Latest News

Thursday, January 5, 2017

စူပါကော်ဖီမစ်ရုံးမှ ဖုန်း ၂၆လုံး အခိုးခံရ

စူပါကော်ဖီမစ်ရုံးမှ ဖုန်း ၂၆လုံး အခိုးခံရ

က​လေး၊ ဇန်​နဝါရီ ၆။


စစ်​ကိုင်းတိုင်း​ဒေသကြီး၊ က​လေးမြို့၊ ဘုရားကြီးလမ်းရှိ စူပါ​ကော်​ဖီမစ်​ကုမ္ပဏီရုံးတွင်​ ယ​​နေ့ နံနက်​ပိုင်း၂နာရီ​ကျော်​က ဟန်းဆက်​ ၂၆လုံး​ အခိုးခံခဲ့ရကြောင်း ကလေးမြို့မရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ အဆိုပါရုံးမှ မန်နေဂျာဖြစ်သူသည် ညတစ်နာရီကျော်သည့်အထိ တီဗွီကြည့်ရှုပြီး ၀န်ထမ်းများအသုံးပြုသည့် ဟန်းဆက် ၂၆လုံးကို  အားသွင်းပြီးေ​နာက် ​အိပ်ယာဝင်ခဲ့ပြီး မနက်အိပ်ယာထသည့်အချိန်တွင် ဟန်းဆက်များပျောက်ဆုံးနေသည်ကို တွေ့ခဲ့ရခြင်း ဖြစ်သည်။

"မနက်​ ၆နာရီ၁၅မိနစ်​မှာ အိပ်​ရာနိုး​တော့ ကျွန်တော့်​ညီက သွားတိုက်​​နေတယ်​။ ကျွန်တော်လည်း​နောက်ေ​ဖးသွား၊ မျက်​နှာသစ်​သွားတိုက်​ပြီး​တော့ စားပွဲ​ပေါ်က အား​တွေသွင်းထားတဲ့ ဝန်​ထမ်းသုံး တယ်​လီဖုန်း​တွေမ​တွေ့​တော့ဘူး။ တစ်​​ယောက်​​ယောက်​​ကများ နောက်​တာလားဆိုပြီး ပတ်​ဝန်းကျင်​ကိုရှာတယ်။ ပတ်ပတ်လည်လည်း​​​ ခြံဝန်းတံခါးက သော့ခတ်​ထားတယ်။ အစလည်း ရှာလို့မရတာနဲ့ ရဲစခန်းကို လာပြီး တိုင်​ချက်​ဖွင့်​တာပါ"ဟု မန်​​နေဂျာကိုခင်​​မောင်​မြင့်​က ​ပြောကြားသည်​။

ပျောက်ဆုံးသွား​သော ​ဟန်းဆက်အမျိုးအစားများမှာ​​​ Y3C ဟာ​ဝေးလ်​အမျိုးအစား ဟန်းဆက်​ ၂၃လုံး၊ T1 ဟား​ဝေးလ်​Tablet အမျိုးအစား ၃လုံးတို့ဖြစ်​ပြီး အချို့၌ အိုကေ ​ငွေ့ဖြည့်​​ငွေလွှဲစနစ်ဖြင့် ထည့်သွင်းထားသည့် ငွေသားများပါဝင်​​သော ဖုန်းများလည်းပါဝင်ကြောင်း က​လေးမြို့မရဲစခန်းမှ သိရသည်​။

၂၀၁၅ခုနှစ်၊ ဩဂုတ်လက ဖြစ်ပွားခဲ့သည် ကလေးမြို့လည်ရှိ မီလျံနာဖုန်းဆိုင်မှ ဟန်းဆက်နှင့် ကွန်ပျူတာများ ဖောက်ထွင်းခံရမှု၏ တရားခံကိုလည်း ယခုတိုင်ဖမ်းဆီးရမိခြင်း မရှိသေးပဲ စုံစမ်းဆဲသာ ဖြစ်သည်ဟု သိရသည်။

Sources; CentralNewsMyanmar/KalaymyoNews

No comments:

Post a Comment