Latest News

Thursday, January 5, 2017

လှိုင်သာယာတွင် အနုကြမ်းစီးခဲ့သည့် အမျိုးသားကို ပုသိမ်၌ ဖမ်းမိ

လှိုင်သာယာတွင် အနုကြမ်းစီးခဲ့သည့် အမျိုးသားကို ပုသိမ်၌ ဖမ်းမိ

လှိုင်သာယာမြို့နယ် တွင် အမျိုးသမီးတစ်ဦးတည်းရှိနေ သည့် နေအိမ်ပေါ်သို့ နေ့ခင်း ကြောင်တောင် ၀င်ရောက်အနု ကြမ်းစီးကာ လက်ဝတ်ရတနာနှင့် ငွေထည်ပစ္စည်းများ ယူဆောင် သွားသော အမျိုးသားကို ပုသိမ် မြို့၌ဖမ်းမိခဲ့ကြောင်း သတင်းရရှိသည်။

လှိုင်သာယာမြို့နယ် (၆) ရပ်ကွက်နေ အသက် (၅၄) နှစ် အရွယ် အမျိုးသမီးသည် ဇန်န၀ါရီ၂ ရက် နေ့လယ် ၁၁ နာရီခွဲခန့်ကနေအိမ်တွင် တစ်ဦးတည်းရှိနေချိန် အသက် (၃၃) နှစ်အရွယ် အမျိုးသား တစ်ဦးက လက်သမားသုံး ဆောက်တစ်ချောင်းကိုင်ကာ ရောက်ရှိလာပြီး အနုကြမ်းစီးခဲ့သည်။

နေအိမ်အတွင်း ၀င်ရောက် လာသည့် အမျိုးသားသည် အမျိုးသမီးကို အော်လျှင် သတ်ပစ်မည် ဆိုကာ ပါးစပ်ကို အ၀တ်ဖြင့်စည်း ၍ လက်နှင့် ခြေထောက်ကို ပီနန်ကြိုးဖြင့်တုပ်ကာ အခန်းသော့ကို အသင့်ပါလာသည့် ဆောက်ဖြင့် ဖျက်ဆီး ၀င်ရောက်ခဲ့ကြောင်း လှိုင်သာယာမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

ထို့နောက် အခန်းထဲရှိ သံသေတ္တာအတွင်းမှ ရွှေဟန်းချိန်းတစ်ခု၊ ရွှေဆွဲကြိုး နှစ်ကုံး၊ စိန် လော့ကတ်သီး တစ်ခု၊ ရွှေဆွဲသီးတစ်ခု၊ လက်စွပ် လေးကွင်း၊ ငွေကျပ် နှစ်သိန်းနှင့် ဘဏ်စာအုပ်တစ်အုပ်တို့ကို ယူဆောင်သွား ခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

အမျိုးသမီးကြီးကို  ကြိုးဖြင့် ချည်နှောင်ကာ ရွှေထည်နှင့်ငွေ များ ယူဆောင်သွားသည့် အမျိုး သားသည် လှိုင်သာယာမြို့နယ် (၁၅)ရပ်ကွက်နေ  ကျော်ကျော်ထူး(ခ) ကျော်ထွေးဖြစ်ပြီး ပုသိမ်မြို့သို့ တိမ်းရှောင်နေခြင်းကို သိသဖြင့် လိုက်လံစုံစမ်းခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။

ကျော်ကျော်ထူး (ခ) ကျော်ထွေးကို ဇန်န၀ါရီ ၃ ရက်ည ၉ နာရီတွင် ပုသိမ်မြို့နယ် မြတ်တိုကားဂိတ်၌ ဖမ်းဆီးမိခဲ့ပြီး ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုသည့် သံကလော် အပါအ၀င် လက်ဝတ်ရတနာ၊ ဘဏ်စာအုပ်နှင့် ငွေကျပ် တစ်သိန်းခွဲကျော် ပြန်လည်ရရှိခဲ့၍ ပိုင်ရှင်ထံ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

Sources; 7 Day News Journal

No comments:

Post a Comment