ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမန်းဂျော်နီ ယာဉ်မတော်တဆမှုဖြစ်
ပုသိမ်၊ ဇန်န၀ါရီ ၆ ။
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမန်းဂျော်နီ ပုသိမ်မှနေပြည်တော်သို့အသွား ဆားမလောက်ကျေးရွာအကျော်တွင် ဇန်နဝါရီလ ၆ ရက်နေ့၊ ညနေ ၅ နာရီကျော်တွင် ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။
"ယာဉ်တိုက်မှုဖြစ်ပြီး ဝန်ကြီးချုပ်မှာ ခေတ္တသတိလစ်သွားပြီး ရန်ကုန်ဆေးရုံကြီးသို့ခေါ်ဆောင်သွားကြောင်း၊ လက် လှုပ်မရဖြစ်နေသေးကြောင်း” လျှပ်စစ်စွမ်းအင်စက်မှုလက်မှုဝန်ကြီးဦးဝင်းဌေးက မဇ္ဈိမသို့ ပြောသည်
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမန်းဂျော်နီ နေပြည်တော်သို့ အစည်းအဝေးတက်ရန်သွားရောက်ခြင်းဖြစ်ပြီး တစ်ဘက်ယာဉ်မှာ ရန်ကုန်မှ ဇလွန်သို့ မောင်းလာသည်ခရီးသည်တင်ကားနှင့် တိုက်မိခြင်းဖြစ်သည်။
ယာဉ်မတော်တဆမှုနှင့်ပတ်သက်ပြီး “ ရန်ကုန်-ဇလွန်ပြေးဆွဲတဲ့ တော်ဝင်လိုင်းကားမှာ ဝန်ကြီးချုပ်ပွိုင့်ကားကို ရှောင်လိုက်တာမှာ နောက်ကပါလာတဲ့ ဝန်ကြီးချုပ်ကားနဲ့တိုက်မိတာ၊ ယာဉ်မောင်းက အခုထွက်ပြေးသွားတယ်” ဟု ဦးဝင်းဌေးက ဆိုသည်။
Sources; Mizzima
Friday, January 6, 2017
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမန်းဂျော်နီ ယာဉ်မတော်တဆမှုဖြစ်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမန်းဂျော်နီ ယာဉ်မတော်တဆမှုဖြစ်
Reviewed by Ar Ti
on
4:34 AM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment