Latest News

Wednesday, January 4, 2017

လွန်းထားထား (ဆေးတက္ကသိုလ်)နှင့် တွေ့ဆုံခြင်း

လွန်းထားထား (ဆေးတက္ကသိုလ်)နှင့် တွေ့ဆုံခြင်း
ဓာတ်ပုံ - ကျော်ဇင်သန်း
‘‘အရင်ကတည်းက ရသကို ရေးချင်ခဲ့တယ်။ အခုချိန်မှာ အချစ်ဝတ္ထုကိုလည်း အတန်အသင့်ရေးခဲ့ပြီးပြီဆိုတော့ ရသလိုင်းဘက်ကို ကူးဖို့ စိတ်ကူးရှိပါတယ်’’

ပြည်ပတွင် ခေတ္တအခြေချနေထိုင် ဖြစ်သော်လည်း လုံးချင်းဝတ္ထုများ အဆက်မပြတ်ရေးသားလျက်ရှိပြီး စာဖတ်ပရိသတ်များနှင့် အဆက် မပြတ်ထိတွေ့နေသူက စာရေး ဆရာ မလွန်းထားထား (ဆေးတက္ကသိုလ်)ပင်ဖြစ်သည်။ ခင်ပွန်းဖြစ် သူရှိရာ ဗြိတိန်သို့ လိုက်ပါနေထိုင် ပြီး နှစ်စဉ် ဒီဇင်ဘာရောက်တိုင်း မြန်မာနိုင်ငံသို့ ပြန်လာလေ့ရှိသည့် စာရေးသူနှင့် ဒီဇင်ဘာ ၃၁ ရက်က ၎င်း၏ ဝတ္ထုကို ရုပ်ရှင်အဖြစ် ပြန်လည်ရိုက်ကူးမည့် ‘ကြယ်’ ရုပ်ရှင်ဇာတ်ကား
ကန်တော့ပွဲပေးပွဲတွင် တွေ့ဆုံမေးမြန်းခဲ့သည်များကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။ လတ်တလော ၎င်း၏ ခင်ပွန်းသည် နှင့်ပတ်သက်၍ မေးမြန်းမှုများကိုမူ ဖြေဆိုခြင်းမရှိဘဲ သီးသန့်သတင်းစာရှင်းလင်းပွဲပြုလုပ်၍ ပရိသတ် ထံ အသိပေးမည်ဟု ၎င်းက ပြော သည်။

ကြယ်ရုပ်ရှင်ဇာတ်ကားက အစ်မ ရဲ့ ဝတ္ထုကိုရိုက်မှာဆိုတော့  ဒီဝတ္ထုဇာတ်လမ်းလေးအကြောင်းနဲ့  ရုပ် ရှင်ရိုက်ဖြစ်သွားတဲ့အကြောင်း ပြောပြပေးပါလား။

ကြယ်က အစ်မရဲ့ ‘မော့ကြည့်တော့ကြယ်’ဆိုတဲ့ လုံးချင်းဝတ္ထုလေးပါ။ ဒီဝတ္ထုလေးထွက် ပြီးတော့ သူငယ်ချင်းကလည်း ဒီဝတ္ထုလေးရဲ့ မက်ဆေ့ခ်ျလေးတွေ ကိုကြိုက်တယ်။ အဓိကကတော့ လူငယ်လေးတွေရဲ့ စိတ်ဓာတ်ခွန်အား
ပေးတဲ့ ဝတ္ထုလေးလည်းဖြစ် တယ်။ ဒီထဲမှာပါတဲ့ မက်ဆေ့ခ်ျ လေးတွေက လူငယ်တိုင်းမှာ ကြီးကျယ်ခမ်းနားတဲ့ အိပ်မက်တွေရှိတယ်၊ ဒီအိပ်မက်တွေကို လူကြီးတွေက ယုံကြည်မှုပေးပြီးဖေးမ ကူညီလက်တွဲသင့်တယ် ဆိုတဲ့ မက်ဆေ့ခ်ျလေး။

