Latest News

Tuesday, January 17, 2017

တန်ဖိုးအရှိဆုံး ဘောလုံးသမားက မက်ဆီနှင့် ရော်နယ်ဒို မဟုတ်တော့

တန်ဖိုးအရှိဆုံး ဘောလုံးသမားက မက်ဆီနှင့် ရော်နယ်ဒို မဟုတ်တော့

မက်ဆီနဲ့ ရော်နယ်ဒိုဟာ တန်ဖိုးအရှိဆုံး၊ ဈေးအကြီးဆုံး ကစားသမားတွေအဖြစ် သတ်မှတ်မခံရတော့ပါဘူး။

လေ့လာမှု စစ်တမ်းတစ်ခုအရ ဥရောပ ထိပ်သီးဘောလုံးသမားတွေထဲမှာ တန်ဖိုးအရှိဆုံး ဘောလုံးသမားက မက်ဆီနဲ့ ရော်နယ်ဒိုမဟုတ်တော့ဘူးလို့ သိရပါတယ်။

ဘာစီလိုနာ ကြယ်ပွင့်ကစားသမား နေမာက ဥရောပမှာ တန်ဖိုးအရှိဆုံးဘောလုံးသမား အဖြစ်သတ်မှတ်ခံခဲ့ရကြောင်း သိရပါတယ်။ နေမာရဲ့ နောက်မှာ မက်ဆီက ဒုတိယတန်ဖိုးအရှိဆုံး ကစားသမားအဖြစ်သတ်မှတ်ခံခဲ့ရပြီး ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု ရထားတဲ့ အသက် ၃၁ နှစ်အရွယ် ရော်နယ်ဒိုကတော့ တန်ဖိုးအရှိဆုံးကစားသမားစာရင်းမှာ နံပတ်-၇ သာစာရင်းချိတ်ခဲ့ပါတယ်။ ဥရောပတန်ဖိုးအရှိဆုံးကစားသမားအဖြစ် သတ်မှတ်ခံထားရတဲ့ နေမာဟာ လက်ရှိမှာ ယူရို ၂၄၆ သန်း တန်ဖိုးရှိကြောင်း အဆိုပါစစ်တမ်းက ဖော်ပြထားပါတယ်။

အခု အသစ်ထပ်မံဖော်ပြလိုက်တဲ့ တန်ဖိုးအရှိဆုံးကစားသမားဆရင်းကို CIES ဘောလုံးသုတေသနအဖွဲ့အစည်းက လေ့လာထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ကစားသမားရဲ့လက်ရှိအသက်အရွယ်၊ အောင်မြင်မှု၊ ရှေ့ဆက်အောင်မြင်နိုင်ချေအလားအလာတို့ကို ထည့်သွင်းတွက်ချက် ဖော်ပြခဲ့တာပါ။ ဥရောပရဲ့ တန်ဖိုးအရှိဆုံးကစားသမားစာရင်း ထိပ်ဆုံးငါးဦးစာရင်းမှာ နေမာအပါအဝင် ဘာစီလိုနာကစားသမား သုံးဦးအထိပါဝင်ခဲ့ပါတယ်။ ဘာစီလိုနာ အသင်းတိုက်စစ်မှူး  ဆွာရက်ဇ်ကလည်း တန်ဖိုးအရှိဆုံးကစားသမား အဆင့်-၅ စာရင်းမှာ ပါဝင်နေတာဖြစ်ပါတယ်။ ထိပ်ဆုံးဆယ်ဦးစာရင်းမှာတော့ စပါးကစားသမား ဟယ်ရီကိန်းနဲ့ ဒီးလ်အလီတို့လို လူငယ်ခြေတက် ကစားသမားတွေပါဝင်ခဲ့တာတွေ့ရပါတယ်။
FCBUSINESS MAGAZINE @FCBUSINESS
Top 100 most expensive players based on transfer values via @CIES_Football @sportCIES: https://t.co/SCFJaB5YCu https://t.co/WtNDxEAWwv


ရော်နယ်ဒိုကတော့ လက်ရှိမှာ ၁၂၆ သန်းတန်ဖိုးရှိတယ်လို့ သတ်မှတ်ခံရပြီးဆင့် - ၇ ဖြစ်ပါတယ်။ စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာတဲ့ ပေါ့ဂ်ဘာက တန်ဖိုးအရှိဆုံးကစားသမားစာရင်းမှာ အဆင့်-၃ ဖြစ်ပါတယ်။
Neymar Goal - Barcelona vs Athletic Bilbao 3-1

Source : ESPN:Duwun

No comments:

Post a Comment