Latest News

Tuesday, January 10, 2017

ဆေးလိပ်သောက်ခြင်းကြောင့် ကမ္ဘာ့စီးပွားရေးပိုင်းမှာ တစ်နှစ်ကို ဒေါ်လာ ၁ ထရီလီယံထိ ကုန်ကျ နစ်နာစေလျက်ရှိဟု စစ်တမ်းတစ်ခုတွင် ဖော်ပြ

ဆေးလိပ်သောက်ခြင်းကြောင့် ကမ္ဘာ့စီးပွားရေးပိုင်းမှာ တစ်နှစ်ကို ဒေါ်လာ ၁ ထရီလီယံထိ ကုန်ကျ နစ်နာစေလျက်ရှိဟု စစ်တမ်းတစ်ခုတွင် ဖော်ပြ



ဆေးလိပ်သောက်ခြင်းကြောင့် ကမ္ဘာ့စီးပွားရေးပိုင်းမှာ တစ်နှစ်လျင် အမေရိကန်ဒေါ်လာ  ၁ ထရီလီယံကျော်ထိ ကုန်ကျစေလျက်ရှိကြောင်းနှင့် ၂၀၃၀ မတိုင်ခင် ဆေးလိပ်သောက်ခြင်းကြောင့် တစ်နှစ်ကို လူပေါင်း ၈ သန်းထိ သေဆုံးသွားရဖို့ရှိနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက လုပ်ဆောင်ခဲ့တဲ့ လေ့လာချက်တစ်ခုအရ သိရပါတယ်။

ယင်းလေ့လာချက်ကိုတော့ WHO အနေနဲ့ အမေရိကန် ကင်ဆာတိုက်ဖျက်ရေး ဌာနနဲ့အတူ လုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။

ယခုလို ကမ္ဘာ့စီးပွားရေးမှာ ကုန်ကျနစ်နာစေခဲ့သည့်ပမာဏမှာ ကမ္ဘာတစ်ဝန်း ဆေးရွက်ကြီးအခွန်အကောက်များမှ ရရှိထားသော ၀င်ငွေများထက်ပင် ပိုမိုများပြားနေပြီဖြစ်ကြောင်းလည်း သိရသည်။ WHO ၏ ခန့်မှန်းချက်များအရ ၂၀၁၃-၁၄ အတွင်း ဆေးရွက်ကြီးရောင်းချမှုများမှ ကောက်ခံရရှိသည့်အခွန်ဝင်ငွေ ဒေါ်လာ ၂၆၉ ဘီလီယံရှိခဲ့သည်ဟုလည်း ဆိုသည်။

" ဆေးရွက်ကြီးသုံးစွဲတာနဲ့ ဆက်စပ်နေတဲ့ သေဆုံးမှုမျိုးတွေဟာ ၂၀၃၀ မတိုင်ခင် ဦးရေ ခြောက်သန်းကနေ ရှစ်သန်းအထိ တိုးပွားသွားနိုင်ပါတယ်၊ ယင်းသေဆုံးသူတွေအများစုကတော့ ၀င်ငွေနည်းပါးတဲ့ ဒါမှမဟုတ် ၀င်ငွေအလယ်အလတ်ဆင့် နိုင်ငံတွေမှာ ဖြစ်နိုင်ပါတယ်" ဟု ယင်းလေ့လာချက်တွင် ဖော်ပြထားသည်။

ကျန်းမာရေးတာဝန်ရှိသူများ၏ အဆိုအရ ဆေးရွက်ကြီး အသုံးပြုမှုမှာ ကမ္ဘာတစ်ဝန်း လူသေဆုံးမှုကို တားဆီးကာကွယ်နိုင်သည့် အကြောင်းရင်းကြီးတစ်ခုလည်း ဖြစ်ကြောင်း ပြောသည်။



Sources; Mizzima - News in Burmese

No comments:

Post a Comment