Latest News

Monday, January 16, 2017

ရေပူစစ်ဆေးရေးဂိတ် စတင်ဖွင့်လှစ်

ရေပူစစ်ဆေးရေးဂိတ် စတင်ဖွင့်လှစ်


Photo: Kan Thar/ RFA

( လားရှိုးမြို့နဲ့  သိန်းနီမြို့အကြားက ရေပူစစ်ဆေးရေးဂိတ်ကို ဇန်နဝါရီလ ၁၆ ရက်နေ့က ပြန်လည်ဖွင့်လှစ်ထားစဉ် )
ကန့်ကွက်မှုတွေ ရှိနေတဲ့ လားရှိုးမြို့နဲ့  သိန်းနီမြို့အကြားက ရေပူစစ်ဆေးရေးဂိတ်ကို ဒီကနေ့ ပြန်လည်ဖွင့်လှစ်လိုက်ပါတယ်။

ရေပူဂိတ်ကို တာဝန်ယူမယ့် အကောက်ခွန်ဌာန ဒုတိယညွှန်ကြားရေးမှူး ဦးတက်ထွန်းအောင် က နယ်စပ်ကနေ တရားမ၀င် ၀င်ရောက်လာတဲ့ ကုန်ပစ္စည်းတွေကို တားဆီးသွားမှာဖြစ်တယ်လို့ ပြောပါတယ်။

ရေပူဂိတ်မှာ စစ်ဆေးရေးအဖွဲ့အားလုံး မစုံသေးတာကြောင့်  ကုန်ပစ္စည်းတွေကို စတင်စစ်ဆေး တာ  မရှိသေးပါဘူး။

ဒီကနေ့ ဖွင့်လှစ်လိုက်တဲ့ ရေပူဂိတ်စခန်းမှာ အကောက်ခွန်ဌာန နဲ့ အတူ စီးပွားကူးသန်း၊ ကုန်းလမ်း ပို့ဆောင်ရေး၊ ယာဉ်ထိန်းအဖွဲ့ ၊ မူးယစ်အထူးအဖွဲ့ ၊ လူဝင်မှုကြီးကြပ်ရေး၊ စိုက်ပျိုးရေးဌာန၊ မွေးမြူရေး ဌာန၊ သတင်း မီဒီယာ၊ ရဲတပ်ဖွဲ့ ၊ သစ်တောဌာနအပြင် ကုန်သည်စက်မှုအသင်း UMFCCI အဖွဲ့တွေလည်းပါဝင်မှာဖြစ်ပြီး အဖွဲ့ နှစ်ဖွဲ့  ခွဲပြီးစစ်ဆေးသွားမှာဖြစ်ပါတယ်။

ကုန်ပစ္စည်းတွေကို စစ်ဆေးရာမှာ ငွေကြေးတစ်စုံတစ်ရာ ပေးဖို့ မလိုအပ်ဘဲ စစ်ဆေးမယ့် ဌာနဆိုင်ရာတွေကို လိုအပ်တဲ့ထောက်ပံ့မှုတွေ ပေးထားပြီးဖြစ်တဲ့အတွက် အဂတိလိုက်စားမှုတွေ မရှိအောင် ဆောင်ရွက်သွားမယ်လို့လည်း ဦးတက်ထွန်းအောင် က ပြောပါတယ်။

နယ်စပ်ကုန်သွယ်ရေးနဲ့ပတ်သက်ပြီး မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်နဲ့ မန္တလေး ၁၆ မိုင်စစ်ဆေးရေးဂိတ်တွေ ရှိနေတဲ့အတွက် အခုလိုရေပူဂိတ်ကိုပြန်လည်ဖွင့်လှစ်တဲ့အပေါ် ကုန်သည်တွေ၊ ယာဉ်မောင်းတွေနဲ့ လုပ်ငန်းရှ်ငတွေက ကန့်ကွက်နေကြတာဖြစ်ပါတယ်။

အလားတူ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် က လွှတ်တော်ကိုယ်စားလှယ် ၄၀ ခန့် လက်မှတ်ရေးထိုးပြီး ဒီကနေ့ နိုင်ငံတော်သမ္မတထံ ကန့်ကွက်စာပေးပို့ထားတယ်လို့ ရှမ်းပြည်နယ် အမှတ်(၃) မဲဆန္ဒနယ်က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ကိုစိုင်းဝမ်းလှိုင်ခမ်းက ပြောပါတယ်။

ရေပူစစ်ဆေးရေးဂိတ်ဟာ တပ်မတော်အစိုးရလက်ထက် ၁၉၉၈ ခုနှစ်မှာ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်းက တပ်မှူးတွေ အလှည့်ကျ ဂိတ်ထိုင်စစ်ဆေးခဲ့ကြတာဖြစ်ပြီး ၂၀၀၆ ခုနှစ်မှာတော့ နယ်စပ် ကုန်သွယ်ရေးဦးစီးဌာန က လွှဲပြောင်းရယူခဲ့တာဖြစ်ပါတယ်။

၂၀၁၂ ခုနှစ် ဇန်န၀ါရီလမှာ ပိတ်သိမ်းခဲ့တာဖြစ်ပြီး ဒီနေ့ ပြန်လည်ဖွင့်လှစ်တာဖြစ်ပါတယ်။

Sources; RFA

No comments:

Post a Comment