Latest News

Friday, January 6, 2017

၉၅ မော်ဒယ်အောက် စီးတီးဘတ်စ်၊ ဘီအမ်နှင့် ဒိုင်နာယာဉ်များကို ဇန်နဝါရီ ၁၆ ရက်မှစ၍ ခရီးသည်တင်ယာဉ်အဖြစ် ပြေးဆွဲခွင့်မပေးတော့

၉၅ မော်ဒယ်အောက် စီးတီးဘတ်စ်၊ ဘီအမ်နှင့် ဒိုင်နာယာဉ်များကို ဇန်နဝါရီ ၁၆ ရက်မှစ၍ ခရီးသည်တင်ယာဉ်အဖြစ် ပြေးဆွဲခွင့်မပေးတော့

ရန်ကုန်မြို့တွင် ၁၉၉၅ မော်ဒယ်အောက်စီးတီးဘတ်စ်၊ ဘီအမ်နှင့် ဒိုင်နာယာဉ်များကို ဇန်နဝါရီ ၁၆ ရက်က စ၍ ခရီးသည် တင်ယာဉ်အဖြစ် ပြေးဆွဲခွင့်ပေး တော့မည်မဟုတ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးလျှပ်စစ်၊ စက်မှု လက်မှုနှင့် လမ်းပန်းဆက်သွယ် ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောသည်။

ရန်ကုန်မြို့တွင်း စတင်ပြေး ဆွဲမည့် အများပိုင်ယာဉ်လိုင်းများ ပြေးဆွဲမည့်  အစီအစဉ်နှင့်ပတ် သက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌  ဇန်နဝါရီ ၆ ရက်က ပြုလုပ်သည့်  သတင်းစာရှင်းလင်းပွဲတွင် ၎င်းကပြောကြားခဲ့သည်။

  အများပိုင်ယာဉ်လိုင်းများ ပြေးဆွဲမှုစတင်ပါက လက်ရှိ ပြေး ဆွဲအသုံးပြုနေသော ဘတ်စ်ကား များကို သက်ဆိုင်ရာ ယာဉ်လမ်း ကြောင်းများတွင် စုပေါင်းပါဝင်မှု စနစ်ဖြင့် ပြေးဆွဲခွင့်ပေးမည် ဖြစ် သော်လည်း ၁၉၉၅ မော်ဒယ် အောက် စီးတီးဘတ်စ်၊ ဘီအမ်နှင့် ဒိုင်နာယာဉ်များကိုမူ ပူးပေါင်းပါ ဝင်ပြေးဆွဲခွင့်ပေးမည်မဟုတ်ဟု ဒေါ်နီလာကျော်က ဆိုသည်။

‘‘အဲဒီယာဉ်ပိုင်ရှင်တွေအနေ နဲ့ ရန်ကုန်သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ထံမှာ ပြန်လည် အပ်နှံရပါမယ်။ ဒီလိုလုပ်လိုက်လို့ ယာဉ်ပိုင်ရှင်တွေ နစ်နာမှုမရှိရ အောင် ကားလာအပ်ရင် အိမ်စီး ယာဉ်စလစ်တွေကို ထုတ်ပေးသွား ပါမယ်’’ဟု ရန်ကုန်တိုင်းဒေသကြီးလျှပ်စစ်၊ စက်မှု လက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ကပြောကြားသည်။

  ‘‘လက်ရှိ ပါဝင်ခွင့်ရတဲ့ ဘတ်စ်ကားတွေအနေနဲ့လည်း နောက်သုံးလအကြာမှာ ယာဉ်အို ယာဉ်ဟောင်း ဖြစ်လာခဲ့ရင် ဘတ်စ်ကားအသစ်တွေဝယ်ယူ ပြီး အစားထိုးပြေးဆွဲကြရမှာဖြစ် ပါတယ်။ ဒီလိုအစားထိုးရမယ့် အတွက် အခက်အခဲမရှိရအောင် ကျွန်တော်တို့အစိုးရဘက်က လို အပ်တာတွေ ညှိနှိုင်းဆောင်ရွက် ပေးသွားပါမယ်’’ဟု ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်း သိန်းက ဆိုသည်။

 ရန်ကုန်မြို့တွင် ဆက်လက် ပြေးဆွဲခွင့်ရပ်နားခံရမည့် ၁၉၉၅ မော်ဒယ်အောက် စီးတီးဘတ်စ်၊ ဘီအမ်နှင့် ဒိုင်နာယာဉ်အစီးရေ ၂,၀၀၀ ကျော်ရှိကြောင်း မထသ (ဗဟို)မှ သတင်းရရှိသည်။

Sources; 7 Day News Journal

No comments:

Post a Comment