Latest News

Sunday, January 1, 2017

“ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ ၏ နှစ်သစ်မင်္ဂလာဩဝါဒကထာ”

“ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ
အရှင်နန္ဒမာလာဘိဝံသ ၏ နှစ်သစ်မင်္ဂလာဩဝါဒကထာ”


၂၀၁၇ -ခုနှစ်သည် ပြည်ထောင်စု
မြန်မာနိုင်ငံသားများအတွက် မင်္ဂလာရှိသော
နှစ်သစ်ဖြစ်ပါစေ။
မင်္ဂလာ ဟူသည်မှာ
စစ်မှန်သော ကြီးပွါးတိုးတက်မှုဖြစ်သည်။

စစ်မှန်သော ကြီးပွါးတိုးတက်မှု ရရှိနိုင်ရန်
-ယုံကြည်ချက် ခိုင်မာခြင်း၊
-ကိုယ်ကျင့်တရား ကောင်းမွန်ခြင်း၊
-သုတပညာ ကျယ်ပြန့်စွာ ဆည်းပူးခြင်း၊
-ကိုယ်ကျိုးစွန့်နိုင်ခြင်း၊
-အမြော်အမြင် ကြီးမားခြင်းတို့သည်
လိုအပ်သော အရည်အချင်းကောင်းများဖြစ်သည်။

ပြည်ထောင်စု နိုင်ငံတော်သားအားလုံး
ကြီးပွါးချမ်းသာ ၂၀၁၇ ခုနှစ်ကို
မင်္ဂလာနှစ်ဖြစ်အောင် ကြိုးပမ်းအားထုတ်ကြပါကုန်။ ။
-【ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ
အရှင်နန္ဒမာလာဘိဝံသ】
Posted by►
www.facebook.com/youngbuddhistassociation.mm

Photo: Chan myae aung

No comments:

Post a Comment