Latest News

Thursday, January 5, 2017

သံဃာတော်အပါး ၇၀ လိုက်ပါလာသည့် ခရီးသည်တင်ယာဉ်တိမ်းမှောက်

သံဃာတော်အပါး ၇၀ လိုက်ပါလာသည့် ခရီးသည်တင်ယာဉ်တိမ်းမှောက်


ညောင်ဦး ဇန်နဝါရီ ၅

ပခုက္ကူမြို့နယ်တွင် သာမဏေကျော် စာမေးပွဲ ဖြေဆိုရန် လိုက်ပါလာသည့် သံဃာတော်အပါး ၇၀ အား တင် ဆောင်လာသော ခရီးသည်တင်မော်တော်ယာဉ် တိမ်း မှောက်မှု ညောင်ဦးမြို့နယ် ညောင်ဦး-ကျောက်ပန်း တောင်း ကားလမ်းပေါ်၌ ဇန်နဝါရီ ၃ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပခုက္ကူမြို့နယ်တွင် သာမဏေကျော်စာမေးပွဲ ဖြေဆို ရန်အတွက် တံတားဦးမြို့နယ် သူငယ်တော်တောရ ကျောင်းမှ ဆရာတော် ဦးတေဇဉာဏ ဦးဆောင်ပြီး သံဃာတော်အပါး ၇၀ လိုက်ပါလာသည့် ရွှေကြယ်စင် မော်တော်ယာဉ်သည် ညောင်ဦး-ကျောက်ပန်းတောင်း ကားလမ်းပေါ် စုတည်ကျေးရွာအနီး မိုင်တိုင်အမှတ် (၁၂/၄)နှင့် (၁၂/၅)ကြား၌ မျက်နှာချင်းဆိုင်မှလာ သော ထော်လာဂျီကို တိမ်းရှောင်စဉ် လမ်းဘေးသို့ ထိုး ကျတိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ကားပေါ်တွင်စီးနင်း လိုက်ပါလာသည့် သံဃာတော် အပါး ၇၀ အနက် သံဃာတော် ၁၆ ပါးတွင် ထိခိုက်ဒဏ်ရာများ(မစိုးရိမ်ရ) ရရှိခဲ့ကာ တာဝန်ရှိသူများနှင့် လူမှုရေးအသင်းအဖွဲ့များက တောင်ဇင်း တိုက်နယ် ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှု ခံယူနိုင်ရန် စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း၊ ဆေးကုသမှုများ ခံယူအပြီးတွင် သံဃာတော်များအားလုံးကို ပခုက္ကူ မြို့ရှိ ဓမ္မဝိဇရစာသင်တိုက်သို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ခရီးသည်တင်ယာဉ်ကို မောင်းနှင်သူ မိတ္ထီလာမြို့နယ် မုန်တိုင်ကျေးရွာနေ ယာဉ်မောင်း ဦးဝ္ဏစိုးအား တောင်ဇင်းရဲစခန်း၌ အမှု ဖွင့်အရေးယူထားကြောင်း သိရသည်။

Sources; ရဲသူရအောင် (ညောင်ဦး)

No comments:

Post a Comment