Latest News

Friday, January 6, 2017

အိန္ဒိယ-မြန်မာ နယ်စပ်ခြံစည်းရိုးဆောက်နေမှု အပြင်းအထန် ကန့်ကွက်

အိန္ဒိယ-မြန်မာ နယ်စပ်ခြံစည်းရိုးဆောက်နေမှု အပြင်းအထန် ကန့်ကွက်

ရန်ကုန်၊ ဇန်န၀ါရီ ၆

အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ နယ်နိမိတ်အတွင်းရှိ ပန်ရှားရွာတွင် နယ်စပ်ခြံစည်းရိုး စတင် တည်ဆောက်နေမှုကြောင့် ဒေသခံ တိုင်းရင်းသားများ၏ စီးပွားရေးနှင့် လူမှုရေးများ ထိခိုက်နိုင်သဖြင့် ဒေသခံများနှင့် ယင်းဒေသလူမှု အဖွဲ့အစည်းများက အပြင်းအထန် ကန့်ကွက်နေကြောင်း ယင်းနယ်စပ် စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသရှိ ရှားနားလူမှုအဖွဲ့အစည်း တာဝန်ခံ ဦးကဲယုန်းက ဆိုသည်။

နယ်စပ်ခြံစည်းရိုး တည်ဆောက်နေမှုကို ဆက်လက် ဆောင်ရွက်ပါက ဒေသခံဌာနေ တိုင်းရင်းသားများအတွက်  အိန္ဒိယ - မြန်မာ နှစ်နိုင်ငံ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကြား ပဋိပက္ခများ ဖြစ်ပွားနိုင်ကြောင်း လူမှုအဖွဲ့အစည်းများက ယနေ့သတင်း ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံဘက်ခြမ်းတွင် လမ်းများ မကောင်းသဖြင့် နှစ်နိုင်ငံ နယ်နိမိတ် အတွင်းရှိ ဒေသခံနာဂ၊ ချင်း၊ ကူကီး၊ ကချင်တိုင်းရင်းသားများသည် အိန္ဒိယနိုင်ငံဘက်သို့ ကျန်းမာရေး၊ ပညာရေးနှင့် စိုက်ပျိုးရေးအတွက် အားကိုးနေရသောကြောင့် ယင်းကဲ့သို့ ခြံစည်းရိုး ခတ်လိုက်ပါက သွားလာရေး ခက်ခဲနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“ခြံစည်းရိုးခတ်ပြီး ဘာလုပ်မှာလဲ ဆိုတာ မသိသေးဘူး။ ထိုင်းဘက်ကလိုမျိုး လုပ်ရင် အဆင်ပြေမှာ မဟုတ်ပါဘူး။ နာဂဘက်က လူတွေမှာက မှတ်ပုံတင်တောင်ရှိတာ မဟုတ်ဘူး”ဟု ရှားနားလူမှု အဖွဲ့အစည်း တာဝန်ခံ ဦးကဲယုန်းက  ဆိုသည်။

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ နယ်နိမိတ် အရှည်မှာ ၁၆၄၃ ကီလိုမီတာရှိပြီး အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း နာဂပြည်နယ်၊  မီဖူရမ်ပြည်နယ်၊ အာသံပြည်နယ်၊ အာရူ နာချာလ်ပြည်နယ်နှင့် မြန်မာနိုင်ငံ အနောက် မြောက်ပိုင်းနှင့် မြောက်ပိုင်း ဒေသ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ စစ်ကိုင်း တိုင်းဒေသကြီးတို့နှင့် ထိစပ်နေကြောင်း သိရသည်။

Sources; The Voice

No comments:

Post a Comment