Latest News

Tuesday, January 17, 2017

အခွန်တံဆိပ်မကပ်၍ သုံးကြိမ်မြောက် အရေးယူခံရသော စာရင်းတွင် နာမည်ကြီး စားသောက်ဆိုင်အချို့ပါဝင်

အခွန်တံဆိပ်မကပ်၍ သုံးကြိမ်မြောက် အရေးယူခံရသော စာရင်းတွင် နာမည်ကြီး စားသောက်ဆိုင်အချို့ပါဝင်

သုံးကြိမ်တိုင်တိုင် အခွန် ပြေစာအမှတ်တံဆိပ်မကပ်သည့် စားသောက်ဆိုင် ၁၁ ဆိုင်စာရင်း တွင် နာမည်ကြီးစားသောက်ဆိုင် များပါဝင်ကြောင်း ပြည်တွင်း အ ခွန်များဦးစီးဌာနမှ သတင်းရရှိ သည်။

ယင်းသို့ပြေစာအမှတ်တံ ဆိပ်မကပ်သည့် စားသောက်ဆိုင် ၁၁ ဆိုင်စာရင်းကို ပြည်တွင်းအ ခွန်များဦးစီးဌာနက ပြည်သူများ သိရှိရန် ဇန်န၀ါရီ ၁၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။

Singapore Kitchen စား သောက်ဆိုင်၊ Hot Pot City စားသောက်ဆိုင်၊ Win Star စား သောက်ဆိုင်၊ 77 Cake ဆိုင်၊ LOTTERIA ကြက်ကြော်ဆိုင်၊ Music Zone စားသောက်ဆိုင်၊ My Friends Unplugged စား သောက်ဆိုင်၊ သဘာဝယိုးဒယား စားသောက်ဆိုင်၊ ခုပ်ဖူစား သောက်ဆိုင်၊ ရွှေကောင်းဟော့ ပေါ့ဆိုင်နှင့် Roof Alchemy Bar တို့ဖြစ်သည်။

အခွန်ပြေစာအမှတ်တံဆိပ် မကပ်သည့် စားသောက်ဆိုင်များ ထဲတွင် သုံးကြိမ်တိုင်တိုင် ဒဏ် ရိုက်ခံရသည့် စားသောက်ဆိုင် များကိုခေါ်ယူသတိပေးထားပြီး ထပ်မံပျက်ကွက်ပါက ကုန်သွယ် လုပ်ငန်းခွန်ဥပဒေအရ အရေးယူ ဆောင်ရွက်မည်ဟုဆိုသည်။

ယင်းသို့ ကုန်သွယ်လုပ်ငန်း ခွန်ဥပဒေအရ တရားစွဲခံရပါက အနိမ့်ဆုံး ထောင်ဒဏ်သုံးနှစ်မှ အမြင့်ဆုံး ထောင်ဒဏ်ခုနစ်နှစ်အ ထိ ချမှတ်နိုင်ကြောင်း ကုန်သွယ် လုပ်ငန်းခွန်ဥပဒေတွင် ဖော်ပြ ထားသည်။

‘‘ငွေရှင်းပြေစာထွက်လာ တာနဲ့ အခွန်အမှတ်တံဆိပ်က ကပ်ကိုကပ်ရမယ်။ ဒါက အစိုးရ အတွက် နစ်နာတယ်။ သူတို့က စားသုံးသူဆီက အခွန်တွေကို ကောက်ပြီးသားလေ။ ဒါကို အ ခွန်ပြေစာအမှတ်တံဆိပ်မကပ် တာက အစိုးရပိုက်ဆံကို ယူထား တာပဲ’’ဟု ပြည်တွင်းအခွန်များဦး စီးဌာန ညွှန်ကြားရေးမှူးကပြော ကြားသည်။

ရန်ကုန်တိုင်းဒေသကြီးရှိ စားသောက်ဆိုင်၊ဟိုတယ်၊ တည်း ခိုခန်းများ၏ ငွေရှင်းပြေစာများ တွင် ကျသင့်ငွေ၏ ၅ ရာခိုင်နှုန်းကို ကုန်သွယ် လုပ်ငန်းခွန်အဖြစ် ကောက်ခံပြီး အခွန်ပြေစာအမှတ် တံဆိပ်ကပ်သည့် စနစ်ကို ၂၀၁၄ နှစ်ကုန်တွင် စတင်ကျင့်သုံး၍ ဒဏ်ရိုက်ခြင်းကို ၂၀၁၅ ဧပြီတွင် စတင်ကျင့်သုံးခဲ့သည်။

ယင်းသို့ အခွန်ပြေစာအမှတ် တံဆိပ်မကပ်သည့် စားသောက် ဆိုင်များကို စတင်ဒဏ်ရိုက်ချိန် တွင် LOTTERIA ကြက်ကြော် ဆိုင်က ပထမဆုံးအကြိမ် ဒဏ် ရိုက်ခံရသည်။

လက်ရှိအချိန်ထိ ဒဏ်ရိုက်ခံ ထားရသည့် စားသောက်ဆိုင် ၂၅၃ ဆိုင်ရှိပြီး အဆိုပါစားသောက် ဆိုင်များမှ ဒဏ်ကြေး ကျပ်သန်း ၇၀ ကောက်ခံရရှိထားကြောင်း သတင်းရရှိသည်။

Sources; 7 Day News Journal

No comments:

Post a Comment