နောက်တစ်ခုက လူငယ် တွေ စာဖတ်ကြဖို့ ဒီထဲမှာ Plot  (ဇာတ်ကွက်)လေးတွေ  ထည့်ပေးထားတယ်။ စာဖတ်ချင်စိတ် နိုးကြားလာအောင်၊ နောက်တစ်ခု ကကျတော့ လူအချင်းချင်းဆက် ဆံတဲ့အခါမှာ မေတ္တာတရားနဲ့
တစ်ဦးနဲ့ တစ်ဦး အပြန်အလှန်လေးစားသင့်တယ် ဆိုတဲ့ မက်ဆေ့ခ်ျလေး ထည့်ထားပါတယ်။ အဲဒီမက် ဆေ့ခ်ျလေးတွေကို ပရိသတ်ဆီက ကြိုက်တဲ့အသံလေးတွေလည်း ပြန် ကြားရတယ်။ အောင်ခေတ်မင်း ရုပ်ရှင် ထုတ်လုပ်ရေးက ကြိုက်တာနဲ့ ရိုက်ဖြစ်သွားတာပါ။

ဝတ္ထုတွေကိုရုပ်ရှင်အနေနဲ့ ပြန်ပြီးပုံဖော်ရင် ဝတ္ထုကိုမမီတာမျိုးတွေရှိ တယ်ဆိုပြီး ပြောကြတာတွေရှိ တယ်ဆိုတော့ အစ်မရဲ့ဝတ္ထုတွေ ကိုရုပ်ရှင်ရိုက်ရင် သဘောတူညီမှု မျိုးယူပြီး ရိုက်တာရှိပါသလား။

အစ်မဝတ္ထုတွေကို ရုပ်ရှင် ရိုက်မယ်ဆိုရင် ဝတ္ထုအတိုင်း တစ်သဝေမတိမ်းဖြစ်ရမယ်ဆိုတဲ့ တင်းကျပ်မှုမျိုးတော့ မရှိပါဘူး။  အတိုင်းအတာတစ်ခုအထိ နားလည်မှုပေးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရုပ်ရှင်ရိုက်ရတယ် ဆိုတာလည်း Team Work လုပ်ရတော့ အခက်အခဲလေးတွေရှိတယ်။ အဲဒီအခက်အခဲအပေါ်မှာ နားလည်မှု ပေးပါတယ်။ ဒါပေမဲ့ ကိုယ့်ဇာတ် ကျောရိုးကို အရမ်းကြီးထိခိုက်မသွားအောင်တော့ ပြောပြတာ ပေါ့။ သိပ်ပြီးအရေးမကြီးတဲ့ အခန်း
ကဏ္ဍတွေ နည်းနည်းပါးပါး ထပ်ဖြည့်တာဆိုရင်တော့ အစ်မ လက်ခံပေးပါတယ်။ အဓိကက  တော့ ကာရိုက်တာပေါ့။ အစ်မ ရေးထားတဲ့ကာရိုက်တာကို မထိ ခိုက်အောင်ရယ်၊ ဇာတ်ကျောရိုး ဖရိန်ကြီးကို မထိခိုက်အောင်တော့  ဂရုစိုက်ပါတယ်။

အောင်မြင်တဲ့ စာရေးဆရာတစ် ယောက်အနေနဲ့ နှစ်ပေါင်းများစွာ ရပ်တည်လာနိုင်သူဆိုတော့ စာရေးဆရာ ဖြစ်ချင်တဲ့သူတွေအ တွက် ဘယ်လိုအကြံဉာဏ်မျိုးပေးချင်လဲ။

