Latest News

Saturday, January 7, 2017

"ပိုလီယိုလက္ခဏာတွေ့ရှိသည့် ကလေးလူနာ မောင်တောတွင်တွေ့ရှိ "

"ပိုလီယိုလက္ခဏာတွေ့ရှိသည့် ကလေးလူနာ မောင်တောတွင်တွေ့ရှိ "

မောင်တောမြို့နယ် သပြေတောကျေးရွာမှ အသက် ၆ နှစ်အရွယ် ကလေးငယ်တစ်ဦးတွင် ပိုလီယိုရောဂါလဏ္ခာတွေ့ရှိမှုကြောင့် ဆေးစစ်ရန်အတွက် ကလေးငယ်၏ ဆီး၊၀မ်းနမူနာများကို ရန်ကုန်မြို့ရှိ အမျိုးသားကျန်းမာရေးဆိုင်ရာ ဓာတ်ခွဲခန်းကို ပေးပို့ထား ကြောင်း သတင်းရရှိသည်။

ပိုလီယိုရောဂါလက္ခဏာတွေ့ရှိခဲ့သည့် ကလေးငယ်ကို ဇန်န၀ါရီလ ၃ ရက်က တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ၄ ရက်နှင့် ၅ ရက်တွင် ကလေးငယ်၏ မိသားစုထဲမှ အသက်ငါးနှစ်အောက် ကလေးငယ်နှစ်ဦး၏ ဆီး၊၀မ်းနမူနာနှင့် အနီးပတ်ဝန်းကျင်ရှိ အသက်ငါးနှစ်အောက် ကလေးသုံးဦး ၏ ဆီး၊ ၀မ်းနမူနာများကို ရယူကာ ဇန်န၀ါရီ ၆ ရက်က စစ်ဆေးရန် ပေးပို့ထားခြင်းဖြစ်ကြောင်း မောင်တောမြို့နယ်ကျန်းမာရေးမှူး ဦးမောင်အေးသာ ကပြောသည်။

မောင်တောနယ်စပ်ဒေသတွင် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလအတွင်းက ဘဂုံးနားကျေးရွာမှ ကလေးငယ်တစ်ဦးတွင် ပိုလီယိုရောဂါ လက္ခဏာတွေ့ရှိခဲ့ပြီး ၂၀၁၆ ခုနှစ် ဇန်န၀ါရီလအတွင်းက မြို့မငါးခူရ(မြို့မကညင်တန်း)ကျေးရွာမှ ကလေးငယ် တစ်ဦးတွင်လည်း ပိုလီယိုရောဂါ လက္ခဏာတွေ့ရှိခဲ့သဖြင့် ဆေးစစ်ချက်များပြုလုပ်ခဲ့ရာ အသွင်ပြောင်းပိုလီယိုရောဂါပိုးကို တွေ့ရှိခဲ့ ကြောင်း ၄င်းက ဆက်ပြောသည်။

သတင်း-မောင်ကံ / 7 Day

No comments:

Post a Comment