Latest News

Friday, January 6, 2017

မထသနှင့် ယာဉ်လိုင်းပေါင်း ၃၀၀ ကျော်ကို ဇန်နဝါရီ ၁၅ တွင် အပြီးသတ်ဖျက်သိမ်းမည်

မထသနှင့် ယာဉ်လိုင်းပေါင်း ၃၀၀ ကျော်ကို ဇန်နဝါရီ ၁၅ တွင် အပြီးသတ်ဖျက်သိမ်းမည်

ရန်ကုန်ရှိ ယာဉ်လိုင်း ၃၀၀ ကျော် ဇန်နဝါရီ ၁၅ ရက်ည မှစ၍ ပြေးဆွဲခွင့်မရှိတော့ကြောင်းနှင့် အဆိုပါနေ့တွင် မထသကို ဖြတ်သိမ်းမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကြေေပြောကြားသည်။

�ယနေ့ ညနေပိုင်းက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေးနှင့် ပတ်သတ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဝန်ကြီးချုပ်က အထက်ပါအတိုင်းြေေပြောကြားခဲ့ခြင်းဖြစ်သည်။

�"ရန်ကုန်မှာ ပုဂ္ဂလိကက ပြေးဆွဲနေတဲ့ ယာဉ်လိုင်းတွေရော ဦးပိုင်တို့ တခြားကုမ္ပဏီနာမည်တွေနဲ့ ပြေးဆွဲနေတဲ့ ယာဉ်လိုင်း ၃၀၀ ကျော် အားလုံး ဇန်နဝါရီ ၁၅ရက်နေ့ညမှာ အပြီးသတ်ရပ်ဆိုင်းလိုက်ပါပြီ။ဇန်နဝါရီ ၁၅ရက်နေ့ညဟာ အခုပြေးဆွဲနေတဲ့ယာဉ်နံပါတ်တွေရဲ့ နောက်ဆုံးပဲဖြစ်ပါတယ်။ အခု ၁၆ရက် မနက်ကစပြီး ယာဉ်လိုင်းပေါင်း ၅၈ လိုင်းက ရန်ကုန်မြို့ရဲ့ အများပြည်သူသယ်ယူပို့ဆောင်ရေးကို ဝင်ရောက်ဆောင်ရွက်မှာဖြစ်ပါတယ်"ဟု ဝန်ကြီးချုပ်က ပြောကြားသည်။
�ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ရှယ်ယာအများဆုံးပါဝင်သည့် အများပိုင် ကုမ္ပဏီ ၈ ခုက ယာဉ်လိုင်း ၅၈ ခုဖြင့် ခရီးစဉ်အလိုက် ယာဉ်စီးခ ၁၀၀ ,၂၀၀, ၃၀၀ ကျပ် စသည်ဖြင့်ယာဉ်စီးခ သတ်မှတ်ပြီး ည၁၀နာရီ အထိ ပြေးဆွဲနိုင်သတ်မှတ်ပြီး ည၁၀နာရီ အထိ ပြေးဆွဲနိုင်ရန် ကုမ္ပဏီ ၈ ခုနှင့် ဆက်လိုက်ညှိနှိုင်းနေကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။
�အဆင့်မြှင့်တင်ပြေးဆွဲမည့် ယာဉ်လိုင်း ၅၈ လိုင်းနှင့်ပတ်သတ်သည့် အချက်အလက်များကို ကားမှတ်တိုင်များတွင် ကပ်ထားပေးမည်ဖြစ်ပြီး စတင်သည့်အချိန်တွင် အမျိုးသား/အမျိုးသမီး စပယ်ယာများပါဝင်မည်ဖြစ်သော်လည်း နောက်ပိုင်းတွင် ကတ်စနစ်ဖြင့် ဆောင်ရွက်ရန်စီစဉ်ထားသည်ဟု ဦးဖြိုးမင်းသိန်းက ဆက်လက်ပြောကြားသည်။
Sources; �နှင်းမောင်ဦး/ News Watch

No comments:

Post a Comment