စာရေးဆရာတစ်ယောက် ဖြစ်လာဖို့ အဓိကကတော့ စာဖတ်ခြင်းပါပဲ။ အစ်မငယ်ငယ်တုန်းက ဆိုရင်လည်း စာအုပ်တွေအရမ်း ဖတ်တယ်။ ဖတ်တဲ့အခါမှာလည်း ဒီအတိုင်းပဲပေါ့ပေါ့လေးဖတ်လိုက်  တာမဟုတ်ဘဲ ဖတ်ပြီးတဲ့
စာအုပ် အပေါ်မှာ Review ပြန်လုပ်တယ်။ အစ်မဆို စာအုပ်လေးတစ်အုပ် ထားတယ်။ ဒီစာအုပ်မှာ အခန်း ဘယ်နှခန်းပါလဲ၊ အခန်းတစ်ခန်း မှာ သူဘာတွေရေးသွားလဲ။ ကာ ရိုက်တာကို ဘယ်လိုဖော်သွားလဲ။ အဲဒီလို အသေးစိတ်လေးတွေရေး ပါတယ်။ အဲဒီလိုရေးတာ များလာ ရင်စာရေးနည်းကို သိလာတယ်။ သိလာတော့ ဒီအတိုင်းလေး လိုက် ရေးတတ်လာတယ်။ စာရေးတဲ့ အခါမှာ လွယ်ကူလာတာပေါ့။ အ ခန်းစဉ်ဘယ်လိုဖွဲ့မလဲ၊ ကာရိုက် တာဘယ်လိုဖွဲ့မလဲ၊ အခန်းအ ပြောင်းအလဲ အချိတ်အဆက်ကိုဘယ်လိုသွားမလဲဆိုတာကိုနား လည်လာပါတယ်။ အဲဒါကြောင့်အခုစာရေးချင်တဲ့ လူငယ်လေး တွေကို အကြံပေးချင်တာက စာများများဖတ်ပါ။ ဖတ်တဲ့
အခါမှာ လည်း အပေါ်ယံဖတ်သွားတာမျိုး  မဟုတ်ဘဲ စာအုပ်တစ်အုပ်ဖတ်ရင် သူ့အခန်းစဉ်ပေါ့။ အခန်းဘယ်နှခန်းရှိလဲ၊ အခန်းတစ်ခန်းမှာ ဘာ တွေ ဘယ်လို ဖွဲ့သွားလဲဆိုတာကို အသေးစိတ်ပြန်ရေးကြည့်ပေါ့။ စာရေးတဲ့
အလေ့အကျင့်လေးလုပ် ပေးဖို့ ပြောချင်ပါတယ်။ နောက်ပြီးတော့ ရေးချင်တာကို ရဲရဲဝံ့ဝံ့ သာရေးပါ။ ရေးဖြစ်သွားအောင်  ရေးပါ။ ပြီးဆုံးအောင်အထိရေးပါ။ အဲဒါဆိုရင် စာရေးဖြစ်သွားပါလိမ့် မယ်။

အခုနောက်ပိုင်း ခေတ်ရေစီးကြောင်းအရ စာဖတ်တာထက်အွန်လိုင်းနဲ့ လူမှုကွန်ရက်ကို အဓိကသုံးလာကြတာဆိုတော့ အဲဒီအပေါ် အစ်မရဲ့ အမြင်လေးကိုလည်း ပြောပြပေးပါဦး။

ခေတ်ကတော့ အစ်မတို့ခေတ်နဲ့ မတူဘူး။ တစ်မျိုးပြောင်းသွားတယ်။ အစ်မတို့ခေတ်က တော့ စာအုပ်အငှားဆိုင်တွေကို အားကိုးရတာ။ စာအုပ်အငှားဆိုင်တွေမှာ ငှားပြီးဖတ်ကြတယ်။ အခု ကျတော့ စာအုပ်အငှားဆိုင်တွေ နည်းလာတယ်။ ဆိုင်တွေလည်း တော်တော်ပိတ်သွားကြတယ်ဆို တော့ စာဖတ်ချင်တဲ့လူတွေက အဓိကဝယ်ဖတ်ကြတယ်။ တချို့ က အွန်လိုင်းကနေ ဖတ်ကြတယ်။ အခုဆိုရင်အွန်လိုင်းက ဖြန့်ချိတဲ့ အွန်လိုင်းရှော့တွေ
ပေါ်လာတယ်။ လိုချင်တာကို အိမ်တိုင်ရာရောက် ပို့ပေးတဲ့အစီအစဉ်လေးတွေပေါ် လာတယ်။ အဲဒီအပေါ်မှာ အစ်မတို့ဘက်ကလည်း စာအုပ်ဝယ်ဖတ်တဲ့ သူတွေ များလာတဲ့အပေါ်မှာ သူတို့ဝယ်ဖတ်ရကျိုးနပ်အောင် စာအုပ် အပြင်အဆင်က အစအထဲမှာ ပါတဲ့ စာရဲ့အရည်အသွေးကိုပါ တိုးမြှင့်ပြီး ကြိုးစားလာရတယ်။ စာအုပ်ခေတ်ကတော့ တစ်မျိုးလေးတော့ ပြောင်းသွားတယ်။ ဒါ ပေမဲ့ ကောင်းသောပြောင်းလဲခြင်း ပါ။ အွန်လိုင်းမှာလည်း ဖတ်ကြတယ်။ အဲဒီလိုပဲ အွန်လိုင်းကနေ မှာပြီးဖတ်ကြတာလည်း ရှိလာပါတယ်။

