Latest News

Sunday, January 22, 2017

ကျောင်းဆရာ ဦးအောင်ဇင်ထွန်း အသတ်ခံရမှု အမှုမှန်ဖော်ထုတ်ပေးဖို့ ဆရာ၊ ဆရာမတွေ တောင်းဆို

ကျောင်းဆရာ ဦးအောင်ဇင်ထွန်း အသတ်ခံရမှု အမှုမှန်ဖော်ထုတ်ပေးဖို့ ဆရာ၊ ဆရာမတွေ တောင်းဆို

ကချင်ပြည်နယ် ဖားကန်မြို့နယ် နမ့်မဖြစ်ရွာက အလယ်တန်းကျောင်းဆရာ ဦးအောင်ဇင်ထွန်း သေနတ်နဲ့ ပစ်သတ်ခံရမှုကို အမှုမှန်ဖော်ထုတ်ပေးဖို့အတွက် ဆရာ၊ ဆရာမတွေက ဒီနေ့ ရန်ကုန်မြို့နဲ့ မန္တလေးမြို့မှာ ဆန္ဒပြတောင်းဆိုကြပါတယ်။

ရန်ကုန်မြို့မဟာဗန္ဓုလပန်းခြံအနီးမှာ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ်က ဦးဆောင် ပြီး ရန်ကုန်တိုင်းက ဆရာ၊ ဆရာမတွေနဲ့ ဟင်္သာတ၊ မအူပင်၊ ဒလ၊ တွံတေး စတဲ့ မြို့တွေက ဆရာ၊ ဆရာမ ၆၀ လောက် ပါဝင်ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

ဆန္ဒပြသူတွေဟာ  ဝေးလံခေါင်ဖျားတဲ့ ဒေသတွေမှာ သွားရောက်တာဝန်ထမ်းဆောင်ကြရတဲ့ ကျောင်းဆရာ၊ ဆရာမတွေရဲ့ လူမှုဘ၀လုံခြုံရေးကို ဆောင်ရွက်ပေးဖို့၊ ဆရာ ဦးအောင်ဇင်ထွန်း သေဆုံးမှုကို အမြန်ဆုံးဖော်ထုတ်ပေးဖို့နဲ့ တရားမျှတမှုရှိစွာဆောင်ရွက်ပေးဖို့ တောင်းဆိုကြပါတယ်။

ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၂၀ ရက်နေ့က ဦးအောင်ဇင်ထွန်း ရဲ့ရုပ်အလောင်းကို သင်္ဂြိုလ်ခဲ့ရာ ဆရာ၊ ဆရာမတွေ၊ ကျောင်းသား ကျောင်းသူတွေနဲ့ ဒေသခံတွေ ၅ ထောင်ဝန်းကျင် လိုက်ပါပို့ဆောင် ခဲ့ကြပါတယ်။

အခုလို ကျောင်းဆရာတစ်ဦးကို သတ်ဖြတ်လိုက်တဲ့အတွက် မြန်မာနိုင်ငံရဲ့ ပညာရေးကဏ္ဍကို များစွာထိခိုက်ကြောင်း၊ ဦးအောင်ဇင်ထွန်း အခုလို ပစ်သတ်ခံရတာကို မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ်က ပြင်းထန်စွာ ရှုံ့ချကြောင်းလည်း ပြောပါတယ်။

ဖားကန်မြို့နယ် နမ့်မဖြစ်ကျေးရွာ အလယ်တန်းကျောင်းက အသက် ၂၀ ကျော်အရွယ် ကျောင်းဆရာ ဦးအောင်ဇင်ထွန်းကို ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၁၈ ရက်နေ့က ဆိုင်ကယ်စီးသေနတ်သမား ၃ ဦးက ကျောင်းကနေ ခေါ်ဆောင်သွားပြီး ဦးခေါင်းကို သေနတ်နဲ့ ပစ်သတ်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၂၀ ရက်နေ့က ဦးအောင်ဇင်ထွန်း ရဲ့ရုပ်အလောင်းကို သင်္ဂြိုလ်ခဲ့ရာ ဆရာ၊ ဆရာမတွေ၊ ကျောင်းသား ကျောင်းသူတွေနဲ့ ဒေသခံတွေ ၅ထောင်ဝန်းကျင် လိုက်ပါပို့ဆောင်ခဲ့ကြပါတယ်။

Photo: Aung Thain Kha/ RFA

( ကျောင်းဆရာ ဦးအောင်ဇင်ထွန်း အသတ်ခံရမှု အမှုမှန်ဖော်ထုတ်ပေးဖို့ ဆရာ၊ ဆရာမတွေ ဇန်နဝါရီလ ၂၂ ရက်နေ့က ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံအနီးမှာ ဆန္ဒပြတောင်းဆိုစဉ် )

Sources:RFA

No comments:

Post a Comment