်စာများ၊ စီမံကိန်းများနှင့် ဆေးဝါးများကို အသုံးပြုနေကြသော်လည်း အ၀လွန်မှုမှာ ပြဿနာတစ်ရပ်အဖြစ် ရှိနေဆဲဖြစ်သည်။ ကျန်းမာရေးနှင့်ညီသော ကိုယ်အလေးချိန်ကို ထိန်းသိမ်းထားနိုင်ရေး တစ်ခုတည်းသော နည်းလမ်းမှာ ဘ၀တစ်သက်တာထိန်းသိမ်းနိုင်မည့် စားသောက်မှုပုံစံများ ဖန်တီးယူခြင်းနှင့် ကျန်းမာနေခြင်းသည် ပိန်လှီနေခြင်းထက် ပိုအရေးကြီးသည်ဆိုခြင်းကို အမြဲမှတ်ထားရန် လိုသည်ဟု ကိုယ်အလေးချိန်လျှော့ ချရေး အတိုင်ပင်ခံပုဂ္ဂိုလ် ဆာမန်ဘာဟယ်လာကပြောသည်။

အပင်အခြေခံအစားအစာများက နှလုံးရောဂါ၊ မှတ်ဉာဏ်ဆုံးရှုံးနိုင်မှု၊ ကင်ဆာရောဂါ၊ အမျိုးအစား-၂ ဆီးချိုရောဂါနှင့် အ၀လွန်ဖြစ်နိုင်သည့်အန္တရာယ်များကို လျှော့ချပေးနိုင်သည်ဟု ဟယ်လာကပြောသည်။                                        

Sources;  UPI / 7 Day

No comments:

Post a Comment