အစ်မက အချစ်ဝတ္ထုတွေကို အမြဲတမ်းရေးလာခဲ့တာဆိုတော့ နောက်ပိုင်းထွက်မယ့်ဝတ္ထုတွေမှာ Trend ပြောင်းဖို့ကော အစီအစဉ် ရှိမလား။

အခုခေတ်မှာ ပရိသတ်က လည်း ပြောင်းသွားတယ်။ အစ်မတို့ခေတ်ကတော့ အချစ်ပေါ့။ အချစ်ကိုအရမ်းကို အားပေးကြ  တယ်။ အခုကတော့ ရသစာပေလိုင်းနဲ့ သုတပိုင်း၊ အထူးသဖြင့်ရသစာပေပိုင်းကို ပရိသတ်အားပေး
လာတာတွေ့ရတယ်။ အစ်မအနေနဲ့ကလည်း အရင်ကတည်း က ရသကိုရေးချင်ခဲ့တယ်။ ဒါပေ မဲ့လည်း ပရိသတ်ရဲ့ဆန္ဒကိုလိုက် ပြီး ပရိသတ်က အချစ်ဝတ္ထုကို ကြိုက်တယ်ဆိုတော့ အချစ်ဝတ္ထု ဘက်ကိုလိုက်ခဲ့တယ်။ အခုချိန်မှာ
အစ်မအနေနဲ့က အသက်အ ရွယ်လည်းရလာပြီ။ အချစ်ဝတ္ထု ကိုလည်း အတန်အသင့်အများ ကြီးရေးခဲ့ပြီးပြီဆိုတော့ ရသလိုင်း ဘက်ကို ကူးဖို့စိတ်ကူးရှိပါတယ်။ ရသလိုင်းနဲ့ လူ့ဘဝကြီးထဲမှာ တကယ်ရင်ဆိုင်နေရတဲ့ အ ကြောင်းအရာတွေ အစစ်တွေကို ရေးဖွဲ့ဖို့အတွက် ပြောင်းလဲပြီးရေး ဖို့စိတ်ကူး ရှိပါတယ်။

ပြည်ပမှာ အမြဲနေရတာက  မြန်မာနိုင်ငံမှာ နေရတာနဲ့စာရင် ဘယ်လို ကွာခြားမှုတွေရှိလဲ။

ဒီခေတ်မှာ ဆိုရှယ်မီဒီယာ ဖေ့စ်ဘွတ်ခ်ရှိနေတဲ့အတွက် အစ်မအနေနဲ့က ပြည်ပမှာနေတာတော့ မှန်တယ်။ ဒါပေမဲ့လည်း ဖေ့စ် ဘွတ်ခ်တစ်ချက်ဖွင့်လိုက်တာနဲ့ ပြည်တွင်းမှာဖြစ်နေတဲ့ အဖြစ်အပျက်တွေအကုန်လုံး အနုပညာရေး
ဘက်ကိုကြည့်မလား။ ဖတ်ချင်စရာတွေကလည်း အများကြီး လေ။ ဂျာနယ်တွေဆိုလည်း အွန်လိုင်းမှာ ဖတ်လို့ရနေတော့ အစ်မ အတွက်ကတော့ အမြဲတမ်း မြန်မာပြည်နဲ့ အဆက်အသွယ်မပြတ်ပါ ဘူး။

