Latest News

Friday, January 6, 2017

"ဧရာဝတီတိုင်းဝန်ကြီးချုပ် ဆေးရုံတွင် ၁၀ ရက်ခန့်အနားယူရဦးမည်"

"ဧရာဝတီတိုင်းဝန်ကြီးချုပ် ဆေးရုံတွင် ၁၀ ရက်ခန့်အနားယူရဦးမည်"

ယာဉ်မတော်တဆဖြစ်ခဲ့သော ဧရာဝတီတိုင်းဝန်ကြီးချုပ် ဒဏ်ရာအနည်းငယ် သက်သာလာကာ ဆေးရုံတွင် အနည်းဆုံး ၁၀ ရက်ခန့် အနားယူရနိုင်ကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

ဧရာဝတီတိုင်းဝန်ကြီးချုပ်မန်းဂျော်နီသည် ဇန်န၀ါရီ ၆ ရက် ညနေက ပုသိမ်-ရန်ကုန်ကားလမ်းတွင် ယာဉ်မတော်တဆဖြစ်ကာ လက်နှစ်ဖက်လှုပ်ရှား၍ မရဖြစ်ခဲ့သောကြောင့် ရန်ကုန်ဆေးရုံကြီး၌ တက်ရောက်ကုသနေရခြင်းသည်။

"အာရုံကြော ရောင်နေတယ်။ ဆေးရုံမှာ အနည်းဆုံး ၁၀ ရက်၊ နှစ်ပတ်လောက်တော့ အနားယူရမယ်ထင်တယ်။ ဆေးရုံရောက်တော့ လက်တွေလည်း ဆေးထိုးလိုက်တော့ လှုပ်လို့ရပြီ" ဟု ၀န်ကြီးချုပ်နှင့် အနီးကပ်ရှိနေသည့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ပြောသည်။

ဝန်ကြီးချုပ်ဦးမန်းဂျော်နီသည် ဇန်န၀ါရီ ၆ ရက် ညနေ ၅ နာရီ ခန့်က ပုသိမ်မှ ရန်ကုန်သို့အလာ ညောင်တုန်းမြို့နယ် ဆားမလောက်ကျေးရွာအနီးတွင် ဝန်ကြီးချုပ်လိုက်ပါလာသော ကားကို ခရီးသည်တင်ကားတစ်စီးကရှေ့မှဝင်တိုက်မိခြင်းဖြစ်သည်။

ခရီးသည်တင်ကားမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်ကို အမှုဖွင့်အရေးယူထားကြောင်း ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သတင်းရရရှိသည်။

Sources;သတင်း-အောင်သစ်လွင်/ 7 Day News Journal

No comments:

Post a Comment