Latest News

Friday, January 13, 2017

ပုသိမ်ခရိုင်တွင် ၂ နှစ်ကျော်အတွင်း တောဆင်ရိုင်းသတ်ဖြတ်ခံရမှု (၂၉)ကြိမ်ဖြစ်ပွားခဲ့

ပုသိမ်ခရိုင်တွင် ၂ နှစ်ကျော်အတွင်း တောဆင်ရိုင်းသတ်ဖြတ်ခံရမှု (၂၉)ကြိမ်ဖြစ်ပွားခဲ့


ပုသိမ်ခရိုင်တွင် ၂ နှစ် ကျော်အတွင်း တောဆင်ရိုင်းသတ်ဖြတ်ခံရမှု (၂၉)ကြိမ်ဖြစ်ပွား ပြီး ဖြစ်ပွားမှုအားလုံးကို တော ရိုင်းတိရစ္ဆာန်၊ သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ် မြေများ ထိန်းသိမ်းရေးဥပဒေဖြင့် အမှုဖွင့်အရေးယူထားကြောင်း ပုသိမ်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ သတင်း ရရှိသည်။

အနောက်ရိုးမနှင့် ဆက်စပ် နေသည့် ပုသိမ်၊ ငပုတော၊ သာ ပေါင်းမြို့နယ်တို့တွင် ၂၀၁၅ မှ ၂၀၁၇ ဇန်နဝါရီ ၁၂ ရက်အထိ ၂ နှစ်ကျော် (၂၄ လကျော်) အတွင်း ဖြစ်ပွားခဲ့ပြီး ဆင်သတ်မုဆိုး များကို ရှာဖွေဖော်ထုတ် ဖမ်းဆီး ရာ လက်ရှိ၌ သံသယရှိသူ ၁၉ဦးအား ရမန်ယူ၍ စစ်ဆေးခဲ့ကာ ၁၄ ဦးကို တရားစွဲဆိုထားကြောင်း ပုသိမ်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ဝင်းမြင့်ထူးက ပြောသည်။

ပုသိမ်ခရိုင်တွင် ၂၀၁၅ အ တွင်း တောဆင်ရိုင်း သတ်ဖြတ်ခံရမှု (၁၄)ကြိမ်၊ ၂၀၁၆ အတွင်း (၁၃)ကြိမ်နှင့် ၂၀၁၇ ဇန်နဝါရီ ၁၂ ရက်ထိ နှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့ မှတ်တမ်းများအရ သိရသည်။

‘‘ဒေသခံတွေက ဆင်သတ် တဲ့ အဓိကသူတွေမဟုတ်ပါဘူး။ အားပေးကူညီတဲ့ အလုပ်သမား တွေသာ ဖြစ်ပါတယ်။ ဆင်သတ် တဲ့သူတွေက တခြားနေရာဒေသ ကလာတဲ့ ဆင်သတ်ကျွမ်းကျင်သူ တွေပါ။ တစ်ယောက်၊ နှစ်ယောက် ပဲလာပြီး ဒေသခံတွေကို ဝေစုပေး ပြီးတော့ တောဆင်ရိုင်းတွေကို သတ်ဖြတ်တာပါ’’ဟု ဒုရဲမှူးကြီး ဝင်းမြင့်ထူးက ရှင်းပြသည်။

တောဆင်ရိုင်းများ သတ် ဖြတ်ခံရမှုသည် စပါးပေါ်ချိန် ပွင့်လင်းရာသီတွင် အဖြစ်များပြီး လူနှင့် ဆင်ပဋိပက္ခကြောင့် အသတ်ခံရခြင်းမဟုတ်ဘဲ စီးပွားရေးအရ ဆင်သတ်သူများကြောင့်သာ သေဆုံးရခြင်း ဖြစ်ကြောင်း၊  ဆင်မုဆိုးများသည် တောတောင်များတွင် သစ်ခုတ်၊ ဝါးခုတ်သည့်ဒေသခံများ၏ ဆင်းရဲမှုကို အခွင့်ကောင်းယူ၍ စီးပွားရေးအရ ဒေသခံများကို အသုံးချနေကြောင်း ၎င်းက ပြောသည်။

‘‘အခုဖမ်းဆီးရမိထားတဲ့သူ တွေဆီကနေ ဆင်သတ်ရာမှာ အသုံးပြုတဲ့ လက်လုပ်သေနတ်၊ တူမီးသေနတ်၊ ဒူးလေး၊ အဆိပ်၊ ယမ်းနဲ့ ခဲသီးတွေ၊ ဘောစေ့တွေ ကို မိထားသလို ဆင်အရေခွံ၊ အံ သွားနဲ့အရိုးတွေကိုလည်း ထိန်း သိမ်းရမိထားတယ်။ အဲဒီလို ဖမ်း ဆီးရမိထားသူတွေကို လက်နက် ဥပဒေနဲ့ပါ အရေးယူသွားမှာဖြစ် ပါတယ်’’ဟု ဒုရဲမှူးကြီးဝင်းမြင့်ထူး က ပြောသည်။

ဆင်သတ်သူများကို၁၉၉၄ တွင် ပြဋ္ဌာန်းသည့် တောရိုင်း တိရစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေ များ ထိန်းသိမ်းရေးဥပဒေ ပုဒ်မ၃၇ ဖြင့် အမှုဖွင့်ထားပြီး စစ်ဆေး ပေါ်ပေါက်ပါက အများဆုံး အပြစ်ဒဏ်  ထောင်ဒဏ်ခုနစ်နှစ်နှင့် ဒဏ်ငွေငါးသောင်းကျပ် ပေးဆောင်ရမည်ဖြစ်ကြောင်း ဒုရဲမှူးကြီးဝင်းမြင့်ထူးက ဆိုသည်။

Sources; 7Day News Journal


No comments:

Post a Comment