မြန်မာနိုင်ငံကိုကော တစ်နှစ်ကိုဘယ်နှခေါက်လောက် ပြန်လာဖြစ်လေ့ရှိလဲ။ မြန်မာနိုင်ငံကို ပြန်ပြီးအခြေချ ဖို့အစီအစဉ်ကောရှိဦး မလား။

အစ်မက တစ်နှစ်တစ်ခေါက်ပြန်ဖြစ်တယ်။ ဒီဇင်ဘာဆို အမြဲပြန်ဖြစ်တယ်။ ဟိုမှာပဲနေဖြစ်တာ ဆိုတော့ တစ်နှစ်တစ်ခေါက်ပြန် နိုင်အောင် အမြဲကြိုးစားတယ်။ အခုတစ်ခေါက်က အစ်မတို့မိသားစု သုံးယောက်စလုံး ပြန်လာတာပါ။ အခုလောလောဆယ်တော့ အစ်မသမီးလေးရဲ့ ပညာရေးသေချာ တည်တည်ငြိမ်ငြိမ်နဲ့ အခြေတကျ ဖြစ်သွားပြီဆိုရင်တော့ ပြန်လာဖို့ ရှိပါတယ်။

ဝတ္ထုအသစ်တွေ ထပ်ထွက်ဖို့ကော ရှိဦးမလား။ အခုရောက်နေတဲ့ အသက်အရွယ်ရောက်မှာ ရေးချင်တဲ့ အကြောင်းအရာဆိုရင် ဘယ်လိုအကြောင်းအရာမျိုးတွေဖြစ်မလဲ။

‘သူ့ပခုံးထက်က တက်တူးလေး’ဆိုတဲ့ လုံးချင်းဝတ္ထုထွက်ထားပါတယ်။ အခုလက်ရှိရေးနေတာက ‘အနီရောင်ပုလဲတစ်ကုံး’ဆို တဲ့ လုံးချင်းဝတ္ထုလေးပါ။ အဲဒါလည်း ပြီးခါနီးပါပြီ။ ဒါလေးပြီးရင်တော့ ထွက်ဖြစ်ဖို့ပြင်ဆင်ပါ တော့မယ်။ အစ်မအနေနဲ့ အ သက်အရွယ် ပြောင်းလာတော့ စာလည်းပြောင်းလာတယ်။ ပြောင်း လာတဲ့အပေါ်မှာ အထူးသဖြင့် ရည်ရွယ်တာကတော့ လူငယ် လေးတွေပေါ့။ လူငယ်လေးတွေ စိတ်ဓာတ်ခွန်အား မြင့်မားလာ အောင်၊ အလုပ်
လုပ်ချင်စိတ်၊ ကြိုးစားချင်စိတ်ရှိအောင် ဘဝမှာရည် မှန်းချက်ပန်းတိုင်တွေထားပြီး ဒီ ပန်းတိုင်ကို အရောက်သွားနိုင် အောင်၊ ပြီးတော့ ဘယ်လိုအခက် အခဲပဲတွေ့တွေ့ အရှုံးမပေးဖို့ ရဲရဲ ဝံ့ဝံ့ရင်ဆိုင်နိုင်ဖို့ ခွန်အားသတ္တိတွေ လူငယ်တွေကို ရည်ရွယ်ပြီးတော့  မက်ဆေ့ခ်ျလေးတွေ အထူးသဖြင့် ပေးပါတယ်။

အစ်မကို အခုအချိန်အထိ အားပေးနေတဲ့ ပရိသတ်ကို စကားလက် ဆောင်လေးပြောပေးပါဦး။

အခုချိန်အထိ အစ်မကို အားပေးနေတဲ့ ပရိသတ်တွေကို အမြဲတမ်းရင်ထဲမှာ စွဲစွဲမြဲမြဲကျေး ဇူးတင်ပါတယ်။ အဝေးရောက်နေပေမယ့်လည်း အစ်မရဲ့စာတွေကို ဖတ်နေတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်။ ပရိသတ်တွေအတွက် အကောင်းဆုံးဖန်တီးဖို့ အမြဲတမ်းကြိုးစားနေပါ တယ်။

ကျေးဇူးတင်ပါတယ်။

Sources; 7 Day News Journal

No comments:

Post a Comment