Latest News

Sunday, January 22, 2017

ပုဒ်မ ၆၆(ဃ) ပြင်ဆင်ပေးဖို့ ဆန္ဒပြတောင်းဆို

ပုဒ်မ ၆၆(ဃ) ပြင်ဆင်ပေးဖို့ ဆန္ဒပြတောင်းဆို

ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ကို အမြန်ဆုံးပြင်ဆင်ပေးဖို့ အရပ်ဖက်အဖွဲ့တွေ၊ တက်ကြွ လှုပ်ရှားသူတွေ၊ ကျောင်းသားတွေနဲ့ ပုဒ်မ ၆၆(ဃ) နဲ့ အရေးယူခံခဲ့ရသူတွေ စုစုပေါင်း လူအင်အား ၂၀၀ နီးပါးက ဒီနေ့ ရန်ကုန်မြို့မဟာဗန္ဓုလပန်းခြံအနီးမှာ ဆန္ဒပြတောင်းဆိုကြပါတယ်။

ဒီမိုကရေစီနိုင်ငံကို သွားမယ်ဆိုတဲ့ အန်အယ်လ်ဒီအစိုးရအနေနဲ့ ပုဒ်မ ၆၆(ဃ) ကို ပြင်ဆင်ပေးဖို့ လိုအပ်ကြောင်း ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ပြင်ဆင်ရေး ဦးဆောင်ကော်မတီဝင် ကဗျာဆရာ မောင်ဆောင်းခက ပြောပါတယ်။

လူမှုကွန်ယက် Facebook စာမျက်နှာမှာ နိုင်ငံတော် အကြီးအကဲတွေကို ပုတ်ခတ်ပြောဆို တာတွေနဲ့ပတ်သက်ပြီး ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)နဲ့ အမှုဖွင့်အရေးယူခံရတာတွေ များလာနေပါတယ်။

အဲဒီလိုအမှုဖွင့်ခံရတဲ့အခါမှာ နိုင်ငံတော် အတိုင်ပင်ခံကို ပုတ်ခတ်ပြောဆိုရင် အာမခံပေးပြီး တပ်မတော်ကို ထိခိုက်ပြောဆိုတာမျိုးတွေကို အာမခံမပေးတာတွေ ရှိတဲ့အတွက် တရားမျှတမှု မရှိဘူးလို့လည်း ဆန္ဒပြတောင်းဆိုသူတွေက ပြောပါတယ်။

ပုဒ်မ ၆၆(ဃ) ပြင်ဆင်ရေးအတွက် ဟောပြောပွဲမှာ အိုင်တီပညာရှင်တွေ၊ ပုဒ်မ ၆၆ (ဃ)နဲ့ အရေးယူခံခဲ့ရသူတွေ၊ ၆၆(ဃ) အမှုတွေကို လိုက်ပါကူညီပေးနေတဲ့ ရှေ့နေ ဦးရောဘတ် စန်းအောင် တို့ကပါဝင်ဟောပြောခဲ့ကြပါတယ်။
ဆန္ဒပြသူတွေဟာ ပုဒ်မ ၆၆ (ဃ) အမြန်ဆုံးပြင်ဆင်ပေး စာသားပါ အင်္ကျီတွေကို ဝတ်ဆင်ခဲ့ကြပါတယ်။

Photo: Aung Thain Kha, Thant Zin Oo/ RFA
( ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) ကိုအမြန်ဆုံး ပြင်ဆင်ပေးဖို့ ဇန်နဝါရီလ ၂၂ ရက်နေ့က ရန်ကုန်မြို့မဟာဗန္ဓုလပန်းခြံအနီးမှာ လူထုဟောပြောပွဲကျင်းပနေစဉ် )

Sources: RFA

No comments:

Post a Comment